November 20, 2012
ဖက်ဒရယ်စနစ်ပေါ် ၈၈ တို့ သဘောထား (ကိုမြအေး ဆွေးနွေးချက်)
ဖက်ဒရယ်နဲ့ ပတ်သက်လို့ ကျနော်တို့မှာ ဘာလို့အသံမထွက်ဘူးလဲ ဆိုလို့ရှင်ရင် ကျနော်တို့မှာ ပြည်တွင်းမှာ လုပ်တဲ့ အခါမှာ ၈၈ တဖွဲ့တည်းနဲ့ မပြီးပါဘူး။ ကျနော်တို့ထက် ပိုပြီးအင်အားတောင့်တင်းတဲ့ တလျောက်လုံး ဦးဆောင်ပါတီကြီး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင် ဖက်ဒရယ်ဆိုတဲ့အသံကို ဘယ်တုန်းကမှ မထွက်ခဲ့ပါဘူး။ ဒါ အားလုံးသိပါ တယ်။ အဲဒီတော့ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ကျနော်တို့က ဖက်ဒရယ်ကို တိုက်ရိုက်ထွက်လို့မရဘူးဆိုတဲ့အကြောင်းကို နည်းနည်းလေးရှင်းချင်တယ်။ ထွက်လို့မရခြင်းသည် လက်ခံခြင်း လက်မခံခြင်းနဲ့ မဆိုင်ဘူးဆိုတာကို ကွဲကွဲပြားပြား နား လည်ထားစေချင်တယ်။
၆၂ ခုနှစ် အာဏာသိမ်းတာ ဘာကြောင့်ဆိုတာ အကုန်လုံးလဲ သိထားပြီးပြီ ဖြစ်တယ်။ ၆၂ ခုနှစ်ရဲ့ မှိုင်းကိုလည်း လူထု ကြားထဲမှာ ရှိနေပြီး ဖြစ်တယ်။ အဲဒီတော့ အဲလို ကျနော်တို့ ရှိနေတဲ့အခါမှာ အရမ်း ဆန်းစစ်တစ်ဖ် ဖြစ်တဲ့ စကားလုံးကို ကျနော်တို့က ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း လူထုယဉ်ပါးမှု၊ လူထုအားကိုမတည်ဆောက်နိုင်တဲ့အချိန်မှာ ကျနော်တို့ ရှောင်တဲ့သဘောပဲ ဖြစ်တယ်။ မူအားဖြင့် ပြောမယ်ဆိုရင် ကျနော်တို့မူ ရှင်းပါတယ်။ ဖရီးဒမ်း၊ ဂျပ်စတစ်နဲ့ အီးကွဲလတီး ကို အာမခံချက်ရှိမယ့် ပြည်ထောင်စုစစ်စစ်မူဆိုတဲ့ဟာ ကျနော်တို့အားလုံး တိုင်ပင်ဆွေးနွေးပြီး ကိုမင်းကိုနိုင် တိုက်ရိုက် ချထားပေးတဲ့မူ ဖြစ်ပါတယ်။ အဲဒီ ပရင်စီပယ်ပေါ်မှာ ကျနော်တို့ လျောက်တာဖြစ်ပါတယ်။
အဲဒီတော့ ကျနော်တို့က အရင်ဦးဆုံးကို စဉ်းစားတဲ့အခါမှာ ကျနော်တို့ ဟိုးအပေါ်ဆုံးက အဖြေတခုကို သက်သေပြချက် တခုကို ထုတ်ထားပြီးတော့မှ အောက်ခြေကနေပြန်တွက်ရတဲ့ သချင်္ာပုဒ်စာမျိုးထက် သက်သေပြချက်ကို ခဏလေးဝှက် ထားပြီးတော့ အဖြေရှာသွားတဲ့ပုံစံမျိုး ကျနော်တို့သွားချင်တယ်။ သက်သေပြချက်ကို ကျနော်တို့ သိထားပြီးသား အဖြေ ကိုတော့ သွားရမယ့်ဟာ သိထားပြီးသား၊ ဒါပေမယ့် ကျနော်တို့ သွားတဲ့အခါမှာ အဆင့်ဆင့် အဆင့်ဆင့် အဆင့်ဆင့် အဆင့်ဆင့် ကျနော်တို့ အဲလိုသွားချင်တယ်။ ဒါကလည်း မြန်မာပြည်ရဲ့ ထူးခြားတဲ့နိုင်ငံရေးဖြစ်စဉ်သာ ဖြစ်တယ်။
ဒါကတော့ ရှင်းပါတယ်။
