October 23, 2012

KNU ၏ အမျိုးသား ရင်ကြား စေ့ရေး မအောင်မြင်


questionအောက်တိုဘာ (၂၂) နှင့် (၂၃) ရက်နေ့ နှစ်ရက်ကြာ ကျင်းပသော KNU ထိပ်သီး ခေါင်းဆောင် များ၏ အမျိုးသား ရင် ကြားစေ့ရေး တွေ့ဆုံ ဆွေးနွေးပွဲသည် ရလာဒ် တစ်စုံတရာ မရှိဘဲ ပြီးဆုံး သွားခဲ့ သည်ဟု ဆွေးနွေး ပွဲနှင့် နီးစပ်သူ တဦးက ဆိုပါသည်။
“ ဆွေးနွေးပွဲကို ဘယ်နေရာ ဆွေးနွေး ကြတယ် ဆိုတာ ကတော့ မသိရဘူးဗျ။ ဗဟိုဖက်ရော GOC ဖက်ကပါ တဖက်ကို ကိုယ်စားလှယ် (၅)ဦးစီ တက်ကြတယ်။ အဲဒါ ဆုံးဖြတ်ချက် မကျဘဲနဲ့ ရပ်လိုက် ရတယ်လို့ အစည်းအဝေး တက်တဲ့ လူတွေ ကပြောတယ်။ အဲဒီလောက် ဘဲပြောတယ်။ ဘယ်အပေါ်မှာ အဆင်မပြေတာလဲ ဆိုတာကတော့ အတိအကျ မသိရ သေးဘူး” ဟုဆိုပါသည်။
KNU ၏ ဤအမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေး ပွဲသည် ပြီးခဲ့သည့် စက်တင်ဘာ လအတွင်း ကရင်ပြည်နယ် ဘားအံမြို့ ၌ ဖွင့်လှစ်ခဲ့သော ကေအဲန်ယူ၏ တပ်မဟာများ ဆက်သွယ်ရေးရုံး ဖွင့်ပွဲကိစ္စတွင် KNU ဗဟိုကို အကြောင်းကြားခြင်း မရှိဘဲ သွားရောက် ခဲ့ခြင်း ဖြစ်သည်ဟု ဗဟို အထွေထွေ အတွင်းရေးမှူးတို့ အဖွဲ့က စွပ်စွဲပြီး အရေးယူသည့် ကိစ္စကို တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2234-knu----.html
ဤသို့ကြောင့် ဆက်ဆံရေး ရုံးကို ဦးဆောင် ဖွင့်လှစ် ခဲ့ကြသည့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ပဒိုရောဂျာခင်နှင့် အတွင်းရေးမှူး (၂) ဟောင်း ပဒိုဒေးဗစ်ထော (ကွယ်လွန်) တို့ကို KNU ဗဟိုမှ ထုတ်ပယ် လိုက်ပါသည်။
ဤထိပ်သီး ဆွေးနွေးပွဲသို့ ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုးတို့အား ကိုယ်စားပြုသော ကိုယ်စားလှယ်များမှာ ဗိုလ်မှူးဟောင်း တူးတူးလေး ဦးဆောင်ပြီး၊ ဗဟို ကျန်းမာရေး ဌာနတာဝန်ခံ ပဒိုရောဂျာခင်၊ မြိတ်ထားဝယ် ခရိုင် ဥက္ကဌ ပဒိုကွယ်ထူး၊ မော်လမြိုင် ခရိုင်ဥက္ကဌ ပဒိုရွှေမောင်းနှင့် ဖါးအံခရိုင် ဥက္ကဌ ပဒိုအောင်မော်အေးတို့ ဖြစ်ပါသည်။
KNU_problem
ကေအဲန်ယူ၏ အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူး ဆေးဖိုးပုံ (ဓါတ်ပုံ - အင်တာနက်)
ဗဟို အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် တို့ဖက်မှ ၄င်းကိုယ်တိုင် ခေါင်းဆောင်ပြီး အတွင်းရေးမှူး (၁) ပဒိုလှငွေ၊ အတွင်းရေးမှူး (၂) ဒေါ်လေးမူ၊ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် ဘော်ကျော်ဟဲ နှင့် တပ်မဟာ (၂)မှူး တို့က တက်ရောက် ခဲ့ကြ ပါသည်။
KNU တပ်ရင်း (၁၂) မှူးဟောင်း ဗိုလ်မှူး စိုးစိုးကို ကြားလူ အဖြစ် တက်ရောက် စေခဲ့ပါသည်။ KNU သည် ဤနှစ် မကုန်မှီ အရေးပေါ် ဗဟို ကော်မီတီ အစည်းအဝေး ကျင်းပရန် ရှိသဖြင့် အစည်းအဝေး မတိုင်မှီ အမျိုးသား ရင်ကြား စေ့ရေးကို ကနဦး ဖြေရှင်းလို၍ ယခု ဆွေးနွေးပွဲကို စတင် ခဲ့ကြခြင်း ဖြစ်ပါသည်။
ဤသို့ကြောင့် ဤမပြေလည် မှုသည် KNU အား ပြိုကွဲ စေသော လက္ခဏာ ဖက်သို့ တွန်းအား ဖြစ်လာ နေသည်ဟု ဝေဖန် သူများက ဆိုပါသည်။ ဤအခြေအနေ အပေါ် အစိုးရမှ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးပေ။ သို့သော် ဤပြ သနာ သည် အစိုးရ၏ သွေးခွဲ မှုများလည်း ဖြစ်ဖွယ် ရှိသည်ဟု KNU အောက်ခြေ တပ်မှူး များက ယူဆ နေပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2257-knu-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India