အကြောင်းရင်းတခု ကတော့ နှစ်ဖက်စလုံးက စစ်ရေးအရ မဟာဗျူဟာကျတဲ့ နယ်မြေဒေသတွေကို ပိုပြီးအလေးထား ကြတဲ့အတွက်ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ကေအင်ယူရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ကရင်ပြည်နယ်နဲ့ တခြား ကရင်လူမျိုးတွေ နေထိုင်ရာ ဒေသတွေက အစိုးရတပ်တွေ ပြောင်းရွှေ့ရေး ကိစ္စကို ဆွေးနွေးခဲ့ကြ တယ်လို့ ပြောပါတယ်။ ဒါကလည်း ပြည်သူလူထုတွေ ကြောက်ရွံ့ခြင်းကင်းတဲ့ ဘဝရပ်တည်ရေး အာမခံချက်ရဖို့ အတွက်လို့ ဆိုပါတယ်။
ဒီအစိုးရတပ် ပြောင်းရွှေ့ရေးကိစ္စကို အစိုးရ ကိုယ်စားလှယ်က တပ်မတော် စစ်ဦးစီးချုပ်ကို တင်ပြပြီး တော့ နောက်တကြိမ် ဆွေးနွေးပွဲမှာ ဆက်ပြီဆွေးနွေးဖို့ သဘော တူညီကြ တယ်လို့ ဖေါ်ပြပါတယ်။
ဒီကိစ္စကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ဦးလှမောင်ရွှေကို ဆက်သွယ်မေးကြည့်တော့ ''တပ်နေရာချထားရေး အချက်အလက်တွေကို ကေအင်ယူ ဖက်က ဒီနေ့မှ ပေးလိုက်တဲ့ သဘောပါပဲ။ ပေးလိုက်ပြီးတော့ နောက် အစည်း အဝေး ကျမှ ဆွေးနွေးမယ်လို့ နှစ်ဖက် သဘောတူ ခဲ့ကြတယ်။ ဒါတွေက ယုံကြည်မှုက အဓိက ပါပဲ။ တဖြေးဖြေး ဆွေးနွေးရင်းနဲ့ ယုံကြည်မှု ရလာတဲ့အခါ ကျရင် ဒါတွေက ဘာမှ မခက်ပါဘူး'' လို့ ပြောပါတယ်။
ဆွေးနွေးပွဲ ပထမနေ့ တနင်္လာနေ့တုံးက ပြည်သူလူထု ဘဝလုံခြုံ မှုအတွက် နှစ်ဖက် စစ်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်အပိုင်းမှာ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့် လေ့လာမယ့် ကော်မီတီ ထားရှိဖို့၊ အငြင်းပွားမှုကို ဖြေရှင်းဖို့နဲ့ အရေးယူ ဆောင်ရွက်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေကို ဆွေးနွေးပြီး သဘောတူကြ ခဲ့တယ်လို့ ကေအင်ယူ ကြေညာချက်မှာ ပါပါတယ်။
နောက် တကြိမ်ဆွေးနွေးပွဲ အခုနှစ် မကုန်ခင်မှာ ပြုလုပ်ဖို့နဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်တဲ့ အထိ နှစ်ဖက်က ဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြ တယ်လို့ ကေအင်ယူ ဖက်က ထုတ်ပြန် ကြေညာ ပါတယ်။
http://www.bbc.co.uk/burmese/burma/2012/09/120905_knu_peace_3rdmeet_result.shtml