ယခင့်ယခင် ကာလတုန်းက ၆၂ ခုနှစ် အာဏာသိမ်းခဲ့တုန်းက ဖြစ်စဉ်၊ ပြည်သူလူထုကြားထဲမှာ ရှိနေတဲ့ ဖက်ဒရယ်ဆို တဲ့ စကားအသုံးအနှုန်းအပေါ် နားလည်မှုသဘောထား၊ ဖက်ဒရယ်ဆိုတာ သိပ်မြင့်ပါတယ်။ ဖက်ဒရယ်ဆိုတာ မပြောပါနဲ့ အခုတောင်မှ အပစ်ခတ်ရပ်စဲရေးကို ငြိမ်းချမ်းရေးလို့ ဥပါယ်တမျှင်နဲ့သုံးနေတဲ့ အစိုးရရဲ့စကားလုံးနောက်မှာလိုက်နေတဲ့ ပြည်သူလူထု အများစုကြီး ရှိနေပါတယ်။ လူထုကြားထဲမှာ နားလည်လာအောင် ယဉ်ပါးလာအောင်လုပ်ရမှာ ဖြစ်တယ်။ အဲလို နာလည်လာအောင် ယဉ်ပါးလာအောင် မလုပ်ဘဲနဲ့ ကျနော်တို့ဟာ ရှစ်ပြည်နယ်ပဲ တည်ဆောက်မယ် ၁၄ ပြည် နယ်ပဲတည်ဆောက်မယ်၊ ထူးခြားတဲ့ဒေသတွေ ရှိနေပါတယ်။ ကျနော် ထောက်ပြပါမယ်၊ ဥပမာအားဖြင့် ကယန်းပြည် နယ်၊ တိုင်း လေးခုမှာ ပါနေပါတယ်။ ကဲ.. ကယန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြောမလဲ ဆိုလို့ရှိရင် ကျနော်တို့ စကားပြောစရာတွေ စကားများစရာတွေ ဖြစ်လာနိုင်ပါတယ်။
အဲဒီတော့ ကျနော်ဆိုလိုချင်တဲ့ သဘောတခုက ကျနော်တို့အနေနဲ့က တိုင်းရင်းသားတန်းတူညီမျှ အခွင့်အရေးနဲ့ ပတ် သက်ပြီးတော့ ဘယ်တော့မှ မငြင်းပယ်ဘူး။ ၈၈ အနေနဲ့ လုံးဝသဘောတူတယ်။ နေရှင်နယ် အက်ကော့ (National Accord) ကို ရှာနိုင်တာ အဲဒီ့ တခုပဲရှိတယ်လို့ ကျနော်မြင်တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်နိုင်တာလဲ အဲဒီ တခုပဲရှိတယ်လို့ ကျနော် မြင်တယ်။ အဲဒီတော့ အဲဒီတခုကို တည်ဆောက်တဲ့အခါမှာ၊ ကျနော်အခု ကျနော် မြအေး ရဲ့ သဘောထားကိုပြော ကျနော့်တယောက်တည်းရဲ့ သဘောထား ကျနော် ပြောပါ့မယ်။ တယောက်ထဲရဲ့သဘောထား၊ ၈၈ ကို ခဏလေးဖယ်ပြီး ပြောပါရစေ။ ကျနော် ဖက်ဒရယ် အပြည့်အဝလက်ခံတယ်၊ တိုင်းရင်းသားတန်းတူညီမျှမှုရှိရေး အပြည့်အဝ လက်ခံတယ်။ တိုင်းရင်းသားရိုးရာဓလေ့ ဘာသာစကားတွေကို လွတ်လပ်စွာသင်ကြားခွင့်နဲ့ ကျောင်းသုံး ရုံးသုံး ပြဋ္ဌာန်းခွင့်ထိ ကျနော် လက်ခံတယ်။ ဒါ ကျနော့် သဘောထား။
အဲဒီတော့ ကျနော်တို့က တည်ဆောက်တဲ့အခါမှာ အဆိုပါ တိုင်းရင်းသားလူမျိုးစုကြီး ရှစ်စုအပါအဝင် အဆိုပါ တိုင်းရင်း သားလူမျိုးစုကြီး ရှစ်စုအတွင်းမှာရှိသော တိုင်းရင်းသားများရဲ့ သဘောထားကိုပါ ကျနော်တို့ ခြုံငုံပြီး ထဲ့သွင်းစဉ်းစားရမှာ ဖြစ်တဲ့အတွက် ကျနော်က ကျနော်ဖြစ်ချင်တဲ့ ဆန္ဒကိုတင်၊ အခြားလူများကလည်း ဖြစ်ချင်တဲ့ ဆန္ဒကိုတင်၊ အခုချိန်မှာ ကျနော်တို့ဆွေးနွေး ကျနော်တို့ ရရှိနိုင်မယ့် နေရှင်နယ်အက်ကော့ တခုကို အလှမ်းဝေးလိမ့်မယ်လို့ မြင်တယ်။
တဖက်က စည်းရုံးရမယ့်ကိစ္စသည် ပြည်သူလူထုကို အသိပညာပေးရမယ့် အခန်းကဏ္ဍ လုံးဝ သဘောတူပါတယ်။ အဲဒီ ကဏ္ဍ။ တိုင်းရင်းသားတွေကို အခု ကျနော်တို့ ရှင်းနေရတဲ့ကိစ္စက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ဘာ ကြောင့်ဖြစ်ရသလဲ ဆိုတာကို ကျနော်တို့ ပြောရတာဖြစ်တယ်။ ဒါမှသာလျင် ဖြေရှင်းတဲ့အဖြေကို ရမှာဖြစ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ခင်ဗျားတို့ ကျနော်တို့ သိတဲ့အတိုင်းပဲ၊ ခင်ဗျားတို့ဆိုလဲ ၁၉၈၈ အရေးအခင်းအပြီး တောထဲရောက်လာတဲ့ အခါကြတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးရဲ့ သဘောသဘာဝကို ပိုပြီးသိလာ ပိုပြီးနာလည်လာတယ်။
