“ဒုက္ခသည် ၁ သန်းကျော်ကို အကူအညီ စတင် ပေးနိုင်ဖို့ အတွက် အသေးစိပ် လာရောက် ညှိနှိုင်းတာပါ။ သဘောက ဒုက္ခ သည်တွေက တိုင်းရင်းသား ဒေသအထဲမှာဘဲ ရှိတယ်လေ။” ဟု ဆိုပါသည်။
အကူအညီ ပေးရေး အစီအစဉ်များကို ပြည်တွင်းမှ တဆင့်သာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဆိုပါသည်။ ထောက်ပံ့မှု များမှာ ရိက္ခာနှင့် ဆေးဝါးများကိုသာ ဦးစားပေးမည် ဖြစ်ပြီး ပမာဏအားဖြင့် ပထမ အဆင့်၌ အမေရိကန် ဒေါ် လာ (၃) သိန်းခန့် ကူညီ ပေးသွားမည် ဖြစ်ပြီး ဒုတိယ အဆင့် ဖြစ်သည့် အမေရိကန် ဒေါ်လာ (၂.၇) သန်းကိုမူ လာမည့် ၂၀၁၃ ခုနှစ်၌ ထောက်ပံ့မည် ဖြစ်ပါသည်။
အကူအညီ ပေးရေး အစီစဉ်ကို နီပွန် ဖောင်ဒေးရှင်း အဖွဲ့၊ UNFC အဖွဲ့နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) အဖွဲ့ တို့က ပထမ အကြိမ် အဖြစ် ပူးပေါင်း အကောင်အထည် ဖော်ရန် ဖြစ်ပါသည်။
ဆွေးနွေးပွဲ တက်ရောက် သူများမှာ နိပွန် ဖောင်းဒေရှင်းမှ ဒါရိုက်တာ မစ္စတာ မူရီအပါ၀င် ခေါင်းဆောင် (၂) ဦးနှင့် Myammar Peace Center မှ ကိုယ်စားလှယ် (၃) ဦး တက်ရောက်ကြပြီး UNFC ဖက်မှ PNLO ပအို့ဝ် အမျိုးသား လွတ် မြောက်ရေး အဖွဲ့၊ SSPP ရှမ်းပြည် တိုးတက်ရေး ပါတီ၊ KIO ကချင် လွတ်လွပ်ရေး အဖွဲ့၊ ANC ရခိုင် အမျိုး သား ကောင်စီနှင့် KNPP ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ တို့ဖြစ်ကြပါသည်။
နီပွန် ဖောင်ဒေးရှင်သည် မြန်မာ နယ်စပ်ဒေသ တလျှောက်တွင် ရှိသော နေရပ် စွန့်ခွါ ထွက်ပြေး တိမ်းရှောင် နေရသူ ဒုက္ခသည် များအတွက် ဒေါ်လာ ၃ သန်း အကူညီပေးရန် UNFC နှင့် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက် နေ့ ဂျပန်နိုင်ငံ၌ ဆွေးနွေးစဉ် သဘော တူညီခဲ့ခြင်းဖြစ်ပါသည်။
တိုင်းရင်းသား ဒေသတွင် နေရပ် စွန့်ခွာ ထွက်ပြေးသူ ဒုက္ခသည် ၁ သန်းကျော် ရှိနေကြောင်း ပြီးခဲ့သည့် အောက်တို ဘာလ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်တွင် နိပွန် ဖောင်ဒေးရှင်း အဖွဲ့ ဥက္ကဌ မစ္စတာ ယိုဟဲအိ ဆာဆာကာဝါ (Yohei Sasakawa) က ပြောကြား သွားခဲ့သည်။
နိပွန် ဖောင်ဒေးရှင်းသည် ၁၉၇၆ ခုနှစ်မှ စ၍ မြန်မာနိုင်ငံကို စတင် အကူအညီ ပေးခဲ့ပါသည်။ ထို့အပြင် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ဘက်စုံ ဖွံ့ဖြိုးရေး အစီစဉ် အတွက်လည်း အမေရိကန် ဒေါ်လာ ၈၈ သန်းကျော် ကူညီခဲ့ပါသည်။ အထူးသဖြင့် ကျန်းမားရး ပညာရေးနှင့် လူမှုရေး စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများတွင် ကူညီခဲ့ပါသည်။
http://phophtaw.org/burmese/index.php/news/internation-news/2384-----unfc----.html