October 23, 2012

ကချင်ဒုက္ခသည်အတွက် အရေးပေါ် အကူအညီ ဂျပန် ပေးမည်


Unfc1e323r32r1ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည် အတွက် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းမှ မေရိကန် ဒေါ်လာ (၃) သိန်း ကူညီ မည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ( UNFC ) အဖွဲ့၏ ဂျပန်နိုင်ငံ ခရီးစဉ်အဆုံး၌ အဖွဲ့ဝင်တစ်ဦး မှ ယနေ့ထုတ်ဖော် ပြောကြားပါသည်။
“ လောလောဆယ် နိပွန် ဖောင်ဒေးရှင်းက က တိုက်ပွဲတွေ နေ့တိုင်း ဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒုက္ခသည်တွေ အတွက်ကို အရင် ပေးဆောင်မှာ ဖြစ်တယ်။ သူတို့ ထောက်ပံ့ လိုက်တာက လောလောဆယ် လိုအပ်နေတဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ အတွက် ဖြစ်ပါတယ်။ တန်ဘိုးအာဖြင့် ဒေါ်လာ (၃) သိန်းလောက် ကူပေးမှာ ဖြစ်တယ်” ဟု ဆိုသည်။
ဤအကူအညီ အတွက် ( UNFC ) အဖွဲ့ သည် အောက်တို့ဘာလ ၁၈ ရက်တွင် ဂျပန်နိုင်ငံရှိ နိပွန် ဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။
UNFC သည် နိပွန်ဖောင်ဒေးရှင်း၏ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ ပေးအပ် နိုင်ရေး နှီးနှော ဖလှယ်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားချက် အရ ခွန်ဥက္ကာ ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦး တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ထွက်ခွာ သွားခဲ့ပါသည်။
unfc17323t3နိပွန် ဖေါင်ဒေးရှင်းသည် မြန်မာ့နိုင်ငံရေး အဖြေရှာရေးအတွက် တိုင်းရင်းသားများနှင့် အစိုးရတို့၏  တွေ့ဆုံ ဆွေးနွေးပွဲ များကို အားပေးသွားမည်ဟု  ပြောကြား ထားပါသည်။
နိပွန် ဖောင်ဒေးရှင်းသည် မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လူမှုအကူအညီပေးနိုင်ရေးကို ပြီးခဲ့သည့် မေလ (၂၅) ရက်နေ့၌ ထိုင်းနိုင်ငံသို့ ရောက်ရှိကာ ( UNFC ) အဖွဲ့ဝင်များ နှင့် စတင် ဆွေးနွေး ခဲ့ခြင်းဖြစ်ပါသည်။
( UNFC ) သည် ၄င်းတို့၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် လူမှုဖူလုံရေး အခက်အခဲများကို အကူအညီ ပေးပါရန် ပြီးခဲ့သည့် ဂျွန်လ (၃၀) ရက်နေ့တွင် ဂျပန် အစိုးရထံသို့ တင်ပြ တောင်းခံ ခဲ့ပါသည်။
ဤအစီစဉ်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးများပါ တွေ့ဆုံခဲ့ပါသည်။
သို့သော် ယခုအချိန်၌ တိုင်းရင်းသား အဖွဲ့အစည်း များကို အကူအညီ ပေးရန် မသင့်တော်သေးကြောင်း သမ္မတ အပါဝင် အစိုးရ ဝန်ကြီးများက ပြောကြောင်း နိပွန် ဖောင်ဒေးရှင်းက ဆိုပါသည်။
unfc1832r33
http://phophtaw.org/burmese/index.php/news/local-news/2017-2012-08-16-11-58-48.html
ဂျပန်နိုင်ငံသည်  မြန်မာနိုင်ငံရှိ တိုင်းရင်းသား အရေးနှင့် ပတ်သက်သည့် အထူး သံတမန် တဦးအဖြစ် ဂျပန် အစိုးရက ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ (Yohei Sasakawa) ကို ခန့်အပ် တာဝန်ပေးခဲ့သည် ဟု UNFC က ဆိုပါသည်။
UNFC ကိုယ်စားလှယ် များအတွက် ဂျပန် ခရီးစဉ်ကိုလည်း  မြန်မာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် စီစဉ်ခြင်းဖြစ်ကြောင်း နိပွန် ဖေါင်ဒေးရှင်းက ဆိုပါသည်။ အကယ်၍မြန်မာ အစိုးရ ဖက်မှ ခွင့်မပြုလျှင် ဆောင်ရွက်၍ ရမည် မဟုတ်ဟု ဆိုသွားပါသည်။

နိပွန် ဖောင်ဒေးရှင်းသည် ၁၉၆၇ ခုနှစ်မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ သန်း ၂ဝ ခန့် ကူညီ ထောက်ပံ့ခဲ့ပြီး ကျန်းမာရေးနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများ၌ အသုံးပြု ခဲ့သည်ဟု ဆိုသည်။ ဖေါင်ဒေးရှင်းကို ၁၉၆၂ ခုနှစ်၌ စတင် ဖွဲ့စည်း ခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂ဝဝ၅ ခုနှစ် အထိ၌ နိုဗယ်ဆုရှင် Ayako Sono က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ခဲ့ဘူးပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2261-2012-10-23-13-40-35.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India