ကျနော်တို့လည်း ဒီတိုင်းပဲ။ ကျနော်လည်း ၁၉၈၉ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးဒေသကို ရောက်ခဲ့ တာပဲ၊ အဲဒီတော့ အဲဒီမတိုင်ခင် ခင်ဗျားတို့ ကျနော်တို့ အမိမြေမှ သားကောင်းများဆိုတဲ့ ရုပ်ရှင်ကိုကြည့်ပြီးတော့မှ ကျနော်တို့ နေခဲ့တဲ့လူတွေ၊ အဲဒီ့မတိုင်ခင်တုန်းက ကျနော်တို့ တိမ်ကော့နော်ဂျာ လို ကားမျိုးကိုကြည့်ပြီးတော့မှ နေခဲ့တဲ့ လူတွေ၊ ဆိုတာက၊ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးရဲ့ သဘောသဘာဝကို မသိဘဲနဲ့ ကျန်တဲ့ဟာ ကို ဖြေရှင်းလို့မရဘူး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်လို့လည်းမရဘူး။
အဲဒီတော့ ဂျင်နရယ်လီးအရ ကျနော်တို့ ပြောမယ်ဆိုရင်တော့ ဂျင်နရယ်လီးအရ ပြောနိုင်တဲ့စကားလုံးအများကြီးရှိတယ်။ မပြောချင်းပါဘူး၊ အတိအလင်းပဲ ပြောချင်တယ်။ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရရှိနိုင်တဲ့ အခွင့်အရေးတခုရ အောင် အားလုံးသဘောတူမယ်ဆိုလို့ရှိရင် ရှစ်ပြည်နယ်ပဲ တည်ဆောက် တည်ဆောက်၊ ၁၄ ပြည်နယ်ပဲ တည်ဆောက် တည်ဆောက်၊ ကျနော်တို့အားလုံးက တန်းတူညီမျှမှုကို ရစေချင်တယ်။
အာဏာခွဲဝေမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့မှ လူမျိုးစုလွှတ်တော် ပြည်သူ့လွှတ်တော်နဲ့ ပတ်သက်ပြီးတော့ ကြိုက်သလို ခွဲပါ၊ ငါးဆယ် ငါးဆယ် ဖြစ်ဆိုရင်၊ ကျနော်တို့အတွက် ပြဿနာမရှိဘူး။ ဒါပေမယ့် ဒါ ကျနော်တို့ သဘောထားတခု တည်းနဲ့ မရဘူး။ မရတော့ နေရှင်နယ်အက်ကော့တခုကို ရနိုင်ဖို့ဆိုလို့ရှိရင် အထူးသဖြင့် အေဘီအက်စ်ဒီအက်ဖ်ရဲ့ အ ခန်းကဏ္ဍက အလွန်အရေးကြီးတယ်လို့ ကျနော်မြင်တယ်။ အထူးသဖြင့် အထင်အမြင်လွဲမှားနေတဲ့ ဗမာလူမျိုးတွေ အ ပေါ်မှာ အထင်အမြင်လွဲမှားနေတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ကြားမှာ ပေါင်းကူးပေးနိုင်တာ ခင်ဗျားတို့ပဲ ရှိတယ်လို့ ကျနော်မြင်တယ်။ ခင်ဗျားတို့ဟာ အနှစ် ၂၀ ကျော်ကာလ အဲဒီဒေသတွေမှာ လုပ်ခဲ့ကိုင်ခဲ့ကြတာ ဖြစ်တယ်။
နောက်တချက်က တိုင်းရင်းသားလူမျိုးစုတွေရဲ့ ခံစားချက်ကို ကျနော်တို့ထက်ပိုပြီး ခင်ဗျားတို့ နီးနီးကပ်ကပ် နေခဲ့ရလို့ ပိုသိတယ်။ အဲဒီတော့ တချို့ရှိတာပေါ့ဗျာ ကျနော်တို့က အခြေအနေအချိန်အခါကို ကြည့်ပြီးတော့ မှန်ပင်မှန်သောငြား လည်း ထုတ်ဖေါ်ပြောလို့ မရသေးတဲ့ ဟာမျိုးတွေ ရှိပါတယ်။
