December 14, 2012

KIO ဌာနချုပ် အနီး တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်များသုံး တိုက်ခိုက်

ချင်းမိုင်(မဇ္စျိမ)။   ။ တလ အတွင်း နိုင်ငံရေး စတင်ဆွေးနွေးမည်ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးတွင်
သောကြာနေ့ နံနက်ပိုင်းမှ စတင်၍ အစိုးရဘက်မှ စစ်ရဟတ်ယဉ်များနှင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ
သည်ဟု KIO ပြောခွင့်ရသူ ဦးလနန် က ပြောသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ လဂျားယန် ကျေးရွာအနီးတွင် KIO ၏ ဗဟိုလုံခြုံရေး ရှေ့တန်းတပ်ဖွဲ့နှင့် အစိုးရ၏ တပ်ရင်း ခမရ ၃၈၃၊ ၃၈၈ နှင့် ခလရ ၄၀ တပ်ဖွဲ့များ နံနက် ၆ နာရီခန့်မှ စ၍ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ဒီနေ့ မနက် ၆နာရီကနေ စပြီးတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ အခုလည်း ပစ်ခတ်တုန်းပါ။ ၁၁ နာရီ ပတ်ဝန်းကျင်မှာ MI 24 စစ်ရဟတ်ယဉ် နှစ်စီးနဲ့ လာပစ်ခတ်တာမျိုး လုပ်တယ်။ ဒါ ပထမဆုံးအကြိမ် ဗဟိုနဲ့ အနီးဆုံးနေရာမှာ ရဟတ်ယဉ် အသုံးပြုတာ ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမယ်” ဟု မဇ္စျိမကို
ပြောသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အစိုးရ အမြောက်စခန်း၊ ခမ်းကိုင်တောင်ပေါ်မှ ၁၀၅ မမနှင့် ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကူညီပေးနေသည်ဟု သူက မဇ္စျိမကို ပြောသည်။

“ဒီရှေ့တန်းမှာက မြေပြင်ကနေ ထိုးစစ်ဆင်တယ်။ ရဟတ်ယဉ်ကနေ ပြန်ပြီးတော့ ပစ်ကူပေးတာမျိုး လုပ်နေတယ်။ ဒီပုံစံအတိုင်းဆိုရင် ပြင်းထန်းမယ့်ပုံပဲ။ ပန်ဝါဘက် သူတို့ အထိအခိုက်များလို့ ဒီဘက်ကို ထိုးစစ်ဆင်တဲ့သဘောလို့ပဲ ယူဆတယ်”ဟု သူက ဆက်ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေ မသိရှိရသေးကြောင်း သူက ပြောသည်။

လိုင်ဇာမြို့ စစ်ဘေးဒုက္ခသည်အချို့က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသဖြင့် စိုးရိမ်နေကြသည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ တိုက်ပွဲပေါင်း ရ၄ ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကချင်ပြည်နယ်အတွင်း အစိုးရတပ်ဘက်မှ ထိုးစစ်ဆင်ခြင်း ရပ်ဆိုင်းထားရန်အတွက် သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေးဦးစီးချုပ် (ထိုစဉ်က)ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ညွန်ကြားပြီးနောက် ယနေ့ထိ တိုက်ပွဲပေါင်း အနည်းဆုံး ၁၃၆၀ ဖြစ်ပွားခဲ့သည်ဟု KIO ဘက်မှ ဆိုသည်။

လိုင်ဇာအနီး အစိုးရ စစ်အင်အား အမြောက်အများ ချထားခြင်း မရှိသော်လည်း ယနေ့ စစ်ရဟတ်ယဉ်များ အသုံးပြုလာ၍ ရုတ်တရက် တပ်အင်အား ပို့ဆောင်နိုင်သည့် အခြေအနေမှာ ရှိနေသည်ဟု ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO ထံ တရားဝင် ကမ်းလှမ်းထားမှုရှိကြောင်းလည်း သိရသည်။

“KIO နဲ့ ပတ်သက်တွေ့ဖို့လည်း ကမ်းလမ်းထားဆဲပါပဲ။ ဝန်ကြီး ဦးအောင်မင်းအနေနဲ့ တရားဝင် ကမ်းလှမ်းထားတာရှိ
တယ်။ သူတို့အကြောင်းပြန်မှာကို စောင့်နေတယ်။ ဒီရက်ပိုင်းလေးမှာပဲ” ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

သို့သော် ထိုသို့ စစ်ရဟတ်ယဉ်များ အသုံးပြု တိုက်ခိုက်နေသဖြင့် နှစ်ဖက် ပြန်လည် တွေ့ဆုံရန် အစိုးရဘက်မှ ကမ်းလှမ်းလာပါက KIO ဘက်မှ လက်ခံရန် ခက်ခဲကြောင်း ဦးလနန်က ပြောသည်။ 

“ဒီလို တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ သူတို့ အစိုးရဘက်မှ ပြန်တွေ့ဖို့ အကြောင်းကြားလာမယ် ဆိုရင်တော့ ကျနော်တို့ဘက်ကတော့ ဒီကိစ္စကို သိပ်စဉ်းစားမယ့် အချိန် မရှိသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု အစိုးရ ငြိမ်းချမ်ရေးလုပ်ငန်းကော်မတီနှင့် KIO တို့ တွေ့ဆုံစဉ် တလအတွင်း နိုင်ငံရေး စတင်ဆွေးနွေးမည်ဟု ဝန်ကြီးဦးအောင်မင်း က ပြောဆိုထားခဲ့ပြီး ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/10582-kio------.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India