September 24, 2012

KIA တပ်နှင့် တိုက်ပွဲများ ဆက်တို က်ဖြစ်ပွားနေပြီး အစိုးရတပ်ဖက်မှ အနည်းဆုံး ၅ ဦးကျ


Burma-army-weapons
ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြားတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ အစိုးရတပ်များအား ပြောက်ကျားစနစ်ဖြင့် ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးသွားခဲ့ကြောင်း KIA ရှေ့တန်းမှသိရသည်။
KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄)မှ နံနက် ၈ နာရီခန့်တွင် မြန်မာအစိုးရတပ် အင်အား ၄၀ကျော်ရှိသည့်  ခြေလျင်တပ်ရင်း ခလရ (၁၄၂) များလှုပ်ရှားနေစဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်းဌာနသို့ပြောသည်။
“အဲဒီနေရာရောက်တော့ ကျနော်တို့ဘက်မှ တစ်ခါတည်း မိုင်းနဲ့ ပစ်လိုက်တာ ချက်ချင်း ၃ ယောက်လဲသွားတယ်။ ဒဏ်ရာရတဲ့သူလည်းပါမယ်။ ဘယ်နှစ်ယောက်ဆိုတာတော့ အတိကျမသိလိုက်ဘူး” ဟုဆိုသည်။
အဆိုပါ KIA တပ်နှင့် ဘွမ်ဆောန်ဘွမ်အနီး လွယ်မောက်ရွာ (Loi Mawk mare) တွင်လည်း အင်အား ၉၀ ကျော်ရှိ ခြေလျင်တပ်ရင်း ခလရ (၁၄၂) မှ တပ်သား ရ ယောက်ကို ယမန်နေ့ ညနေတွင် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှဆိုသည်။
ထိုတပ်သား ရ ဦးသည် မုန်လိုင်ခ (Mung Lai Hka) ရှိ ၎င်းတို့တပ်သို့ ပြန်လာချိန်တွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄င်းအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ မှ ဝိုင်းထားသည့်နေရာတွင် ရှိနေသောကြောင့် အနည်းငယ်မျှလှုပ်ရှား၍ မရသောအခြေအနေဖြစ်နေကြောင်းသိရသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါအစိုးရတပ်မှ လက်နက်ကြီး (၁၂၀ မမ) ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမြှောက်ဆံ တစ်လုံးသည် ဒိန်ခန်ရွာ (Dinghkang mare) ရှိ အိမ်တအိမ်တွင် ကျရောက်ပေါက်ကွဲ  ပျက်စီးသွားပြီး တစ်လုံးသည် အလယ်တန်းကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲကြောင်းသိရသည်။
ထိုကျေးရွာရှိ ရွာသားများသည် ၄င်းတို့ပတ်ဝန်းကျင်အနီး အစိုးရနှင့်တိုက်ပွဲများဖြစ်ပွားချိန်တွင် လိုင်ဇာစစ်ပြေးဒုက္ခသည် စခန်းများသို့ ၀င်ရောက်နေထိုင်ပြီး တိုက်ပွဲ မရှိသည့်အချိန်တွင် မိမိနေအိမ်များကိုကြည့်ရှုနေကြောင်းလည်းသိရသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ သေဆုံးထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းရှေးတန်းမှ အရာရှိပြောသည်။
ယနေ့ ညနေ ၃ နာရီ ခွဲခန့်တွင် အစိုးရတပ်မှ ရဟတ်ယာဉ်တစ်စီးဖြင့် ခလရ (၁၂၄)တပ်စခန်းရှိရာ ခန်းကိုင်ဘွမ်   (Hkang Kai Bum) သို့ရောက်ရှိလာကြောင်း အရာရှိတဦး ကချင်သတင်းဌာနသို့ ပြောသည်။
 “ခုတလော အစိုးရတပ်က သေဆုံး ဒဏ်ရာရတာ အရမ်းများသွားပြီ ဒါတွေကိုလာသယ်တယ်ထင်တယ်။ ၁၀ မိနစ်လောက်နားပြီး ဗန်းမော်ဘက်ကို ပျံသွားတယ်”
မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၁၂၄) တပ်စခန်းရှိ ခန်းကိုင်ဘွမ် (Hkang Kai Bum) သည် ယခင်က ဒေါ့ဖုန်းယန် ခရစ်ယာန် ရိုမန် ကက်သလစ်ဘာသာဝင်များ၏ ဆုတောင်းတောင်ဖြစ်ကြောင်းသိရသည်။
အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကြား KIO ဌာနချုပ်နယ်မြေဖြစ်သော လိုင်ဇာဒေသ တပ်မဟာ (၅)ဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး အစိုးရဖက်မှ ကျဆုံး ဒဏ်ရာရသူ များနေကြောင်း KIO ရှေ့တန်းမှစုံစမ်းသိရခြင်းဖြစ်သည်။
သို့သော် ခံစစ်ဖြစ်သော KIO ဖက်မှ ကျဆုံးထိခိုက်မှုမရှိကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောအစိုးရဖက်က ကျဆုံးမှုများကြောင်းကို သက်ဆိုင်ရာ တပ်များမှအတည်ပြုခြင်းပြောဆိုခြင်းကို တိကျစွာမရရှိသေးပေ။
အစိုးရနှင့် ပဋိပက္ခဖြစ်နေချိန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖက်မှ နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေး၍ အဖြေရှာရန်လိုလားသောကြောင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း လက်တွေ့တွင်ပဏာမဆွေးနွေးမှုများသာဖြစ်ပြီး KIO ကိုအပစ်ခတ်ရပ်စဲငြိမ်းချမ်းရေးယူရန်ကိုသာ ဖိအားပေး ကမ်းလှမ်းခဲ့သည်။
နှစ်ဖက်သဘောထားထုတ်ပြန်ကြေငြာချက်တွင်ပါ၀င်သည့် အဓိကအချက်ဖြစ်သော ကချင်ပြည်နယ်တွင်တိုုက်ပွဲဖြစ်ပွားနေသောနေရာများတွင် နှစ်ဖက်တပ်မှဆွေးနွေးညှိနှိုင်းကာ စစ်ရေးတင်းမာမှုလျှော့သွားအောင် လုပ်ဆောင်ရန် သဘောတူထည့်သွင်းထားသော်လည်း အစိုးရဖက်မှလျစ်လျူရှုကာ ဆက်လက်၍ထိုးစစ်ဆင်လာပြီး စစ်အင်အားများလည်း ထပ်မံတိုးချဲ့လာသောကြောင့် ကချင်ပြည်နယ်တွင်း နေ့စဉ်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့်ထပ်မံတွေ့ဆုံမှုပြုလုပ်ရန် ညှိနှိုင်းရာတွင်လည်း အခြေအနေတင်းမာမှုကြောင့် ကြံ့ကြာနေကြောင်း သိရသည်။ 
 
http://kachinnews.com/burmese/news/955-kia-%E1%80%90%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AF%E1%80%AD%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%86%E1%80%80%E1%80%B9%E1%80%90%E1%80%AD%E1%80%AF-%E1%80%80%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%94%E1%80%BB%E1%80%95%E1%80%AE%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%96%E1%80%80%E1%80%B9%E1%80%99%E1%80%BD-%E1%80%A1%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8-%E1%81%85-%E1%80%A5%E1%80%AE%E1%80%B8%E1%80%80%E1%80%BA.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India