အဲဒီတော့ အကုန်လုံးကို ဝုန်းကနဲ့ သွန်ချပစ်လိုက်မယ့်အစား ကျနော်တို့အတွင်းကြားမှာ သဘောတူညီချက်ယူထားစေ ချင်ပါတယ်။ တခါတလေကြတော့ မှန်တယ်ဗျ၊ မှန်ပင်မဲ့လဲ ကျနော်တို့ အဲဒီဟာကို သုံးလိုက်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ပြန်ပြီးတော့မှ ဘက်ဖိုင်းယားကို ရှောင်ရှားလို့မရတဲ့ ပြဿနာတွေဖြစ်လာလိမ့်မယ်။ ရန်သူကလည်း ကျနော်တို့ကို ပြန် အသုံးချတာမျိုး ပြန်ဖြစ်သွားလိမ့်မယ်။ ဒါကို ကျနော်တို့ စဉ်းစားရမှာ ဖြစ်တယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အခု ကိုမျိုးဝင်းက တော်တော်လေးကို ပွင့်ပွင့်လင်းလင်းနဲ့ ချပြပြီး ဆွေးနွေးသွားတာကို တော်တော်လေး ကျေးဇူးတင်တယ်။ အားလည်းအားရတယ်။ ကျေလည်းကျေနပ်တယ်။
ဒါပေမယ့် ကျနော်ထပ်ပြီး အကြံပေးချင်တာတခုကတော့ ရှစ်ပြည်နယ် ပြည်ထောင်စုကိစ္စအရေးကြီးပါတယ်။ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းကို ပြည်ထောင်စုနယ် မြေအဖြစ်ထားမယ်ဆိုတဲ့ အခြေခံပေါ်မှာပြောသွားတယ်လို့ ကျနော် နားလည်ထားပါတယ်။ ကျနော်လည်း သိထားပါတယ်။ အဲဒီတော့ ဗမာပြည်နယ်ဖွဲ့စည်းရေးဆိုတဲ့ စကားလုံးကို မြန်မာ ပြည်သူတွေ လက်ခံဖို့အဆင်သင့်ဖြစ်ပြီးလားဆိုတာကိုတော့ သုံးသပ်စေချင်တယ်။ မဟုတ်လို့ရှိရင် ကျနော်တို့ တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးတခုလုံးအပေါ်မှာ အထင်အမြင်လွဲ စရာတွေဖြစ်မှာဆိုးတယ်။
ကျနော်တို့ ဖြစ်စေချင်တာက အခြေခံသဘောတရားအရ ကျနော်တို့ ဒါကြောင့်မို့လို့ ကျနော်တို့ဟာ ဖက်ဒရယ်ကို အတိ အကျမသုံးတာ ဖြစ်တယ်။ ကျနော်တို့ သုံးတဲ့ ဖရီးဒမ်း၊ ဂျပ်စတစ၊် အီးကွဲလတီးကို အာမခံချက်ရှိတဲ့ ပြည်ထောင်စုတခု ဖြစ်ဖို့လိုတယ်ဆိုတဲ့ဟာကို စစ်စစ်ဖြစ်ဖို့လိုတယ်။ စေ့ဖ်ဖိုင်းယား သည် ပီစ်တော့ခ် မဟုတ်ဘူး ပီးစ်တော့ခ် ဖြစ်ဖို့ဟာက ကျနော်တို့ တဆင့်ချင်းသွားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြဿနာတွေက တက်လာမယ်။ သေချာပေါက် ရှင်းရမယ့် ပြဿနာတွေဖြစ်တယ်။ အဲဒီတော့ ပြဿာနာရှင်းနိုင်မယ့် အခွင့်အလန်းကို ကျနော်တို့က စဉ်းစားတာဖြစ်တယ်။ ပြဿ နာကို ဘယ်လိုရှင်းရမယ်ဆိုတဲ့ အပိုင်းကဏ္ဍကို ခဏချန်ထားတာဖြစ်တယ်။ ပြဿနာကို ရှင်းနိုင်မယ့်အခွင့်အလန်းကို ဘယ်လိုဖန်တီးယူမယ်ဆိုတာ အခုချိန်မှာ အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး ဦးအောင်မင်းရဲ့ အင် တာဗျူးကိုဖတ်ရလိမ့် မယ်လို့ထင်ပါတယ်။ ဂျာနယ်တခုမှာ ကျနော်လည်ဖတ်ခဲ့ရတယ်။
အရင့်အရင်တုန်းက သူတို့ မပြောခဲ့ဘဲနဲ့ အခု ဒီလိုနဲနဲပြောလာတဲ့အပေါ်မှာ ကျနော်တို့ နင်းရမယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ အဓိကအကျဆုံးဖြစ်တာက တိုင်းရင်းသားအားလုံးပါဝင်တဲ့ ညီလာခံတခုဖြစ်ဖို့ဆိုတာ ပိုအရေးကြီးတယ်လို့ ကျနော်မြင်တယ်။ အဲဒီကို ကျနော် အရင်တွန်းချင်တယ်။ အဲဒီဟာတွန်းပြီးတော့ တွန်းယုံနဲ့ မရတော့ဘူး၊ ဒီညီလာခံ အ မျိုးသားညီလာခံလိုမျိုး လွှတ်တော်ကိုယ်စားလှယ်တွေကော ပေါက်ကရကိုယ်စားလှယ်တွေတက်ပြီး ဖြေရှင်းတဲ့ ညီလာခံ မျိုးမဖြစ်အောင် ကျနော်တို့ အဓိက နေရာကနေ စောင့်ကြည့်သွားမယ်။
