November 21, 2012

မူတူးဆေးဖိုး KNU စစ်ဦးစီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဦးမည်

စံခလပူရီ (မဇ္စျိမ) ။       ။ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ထုတ်ပယ်ခြင်း ခံရသည်ဟု ကြေညာထားသည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အပါအဝင် ကြီးသုံးကြီးအား ရာထူးမှ ရပ်စဲခဲ့ခြင်းမှာ ကွန်ဂရက် ကသာ အဆုံးအဖြတ် ပေးနိုင်မည်ဟု ပုံမှန် ဗဟိုကော်မီတီ အစည်းအဝေးတွင် ချမှတ်ခဲ့ကြောင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁)ဗဒိုစောလှငွေ  ပြောသည်။

ဗဟိုကော်မတီ ၄ဝ တက်ရောက်သည့် အဆိုပါ အစည်းအဝေးကို KNU ထိန်းချုပ် နယ်မြေတွင်းရှိ ဘားအံခရိုင်၊ လေးဝါး စခန်း၌ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ဝ ရက်နေ့ထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“CEC (ဗဟိုအလုပ်အမှုဆောင်ကော်မတီ) က ဆုံးဖြတ်ချက် ချတာကို ဗဟိုကော်မီတီက သဘောမတူတော့ အရေးယူ
ဆောင်ရွက်ဖို့ အခက်အခဲ ရှိတယ်။ အရေးယူ ဆောင်ရွက်မယ် ဆိုရင်လည်းပဲ ဗဟိုကော်မီတီ ပုံမှန်နဲ့ ကွန်ဂရက် ဆက်လက် ကျင်းပဖို့အတွက် အနှောင့်အယှက် ရှိတဲ့ အတွက်ကြောင့် ကွန်ဂရက်ရဲ့ မူလ အခွင့်အရေး ဖြစ်တဲ့ ကွန်ဂရက်ရှေ့မှာ သဘောတူညီချက်အရ အသိအမှတ် ပြုထားတဲ့ ပုဂ္ဂိုလ်တွေကို ကွန်ဂရက်အထိ ပြန်ပါသွားနိုင်ခွင့် ရှိတယ်ဆိုတဲ့ မူလ Zero level ကို ပြန်သွားခဲ့ကြတယ်” ဟု ဗဒို စောလှငွေ က မဇ္စျိမကို ပြောသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးမှာ KNU ၏ တရားဝင် စစ်ဦးချုပ်အဖြစ် ကွန်ဂရက် ခေါ်ချိန်အထိ ဆက်လက်၍ တာဝန်ယူသွားမည် ဖြစ်ပြီး ယခင် ကြီးသုံးကြီးကို ထုတ်ပြီး နောက်ပိုင်း တင်ခဲ့သည့် ယာယီ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်
ဘောကျော်ဟဲမှာ တာဝန်မှ အလိုအလျောက် ပျက်ပျယ်သွားပြီ ဖြစ်သည်။

“အဓိက ညှိတာက လေးနှစ် တကြိမ် ချထားတဲ့ နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ရှေ့လုပ်ငန်းစဉ်ကို ညှိကြတာ။ ကွဲလွဲမှု မရှိပါဘူး။ ကြိုတင် တိုင်ပင်ပြီးမှ လုပ်ရမယ့် အလုပ်ကို လုပ်ပြီးမှ ပြန်တင်ပြတော့ ပြဿနာ ဖြစ်ခဲ့တာအပေါ်
ပြန်လည် သုံးသပ်ပြီး လုပ်ထုံးလုပ်နည်းနဲ့ သေသေချာချာ လုပ်ငန်းပိုင်းဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆို၊ အစီအစဉ်တွေ အားလုံး ချမှတ်ပြီးတော့မှ အစီအစဉ်အတိုင်း လုပ်ကြဖို့ကို ကျနော်တို့ သဘောတူညီမှု ပြန်ယူခဲ့ကြတယ်” ဟု ဗဒိုလှငွေ က ဆက်ပြောသည်။

ထိုသို့ ပြန်လည် သုံးသပ်ချက်အရ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ မြဝတီမြို့ရှိ ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့ သည့် လုပ်ရပ်မှာ လုပ်ဟန် အမှားသဘော သက်ရောက်နေသည်ဟု ဆိုနိုင်သည်။

“သူတို့ ကိုယ်၌ကလည်း စေတနာ အရင်းခံနဲ့။ အခြေခံမူတွေ အပေါ်မှာ ဖောက်လွှဲ ဖောက်ပြန် လုပ်တာ မဟုတ်ဘူး။ သို့သော်လည်းပဲ ဒီလိုမျိုး အလျှင်အမြန် လုပ်ရမယ်၊ လုပ်ဖို့ လိုအပ်တယ်လို့ ယူဆပြီး လုပ်တော့ လုပ်ထုံးလုပ်နည်း
တွေနဲ့ သူတို့ လုပ်ပုံလုပ်နည်းတွေက အားနည်းမှု ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် ဝန်ခံတာတွေ ရှိပါတယ်” ဟု ဗဒို စောလှငွေ က ဆက်ပြောသည်။

မူတူးဆေးဖိုး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်နှင့် တွဲဖက် အတွင်းရေးမှူး (၂) လည်းဖြစ် ဗဟို တရားရေးဌာန တာဝန်ခံ ဗဒိုဒေးဗစ်ထော တို့အား ရာထူးမှ ရပ်ဆိုင်းရေး CEC ဆုံးဖြတ်ချက် ချရာတွင် ပါဝင်ခဲ့ သည့် KNU အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန် က “ကျမတို့ စည်းလုံးညီညွတ်ရေး ဖော်ဆောင်ပြီးတော့ ကရင် တမျိုးသားလုံးအတွက် KNU က ချမှတ်ထားတဲ့ မူအတိုင်းက အားလုံးက လိုက်နာနိုင်မယ်ဆိုရင် ကျမတို့ ဆက်ပြီး သွားနိုင်မယ့် အပိုင်း၊ သွားလို့ ရပါတယ်” ဟု မဇ္စျိမအား မှတ်ချက်ပြု၍ ပြောကြားခဲ့သည်။

အစည်းအဝေး အတွင်း၌ စစ်ဦးစီးချုပ်တို့ဘက်မှ တင်းတင်းမာမာ တုန့်ပြန်ပြောဆိုမှု မရှိဘဲ ညီညီ ညွှတ်ညွှတ်နှင့် ချမှတ် ထားသည့် မူအတိုင်း ရှေ့ဆက် လုပ်ဆောင်သွားကြရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် ဆက်လက် ဆောင်ရွက် သွားရန်ကိုလည်း အစည်းအဝေးတွင် တညီတညွှတ်တည်း သဘောထားပြုခဲ့ကြသည်။

ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားကာ နိုင်ငံရေး ပြဿနာကိုလည်း ဆက်လက်
ဆွေးနွေး ဖြေရှင်းသွားမည်ဟု ဆိုသည်။

KNU ၏ ၁၅ ကြိမ်မြောက် ကွန်ဂရက်ကို ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ခန့်မှ စတင်ကာ ဒီဇင်ဘာ လလယ်ခန့်ထိ
ခေါ်ဆိုကျင်းပနိုင်ရန် ရည်ရွယ်ထားသည်ဟု သိရှိရသည်။

http://www.mizzimaburmese.com/news/inside-burma/10442--knu--.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India