October 22, 2012

ပြည်ပ တပ်များနှင့် မြန်မာစစ်တပ် ထိတွေ့ရန် လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ယနေ့ ပြန်လည် ကျင်းပသော ပြည်ထောင်စု လွှတ်တော် ပဥ္စမပုံမှန် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- ဂျေပိုင်)

အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုအနေဖြင့် Cobra Gold စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ်် ဖိတ်ကြားလာပါက ကန့်ကွက်ရန် မရှိကြောင်းနှင့် အမေရိကန်၏ စစ်ရေးနည်းပညာ အကူအညီမှာ ဒီမိုကရေစီစနစ် ပီပြင်စွာ ဖြစ်ပေါ်မှုနှင့်ချိန်ဆ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး ဧရာဝတီသတင်းဌာနက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့တပ်မတော်အနေဖြင့် အခြားနိုင်ငံများ၏ တပ်မတော်များနှင့် ထိတွေ့ဆက်ဆံမှု များပြားခြင်းက ကောင်းမွန်ပြီး Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားရန် ရှိသည့်အပေါ် ကန့်ကွက်ရန် မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“Cobra Gold စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အန်တီနဲ့လည်း တိုင်ပင်ပါတယ်။ ဒီလိုဟာ လေ့လာရေးအနေနဲ့သွားတာက တရုတ်နိုင်ငံတောင်မှ သွားတာဆိုတော့ သိပ်ပြီးတော့ ဘယ်လိုမှ ကန့်ကွက်စရာ မရှိပါဘူး။ အန်တီတို့ တပ်မတော်အနေနဲ့ တတ်နိုင်သမျှ ပြင်ပတပ်မတော်တွေနဲ့ အထိအတွေ့ရှိတာ ကောင်းတယ်လို့ အန်တီမြင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာနသို့ ရှင်းပြသည်။
အမေရိကန်ပြည်ထောင်စုက စစ်ရေးအကူအညီများ ပေးလာမည်ဆိုပါက မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု ဧရာဝတီသတင်းဌာနက ဆက်လက်မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပီပြင်မှုနှင့်ချိန်ဆ လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း၊ လတ်တလော မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ တိုးတက်ရေးလမ်းက ခရီးမတွင်သေးကြောင်း ပြောဆိုသည်။
“အဲဒါတွေက သူ့အချိန်နဲ့သူတော့ ဖြစ်လာရမှာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်ရေးနဲ့ ချိန်ပြီးတော့မှ လုပ်ရမှာပေါ့။ အခု မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုးတက်ရေးက လမ်းက သိပ်မှ မရောက်သေးဘဲ။ အဲဒါလည်း အားလုံးသိတဲ့ ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုထံမှ ကာကွယ်ရေးနည်းပညာ အကူအညီများရယူရန် စဉ်းစားနေကြောင်း ယမန်နေ့ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီသတင်းဌာန၏မေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့သည်။
ထိုင်း-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် မြန်မာနိုင်ငံက ပါ၀င်လို်ကြောင်း၊ အစီ အစဉ်၌ မြန်မာ ပါ၀င်နိုင်ရန် ထိုင်းနိုင်ငံ၏ အကူအညီ ရယူလိုကြောင်း ဩဂုတ်လအတွင်း လာရောက်လည်ပတ်ခဲ့သောကထိုင်း ကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ကို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းတို့က မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကလည်း မြန်မာကို ဖိတ်ရန် စဉ်းစားနေပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကိုမူ မချရသေးကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပြောသည်။ အင်အား တသောင်းကျော်ပါ၀င်မည့် ယင်းစစ်ရေးလေ့ကျင့်မှုကို တခြား အာရှ နိုင်ငံတွေလည်း ပါဝင်မည်ဖြစ်သည့်အတွက် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့်နိုင်ငံများ အားလုံး သဘောတူညီမှုလိုကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ပြောဆိုထားသည်။

http://burma.irrawaddy.org/archives/23447
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India