ဒီမှာ ကျနော်တို့ရဲ့ ကဏ္ဍတွေ အရေးကြီးလာပါပြီး နိုင်ငံရေးပါတီ ထောင်ခြင်းမထောင်ခြင်းဆိုတာထက် အေဘီအက်စ် ဒီအက်ဖ်ရဲ့ အခန်းကဏ္ဍ၊ ၈၈ ရဲ့ အခန်းကဏ္ဍ အရမ်းအရေးကြီးလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေါ်တော့ခေါ်တယ်၊ ဒါပေမယ့် အမျိုးသားညီလာခံလိုဆွေးနွေးမယ် တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံးကို မော် ကွန်းတိုက်ထဲမှာ ထဲ့သိမ်းထားပြီး မှတ်တမ်းတင်ထားမယ်ဆိုတဲ့အဆင့်မျိုး ဖြစ်မသွားဖို့ဆိုတာ အေဘီအက်စ်ဒီအက်ဖ် က လည်း နီးနီးကပ်ကပ် စောင့်ကြည့်ရမှာဖြစ်သလို ကျနော်တို့ ၈၈ တွေ အနေနဲ့ကလဲ နီးနီးကပ်ကပ် စောင့်ကြည့် ရွေးချယ် သွားရမှာ ဖြစ်တယ်။ ကျနော်မြင်တဲ့ အမြင်။ ပြီးလို့ရှိရင် အဲဒီ တိုင်းရင်းသားအားလုံးပါတဲ့ ညီလာခံကလည်း ဆွေးနွေးမှု တွေအားလုံးသည် တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှ အခွင့်အရေးကို ဖေါ်ဆောင်ပေးနိုင်တဲ့ နိုင်ငံရေးအနှစ်သာရ ရှိတဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် ကျနော်တို့ ဆက်ပြီးစောင့်ကြည့် ပါဝင် ဆောင်ရွက်သွားရမှာ ဖြစ်တယ်။
ပြီးလို့ရှိရင် ဆွေးနွေးမှုရလာဒ်တွေကို စာအုပ်ထဲမှာ ထားထားပြီး အပြင်မှာ လက်တွေ့အကောင် အထည်မဖေါ်တဲ့ ဖြစ်ရပ် မျိုးမဖြစ်အောင်၊ ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့အကောင်အထည်ဖေါ်အောင် တွန်းတွန်းတိုက်တိုက် အားပေး ရမှာ ဖြစ်တယ်။
ကျနော် မြင်တာက ညီလာခံတခုကိုခေါ်တဲ့အခါမှာ ကိုယ့်ဘက်ကပြင်ဆင်ထားရမှာက ပြင်ဆင်ထားရမှာ ဖြစ်တယ်၊ ဒါ ပေမယ့် ပြဿနာဘာရှိလဲဆိုတော့ နေရှင်နယ် အက်ကော့ တခုကိုရအောင် လုပ်မယ်ဆိုလို့ရှိရင် ဒီကိစ္စတွေကို ရှေ့တန်း အရမ်းမတင်စေချင်ဘူး။ ပြောရမှာ ပြောရမှာပဲ၊ ဒီ့ထက်တုံုးလေးနဲနဲလျော့ပြီးတော့ နေရှင်နယ် အက်ကော့ကို ရအောင်ယူ ထားစေချင်တယ်။ ဒါမှ အဲဒီ့အချိန်မှာ ကျနော်တို့ တသံတည်းထွက်လိမ့်မယ်။ အဲလိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ တိုင်းရင်း သားညီလာခံက တသံတည်းထွက်ဖို့က ခက်ခဲသွားလိမ့်မယ်။
