ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က “ဒီလိုမျိုးဝပ့်ရှော့လာလုပ်တာက ဒီနေ့နိုင်ငံတော်ကပြောနေတယ်လေ ကျနော်တို့နိုင်ငံတော်ကြီးဟာ ဒီမိုကရေစီစနစ်ကို ရွေ့လျားနေပါတယ်။ ဦးတည်နေပါတယ်။ အပြောင်းအလဲတွေသွားနေပြီဆိုတော့.. ဒီလိုရိုးရိုးလေးပြောလို့မရဘူး။ ဒီမိုကရေစီစနစ်ကိုသွားနေပြီဆိုတော့ ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရတွေကို ဒီမိုကရေစီစနစ်ရဲ့လက္ခာဏာတွေကို ကျနော်တို့နိုင်ငံသားတွေက သိရှိဖို့လိုတယ်။ အဲဒါကြောင့်ကျနော်တို့ က ဒီလိုဆွေးနွေးပွဲကိုလာရောက် ပြီးတော့ သင်တန်းတွေလုပ်တာဖြစ်တယ်။” လို့ ပြောပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာ အတွေ့အကြုံတွေရှိကြတဲ့ အစိုးရခေါင်းဆောင်တွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါရှိတာကိုတွေ့ရပါတယ်။ ယခုလို ခေါင်းဆောင်တွေနဲ့ လူမှုအသင်းအဖွဲ့က ကိုယ်စားလှယ်တွေကို ဒီမိုကရေစီနှင့် သဘောတရားတွေ ၊ လူအခွင့်အရေးဆိုင်ရာသဘောတရားတွေကို ချပြဆွေးနွေးမှုကနေတဆင့် ကယားတပြည်နယ်လုံးရှိ ပြည်သူလူထုများ ဒီအခြေခံသဘောတရားတွေကို လေ့လာနိုင်ပြီး ဒီမိုကရေစီစနှစ်ကို သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဆရာအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။ ၎င်းက “ဒီတိုင်းရင်းသားတွေ အားလုံးမျှော်မှန်းထားတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်က ကေအာန်ပီပီ တခုထဲနဲ့လုပ်လို့မရဘူး။ အားလုံးရဲ့ နိုင်ငံရေးပါတီ ၊ လူမှုအဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ ခေါင်းဆောင်တွေအားလုံးက ဒီအခြေခံသဘောတရားတွေကို သိပြီးမှပူးပေါင်းလုပ်မှပဲ ရနိုင်မယ်” လို့ပြောပါတယ်။
လူ့အခွင့်အရေးဆိုင်ရာသဘောတရားပညာရပ်တွေကို နယ်စပ်မှာ သင်တန်းပေးပြီးခဲ့သော သင်တန်းသား/သူတွေက ဆင့်ပွားသင်တန်းအဖြစ် ဒီးမော့ဆိုမြို့နှင့် ဖရူးဆိုမြို့တွင် ပြုလုပ်သွားဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။ လူထုတွေကို ဒီလိုပညာပေးတဲ့အစီအစဉ်တွေမှာလည်း ဒေသခံလူထုအခြေပြုလူမှုအဖွဲ့အစည်းတွေအနေနဲ့ကလည်း ပါဝင်ပံ့ပိုးကူညီဖို့ရှိတယ်လို့ သိရပါတယ်။
ဖရူဆိုမြို့နယ်မှ လူမှုအဖွဲ့အစည်းမှ ခူးလီးရယ်က “ဒါကတော့ပထမခြေလှမ်းပဲ လူထုနဲ့ကေအာန်ပီပီ Civil Society ကြားထဲမှာ ပြည်တွင်းထဲမှာ ပြုလုပ်တာက ပထမခြေလှမ်းဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ အများကြီး ဆက်သွားဖို့ သင့်တယ်။ ရှေ့ဆက်လုပ်ဖို့ အချိန်တခု အတိုင်းအတာတစ်ခုထိပဲသိရသေးတယ်။ ခုနက အတွင်းရေးမှူး(၂)ပြောသလိုပဲ ဆက်သွားဖို့အနေအထားမျိုးမှာရှိနေတယ်ဆိုရင်ကောင်းတယ် ကျနော်တို့အနေနဲ့ ပံ့ပိုးပါဝင်ပေးဖို့ အဆင်သင့်ရှိတယ်။” လို့ ပြောပါတယ်။
၎င်းတွေ့ဆုံပွဲကိုနိုဝင်ဘာလ ၂၆ နှင့် ၂၇ရက်နေ့မှာ ပြုလုပ်သွားတာဖြစ်ပြီး ကေ့ထျိုးဘိုးလူမှုအဖွဲ့အစည်း ၊ ကယားဖူးနှစ်ခြင်းအဖွဲ့မှ လူမှုအဖွဲ့အစည်း၊ ကက်သလစ် ကရုဏာအဖွဲ့ ၊ ကယားမူပွာ ၊ ကယားလူမှုရေးအဖွဲ့၊ ကန္ဒရဝတီလူငယ်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ အဖွဲ့ကိုယ်စားလှယ်၊ ကယန်းအမျိုးသားပါတီ၊ ခိုးလျေဆိုတောင်သူလယ်သမားအဖွဲ့၊ ကယားမြေသက်သေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ၊ ဘုန်းတော်ကြီး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ ကိန္ဒီရာကျေးလက်ဖွံ့ဖြိုးရေးအဖွဲ
http://www.ktimes.org/index.php/news/385----knpp---