Wednesday, October 10, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာအစိုးရ နဲ့ SSA မြောက်ပိုင်း တပ်မတော်ကြား ဖြစ်ပွားနေတဲ့
ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အစိုးရ ငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ နဲ့
ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့ ခေါင်းဆောင်တွေ ဒီကနေ့
လားရှိုးမြို့မှာ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရပါတယ်။
Photo courtesy of Shanland
SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားများကို ၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းတနေရာတွင် တွေ့ရစဉ်။
ဒီကနေ့ ဆွေးနွေးပွဲဟာ ၄ နာရီလောက် ကြာမြင့်ပြီး နှစ်ဘက်
ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုတွေ ရှိခဲ့တယ်လို့
ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလှမောင်ရွှေက အာရ်အက်ဖ်အေကို
ပြောပါတယ်။
မြန်မာအစိုးရဘက်က ၀န်ကြီးဦးအောင်မင်း နဲ့ အတူ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ
ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းမှူး နဲ့
ပြည်ထောင်စု ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီး ၀န်ကြီးတွေ တက်ရောက်ခဲ့ကြကြောင်း
သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေ တစ်စုံတစ်ရာ ရခဲ့ပေမယ့် နှစ်ဘက်
သဘောတူ လက်မှတ်ရေးထိုးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ မနက်ဖြန်မှာလည်း
မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နဲ့ SSA ရှမ်းပြည်တပ်မတော်
(မြောက်ပိုင်း) ခေါင်းဆောင်တွေ ဆက်လက်ပြီး ဆွေးနွေးဖို့ ရှိကြောင်း
သိရပါတယ်။
Posted in: SSPP/SSA,တွေ့ဆုံဆွေးနွေးမှု,သတင်း,သျှမ်း,သျှမ်းတွေ့ဆုံဆွေးနွေးမှု
Email This
BlogThis!
Share to Facebook