အဲဒီတော့ မှန်ပါတယ်၊ ကျနော် စောစောကပြောသလို အားလုံးဟာ သဘောတူညီကြမယ်ဆိုလို့ရှိရင် ကာယကံရှင်ဖြစ် သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နောက်တခုက အဓိက ကာယကံရှင်ကတော့ဗျာ အဲဒီ့အဖွဲ့အစည်း တွေနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ အစိုးရနဲ့လဲ ဆုံးဖြတ်လို့ မရပါဘူး။ တကယ့်သန်းပေါင်း ၆၀ သော မြန်မာပြည်သူပြည်သား များရဲ့ ဆန္ဒပါပဲ။ သန်းပေါင်း ၆၀ သော ပြည်သူပြည်သားများကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ ချပြမယ်၊ ဘယ်လိုကိုင် သင့်တယ်ဆိုတာ ချပြရပါမယ်။ အဲဒီ ချပြနိုင်တာဟာသည် တိုင်းရင်းသားအားလုံးပါတဲ့ ညီလာခံကနေပြီးတဆင့် ချပြရမှာ ဖြစ်သလို အဲဒီနေရာမှာ ကျနော်တို့က တိုင်းရင်းသားတွေဘက်ကနေ ရပ်တည်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အဲဒီတော့ ချပြတဲ့အပေါ် မြန်မာပြည်သူလူထုက လိုလားမယ်ဆိုလို့ရှိရင် ရှစ်ပြည်နယ် ပြည်ထောင်စုပဲဖြစ်ဖြစ်၊ ၁၄ ပြည် နယ် ပြည်ထောင်စုပဲဖြစ်ဖြစ်၊ ၁၃၅ မျိုးရှိလို့ ၁၃၅ မျိုးလုံးအတွက်ပဲလုပ်လုပ်၊ ဘာမှ ကျနော်တို့ အငြင်းပွားစရာမရှိပါဘူး။
အခုချိန်မှာတော့ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ စကားလုံးကိုပြောရမယ်ဆိုလို့ရှိရင် ဖရီးဒမ်း၊ ဂျပ်စတစ်နဲ့ အီးကွဲ လတီး၊ လူတိုင်းလူတိုင်း ဒီအခွင့်အရေးတွေရဖို့ အာမခံချက်ရှိတဲ့ ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့အတွက် ကျနော်တို့ သဘော ထားရှိပါတယ်။
အဲဒီတော့ ဆက်ပြီးပြောချင်တာက ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်နဲ့အခု ဒီမှာ ဆွေးနွေးသလိုမျိုး မြန် မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဖက်ဒရယ်အပေါ်ထားရှိတဲ့ သဘောထား တိုင်းရင်းသားဒေသတွေအပေါ်မှာ ဖြစ်သန်းလာရတဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံမှုက ရရှိလာတဲ့အတွေ့အကြံု တိုင်းရင်းသားညီအကိုမောင် နှမတွေရဲ့ အခွင့်အရေးနစ်နာဆုံရှုံးမှု၊ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား ညီအကိုမောင်နှမတွေ အပေါ်မှာ ဗိုလ် ကျဆိုးမိုးခံခဲ့ရမှု၊ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားညီအကိုမောင်နှမတွေရဲ့ ဗမာတွေအပေါ်ထားရှိ တဲ့သဘော ထား အားလုံးကို ကျနော်တို့သိရုံမကဘဲ၊ ကျနော်သာလျင်မကဘဲ၊ ပြည်မကလူတွေပါသိရအောင် ကျနော် ထပ်ပြောချင် ပါတယ်။
ခင်ဗျားတို့ အကြောင်းကြောင်းကြောင့် မနေ့က ကိုသံခဲ ဆွေးနွေးထားတဲ့အချက်မှာ ရန်ကုန်ထိလာဖို့ဆိုတာ ရှိပါတယ်။ အဲဒီလိုမျိုး ကျနော်တို့ ချပြစေချင်တယ်။ လိုပါတယ်။ အဲဒီအတွက် အေဘီအက်စ်ဒီအာဖ် အခန်းကဏ္ဍဟာ အလွန်အရေး ကြီးတယ်လို့ ပြောတာပါ။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုအပိုင်းမှာ အေဘီအက်စ်ဒီအဖ် ဟာ ပေါင်းကူးပေးရမယ့် အချက်တွေ အများကြီးရှိပါတယ်။ အေဘီအက်စ်ဒီအဖ် က နေပြီးတော့မှ ဝိုင်းဝန်းကူညီဆောင် ရွက်ပေးရမယ့် အခန်း ကဏ္ဍတွေ အများကြီးရှိပါတယ်။ အရေးလည်းကြီးတယ်လို့ ကျနော် မြင်ပါတယ်။ ရန်ကုန်ရောက်တဲ့ အခါမှာ ကျနော်တို့ မှာ ရှိတဲ့လူတွေကိုကော ကျန်တဲ့ဆီမှာရှိတဲ့ လူတွေကော အဲလို ဆွေးနွေးမှုမျိုး ဆွေးနွေးပေးစေချင်ပါတယ်။
