December 14, 2012

မြဝတီမြို့တွင် ဒီကေဘီအေ ဆန္ဒပြ

ဒီဇင်ဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရသံဃာများကို တောင်းပန်ရန်နှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-ဒီကေဘီအေ ဦးဆောင်၍ ယနေ့မနက် ရနာရီကျော်တွင် ဆန္ဒပြခဲ့ကြ သည်။
အဆိုပါ ဆန္ဒပြမှုတွင် ဒီကေဘီအေအပြင် ဗိုလ်မှူးချုပ် စောထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့များလည်း ပါ၀င်ပြီး စစ်ယူနီဖောင်းများနှင့်အတူ ကားအစီး ၁၀စီး၊ လူအင်အား ၈၀ ဖြင့် လက်ပံတောင်း တောင် စီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရသံဃာ တော်ပုံများ၊ စာတမ်းများကိုင်ဆောင်ကာ မြဝတီမြို့ တွင် လှည့်လည်ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြမှုကို ဒီကေဘီအေ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူး စောဆန်းအောင်က “မြန်မာနိုင်ငံမှာ အထူးသဖြင့် လက်ပံတောင်းတောင် စီမံကိန်းမှာ ဒဏ်ရာရ သံဃာတော်တွေကို အစိုးရအနေနဲ့ ပြန်တောင်းပန်ဖို့ပါ။ နောက် ကချင်ဒေသဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ပေးဖို့ပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းတို့၏ တောင်းဆိုမှုများကို မြဝတီမြို့နယ်ထဲတွင် လက်ရှိ တာဝန်ထမ်းဆောင် မြန်မာအစိုးရတပ် တပ်မ(၇၇) တပ်မမှူးက လက်ပံတောင်း တောင် စီမံကိန်း၌ ဆန္ဒပြသူများကို အကြမ်းနှိမ်နင်းခဲ့သည့် ရဲများကို အရေးယူ ဆောင် ရွက်ပေးမည်ဟု တုံ့ပြန်သွားသော်လည်း တစုံတရာ မလုပ်ဆောင်ပေးပါက ဒီကေဘီအေ အနေဖြင့် ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးစော ဆန်းအောင်က ဖြည့်စွက်ပြောဆိုသည်။
ဒီကေဘီအေ ဆန္ဒပြပွဲနှင့် ပတ်သက်၍ မျက်မြင်သက်သေ မြဝတီမြို့ခံတစ်ဦးက “ဒီမနက် သူတို့ ဆန္ဒပြတာ မြဝ တီမြို့ ဘုရင့်နောင်စျေးကနေ ကြခတ်တောရကျောင်းလမ်းဘက်ကို သွားတယ်။ အစိုးရအနေနဲ့ သံဃာတော် များကို ပြည်လည်တောင်းပန်ဖို့ သူတို့တွေ ကြွေးကြော်ခဲ့ကြတယ်။ မြို့ကို လှည့်ပြီး ဆန္ဒပြတာပေါ့။ နောက် ဆုံဆည်းမြိုင်ဘက်ကို သူတို့ ပြန်တက် သွား တယ်”ဟု ပြောသည်။
မြဝတီမြို့တွင် ဒီကေဘီအေနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့တို့ပူးပေါင်း၍ ယခု ဆန္ဒပြမှုသည် ပထမဦးအကြိမ်ဖြစ်ပြီး ဆန္ဒပြပွဲကို နံနက် ၈ နာရီကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နို၀င်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသပိတ်စခန်း ၆ ခုကို မြန်မာအစိုးရအာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲခဲ့ရာ သံဃာတော် အပါး ရ၀ ကျော်နှင့် လူထု ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

http://www.kicnews.org/?p=14733
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India