October 10, 2012

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဦးဆောင်မည့် သတင်းစာရှင်းလင်းပွဲ မြဝတီတွင် ပြုလုပ်မည်

အောက်တိုဘာလ ၁၀ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲခံထားရသည့် ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အောက်တိုဘာလ ၁၃ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ KNU ဆက်ဆံရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

တာဝန်မှ ရပ်စဲခံထားရသည့် ခေါင်းဆောင်များနှင့် ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာခေါင်းဆောင်အချို့က အဖွဲ့အတွင်း ညီညွှတ်ရေး ပြန်လည်ရရှိရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “အဓိက ဒီသတင်းစာရှင်းလင်းပွဲမှာ ဖူးမူတူးစေးဖိုး (ကေ အဲန်ယူ စစ်ဦးစီးချုပ်)က လက်ရှိ ကေအဲန်ယူအတွင်း သဘောထားကွဲလွဲတယ်လို့ သတင်းထွက်တာနဲ့ ပတ်သက်ပြီး အခြေအနေ ဆိုးဆိုးဝါးဝါးမဖြစ်အောင် ညီညွှတ်မှုကို ဆက်ထိန်းထားဖို့ ရှင်းပြသွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကေအဲန်ယူအတွင်း ခေါင်းဆောင်များအချင်းချင်းကြား အစည်းအဝေးများ ဆက်လက် ကျင်းပပြီး တဆင့်ပြီး တဆင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ ညီညွှတ်မှုကို ရှေးရှု၍ မကြာမီ ပြုလုပ်ကျင်းပတော့မည့် ကေအဲန်ယူ၏ ၁၅ ကြိမ် ညီလာခံကြီးသို့ အားလုံး တက်ရောက်သွားရန် ရှိသည်ဟု သူက ဆက်ပြောသည်။

ယခု ပြုလုပ်မည့် ၎င်းသတင်းစာရှင်းလင်းပွဲကို တာဝန်မှ ရပ်စဲခံရသူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒို စောရောဂျာခင်တို့ တက်ရောက်မည်ဖြစ်သော်လည်း ဗဟိုတရားရေးဌာနတာဝန်ခံ ပဒိုစောဒေးဗစ်ထော တက်ရောက် နိုင်ခြင်း ရှိမရှိကိုမူ မသိရသေးပါ။
၎င်းသတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူများမှာ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ကေအဲန်ယူ အရံ ဗဟိုကော်မ တီဝင် ပဒိုမန်းငြိမ်းမောင်တို့ ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် သတင်းထောက်များ၊ မြန်မာပြည်တွင်းရှိ သတင်းထောက်များ အပါအဝင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သတင်းယူသူအားလုံးကို လက်ခံကြိုဆိုသည်ဟု ပဒိုစောအောင်မော်အေးက ပြောသည်။
စက်တင်ဘာလ ၂၇ရက်နေ့က ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဦးစီးကာ ကေအဲန်ယူ ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့ ပါ၀င်သည့် ၃၁ဦးပါအဖွဲ့သည် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ KNLA ဆက်ဆံရေးဖွင့်ရန် ထွက်ခွာသွားသည့် ခရီးစဉ် နှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်မှ တစုံတရာ မသိရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ဦးအနက် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောရောဂျာခင်နှင့် ပဒို စောဒေးဗစ်ထော ၃ဦးတို့ကို စက်တင်ဘာလ ၂၇ရက်မှ ၂၉ရက်နေ့အထိ ပြုလုပ်ခဲ့သော ကေအဲန်ယူ ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ တာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India