ဆွေးနွေးပေးချင်းအားဖြင့် ဘာဖြစ်လာမလဲဆိုတော့ ကျနော်တို့ ၈၈ အတွင်းမှာ ကျန်တဲ့လူတွေကြားထဲမှာကော ညှိနှိုင်း ပြီးတော့ ဒီလောက်တုံးတော့ ရချင်မှ ရမှာပေါ့ဗျာ၊ ဒါပေမယ့် တူညီတဲ့ နေရှင်နယ် အက်ကော့ တခုတော့ ထွက်လာနိုင်စ ရာရှိတယ်လို့ ကျနော် မြင်တယ်။ ဒါဟာ တိုင်းရင်းသားတွေလဲ လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်ရမယ်။ အဲဒါဆိုလို့ရှိရင် ကျနော်တို့ဟာ ရှေ့ဆက်သွားမယ့် နိုင်ငံရေးအခန်းကဏ္ဍမှာ အများကြီးကျေနပ်မှုတွေ ရလာလိ်မ့်မယ်လို့ ကျနော် မြင် တယ်။
ကျနော်တို့ အခုသွားနေတဲ့ ပေါ်လစီက ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ ကျနော် ယေဘုယျပဲပြောပါ့မယ်၊ ကျနော်က ငြိမ်းချမ်းရေးတာဝန်ယူထားတော့၊ ငြိမ်းချမ်းရေးအပိုင်း ကဏ္ဍကို ပြန်ပြောချင်တယ်။ ဒီလိုဆွေးနွေးပေးတဲ့အဆင့်မျိုး အဲဒီလို နိုင်ငံရေးအနှစ်သာရရှိတဲ့ ဆွေးနွေးပွဲမျိုး ကျနော် စကားပြောချင်းတာကြာပါပြီ၊ အဲဒီတော့ ကျေးဇူးအရမ်းတင်တယ်။ အဲဒီလိုမျိုးတွေ ထပ်ခါထပ်ခါ ကျနော်တို့ပြောချင် တယ်။
ဒါပေမယ့် တခုရှိတယ် လမ်းမှာသွားနေတဲ့ မိန်းခလေးတယောက်ကို၊ မကောင်းတာလုပ်စားနေတဲ့ မိန်းခလေးတယောက် ကို ကန်တော့ပါရဲ့ ဖာသယ်မလို့ခေါ်လို့ရှိရင် ပါးရိုက်ခံရပါလိမ့်မယ်။ ပြည့်တန်ဆာလို့ခေါ်လို့ရှိရင် ပါးတော့မရိုက်ဘူး၊ နဲနဲ ဆဲပါလိမ့်မယ်။ အဲဒီတော့ ကျနော်တို့ ပါရိုက်ခံရမယ့် နည်းလမ်းကို ဝုန်းကနဲ့ ဒိုင်းကနဲ့ မတက်ပါနဲ့အုံး ကျနော် ပြောတာ က။ အဲဒီတော့ ပြည့်တန်ဆာလေးဆိုတဲ့ ချိုချိုသာသာလေးခေါ်ပါ၊ အဓိပ္ပာယ်က ဒါက ဒါပဲ၊ အဲလိုမျိုးလေး ကျနော် တိုက် တွန်းချင်ပါတယ်။ အဲဒီလို မဟုတ်လို့ရှိရင် သူပါးရိုက်ခံရမှာ ဆိုးလို့ပါ။
အဲဒီတော့ စစ်အစိုးရကို ကြောက်စ ရာလဲမရှိဘူး၊ မှန်တယ်၊ တချိန်မတန်ဘဲနဲ့ မမှည့်သေးတဲ့ အသီးတလုံးကို ခူးစားမယ် ဆိုရင် အရသာမရှိပါဘူး၊ အင်ဒိုနီးရှားကွန်မြူနစ်ပါတီ တော်လှန်ရေကျဆုံးရခြင်းအကြောင်းအရင်းကို ပြန်ကြည့်ပါ၊ တော် လှန်ရေးဆိုတာ မှည့်မှခူးစားလို့ရတဲ့ အသီးမျိုးစားမိဖို့ လိုပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ သတိကြီးကြီးနဲ့ တိုင်းရင်း သားအားလုံးကို အာမခံချက်ပေးနိုင်တာ တခုရှိပါတယ်၊ ပြောလိုက်ပါ၊ ပေးလိုက်ပါ၊ အေဘီအက်စ်ဒီအဖ် ကိုလည်း ရဲရဲ တင်းတင်းထပ်ပြောပါ့မယ်။ ၈၈ သည် ဘယ်သောအခါကမှ ဗမာလူမျိုးကြီး မဟာဝါဒကို ဘယ်တုန်းကမှ မကျင့်သုံးဘူး၊ တချက်၊ ၈၈ သည် တိုင်းရင်းသား ညီအကို မောင်နှမများ တန်းတူညီမျှ အခွင့်အရေးရရှိဖို့ ဆိုလို့ရှိရင် ၈၈ ရဲ့ ကျောကို နင်းသွားပါ။
