ထိုင်းနိုင်ငံမှာ လာမယ့်နှစ်အတွင်း အမေရိကန် ၊ ထိုင်း စတဲ့ နိုင်ငံတွေက ပူးတွဲကျင်းပမယ့် ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြန်မာစစ်တပ်က လေ့လာသူအဖြစ် တက်ရောက်ဖို့ အမေရိကန်က ဖိတ်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနတွေက ရေးသားကြပါတယ်။ အဲဒီကိစ္စမဟုတ်မှန်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးက ပြောလိုက်တာပါ။
ရွှေမြွေဟောက် စစ်ဆင်ရေးဟာ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူစတဲ့ နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတို့ နှစ်စဉ် ထိုင်းနိုင်ငံမှာ ပူးတွဲကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး မနှစ်ကဆိုရင် အမေရိကန် တပ်အင်အား တစ်သောင်းနီးပါး နဲ့ ထိုင်းတပ်က သုံးထောင်ကျော် ပါ၀င်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံက လေ့လာသူအဖြစ် တက်ရောက်တယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။
http://www.rfa.org/burmese/news/cobra-gold-10192012133431.html