၈၈ ဆိုတဲ့နေရာမှာ ခင်ဗျားတို့လဲ ကျနော်က အေဘီ လို့လဲ မမြင်ဘူး၊ ကျနော့်ကိုယ်ကျနော်လည်း ၈၈ မျိုးဆက် ကျောင်း သားများလို့ မမြင်ဘူး၊ ၈၈ အရေး တော်ပုံကြီးက မွေးဖွားလာတာလို့ပဲ မြင်တယ်။ ခင်းသွားပါ၊ ကျနော်တို့အားလုံး တသံ တည်းပါ၊ တသွေးတည်းပါ၊ အဲဒီ အပေါ်မှာ သံသယမဖြစ်ပါနဲ့ အာမခံပါတယ်။ သို့သော်လည်း မည်သို့ မည်ပုံ ဘယ်လို ဘယ်လိုတည်ဆောက်မယ် ဘယ်လိုပုံဖေါ်မလဲ၊ ဘယ်လိုအာဏာခွဲဝေမှုအပိုင်းဆိုတာက ကျနော်တို့နဲ့ မပြီးပါဘူး၊ ခင်ဗျား တို့နဲ့လဲ မပြီးပါဘူး၊ နေရှင်နယ် အက်ကော့ တခုမှ ကျနော်တို့ ထုတ်ယူမှသာလျင် ကျနော်တို့ဘက်က ပြင်ဆင်မှုဖြစ်မှ ဖြစ် သလို၊ အားလုံးပါဝင်သော ညီလာခံကနေ ဆုံးဖြတ်ချက်ချပြီး သန်းပေါင်း ၆၀ ကနေပြီ လက်ခံတယ်ဆိုလို့ရှိရင် ကျနော် တို့ ငြင်းစရာအကြောင်းမရှိပါဘူး။ အဲဒီအပေါ်မှာတော့ အားလုံးနာလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။
ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေမှာ စောစောကပြောသလို ဖက် ဒရယ်နဲ့ ပတ်သက်ပြီးတော့မှ သဘောမပေါက်သေးသော နိုင်ငံရေးသမားတချို့ ရှိကောင်း ရှိပါလိမ့်မယ်။ သဘောပေါက် ပင်ပေါက်သောငြားလည်း ပြည်နယ် ပြည်မဆိုတဲ့ ပုံသဏ္ဌာန်နဲ့သွားချင်တဲ့ နိုင်ငံရေးသမားများလည်း ရှိပါတယ်။ ဘာ့ ကြောင့် ဒီလိုပြည်နယ်တွေနဲ့ သွားသင့်သလဲ၊ ဘာ့ကြောင့် အာဏာခွဲဝေမှုတွေ ဘယ်လိုလုပ်သင့်သလဲ ဆိုတဲ့အချက်ကို ကျနော်တို့က စာဆန်ပါလိမ့်မယ် စာအုပ်ထဲဖတ်ပြောရတာ၊ ခင်ဗျားတို့က လက်တွေ့ဆန်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့က တောထဲတောင်ထဲမှာ တိုင်းရင်းသားတွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့၊ အဲဒီ တော့ အကြောင်းကြောင်းကြောင့် ကျနော်တို့ ရှေ့လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ လူထုနဲ့ထိစပ်တဲ့နေရာတွေမှာ ခင်ဗျား တို့ထဲက ရန်ကုန်ကိုလာမယ်လို့ ကြားထားပါတယ်။ လာတဲ့အခါလလည်း ထူထုကိုလည်း ချပြစေချင်ပါတယ်။ အခြားအ ခြားသော နိုင်ငံရေးအင်အားစု အသင်းအဖွဲ့ အစည်းတွေကိုလည်း ချပြစေချင်ပါတယ်။
အဲဒီ့အပေါ်မှာ ကျနော်တို့ အားလုံး ဟေ့ .. ဆိုတဲ့ တညီတညာတည်း ဖြစ်သွားပြီးဆိုလို့ရှိရင် ကျန်တဲ့ ကျနော်တို့နဲ့ တိုင်း ရင်းသား ညီအကိုမောင်နှမတွေကြား မှာရှိနေတဲ့ သံသယအမြင်တွေကို ဖယ်ထုတ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် ခင်ဗျား တို့ရဲ့ အခန်းကဏ္ဍ အလွန်အရေးကြီးပါတယ်လို့ ပြောကြားရင် ကျနော့် ဆွေးနွေးချက်ကို နိဂုံးချုပ်ပါတယ်။
http://www.naytthit.net/?p=31609
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။