“ ဒီဘက်မှာတော့ တိုက်ပွဲကနေ့တိုင်းဖြစ်နေတာဘဲ။ တိုက်ပွဲကြီးတော့ မဟုတ်ပါဘူး။ မနေ့ကလဲ အရင်ကဖြစ်ခဲ့တဲ့ နေရာမှာ ဘဲ ပန်ကနိုင်ရွာ- မန်ပွန်ရွာကြားမှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ ပူးပေါင်းတပ်ကတော့ ကျနော်တို့ (၁၁၂) တပ်ရင်းနဲ့ KIA တပ် မဟာ(၄)တပ်ရင်း (၈) ပူးပေါင်းထားတဲ့တပ်ဖြစ်တယ်။ အစိုးရဘက်ကတော့ အရင်ကလိုဘက်တံ ဆိပ် တွေမှာ တပ်ရင်းနံပါတ်တွေ မတပ်တော့ဘူးဗျ။ ရတခကလား၊ တပ်မကလွှတ်လာတာလားဆိုတာ မသိရတော့ဘူး၊ ဒါကနည်း ပရိယာယ်အသစ်လဲ ဖြစ်နိုင်ပါတယ်။ စုံစမ်းနေဆဲပါ။” ဟု ဆိုပါသည်။
ထိခိုက်ဒဏ်ရာ ရရှိမှုများ မသိရှိရသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့သည် စစ်ကြောင်းဖြင့် လှုပ်ရှားလာသော အစိုးရစစ်ကြောင်း များကို ပျောက်ကြားစနစ်ဖြင့် လိုက်လံတိုက်ခိုက်ခဲ့သဖြင့် အစိုးရဖက်က ချွေစစ်ခံနေရကြောင်း ဆိုပါသည်။
အလားတူ KIA တပ်မဟာ (၁) ဧရိယာရှိ ပန်ဝါစစ်ဒေသတွင် အခြေစိုက်ထားသော အူရားကောင် (U Ra Kawng) စခန်း နှင့် မဝေးလှသော အစိုးရစခန်းငယ်တခုကို KIA တပ်ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာ (၂၀) ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း KIA ကဆိုပါသည်။ အဆိုပါစခန်းသည် နယ်ခြားမှတ်တိုင် (၅/၆) ကို ပိုင်းထားသဖြင့် အစိုးရတပ်ဖွဲ့များကို ခါးပြတ်စေပြီး အစိုးရစစ်ဆင်ရေးကိုပါ ထိရောက်သော အနှောက်အယှက်များ ပေးနိုင်ခဲ့သည်ဟု ဆိုပါသည်။
အစိုးရ၏ ပန်ဝါစစ်ဆင်ရေးသည် အရေးနိမ့်ခဲ့သည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။ မြောက်ပိုင်းတိုင်း တိုင်းမှူးကိုယ် တိုင် ကြီးကြပ်ပါ၀င် စစ်ဆင်ရေးဖြစ်သည်။ မြောက်ပိုင်းတိုင်း တိုင်းမှူးသည် တပ်မ (၈၈) တပ်မှူးဘဝမှ တိုင်းမှူးဖြစ်လာခဲ့သူ ဖြစ်ပါသည်။ သူသည်တပ်မမှူးဘဝကတည်းကပင် (၂၀၁၁) ခုနှစ်မှစပြီးKIA အားစစ်ဆင်ခဲ့သူဖြစ်သည်။ သို့သော်တပ်မမှူး ဘဝတလျှောက်လုံး၌ စစ်ရေးဦးကြိုးလာခဲ့သူဟု KIA ကဆိုပါသည်။
အစိုးရ၏ စစ်ရေးလှုပ်ရှားမှုများသည် KIA တပ်မဟာများတွင် သိသိသာသာလျှော့ချလာပြီး လိုင်ဇာဌာနချုပ်ကို ပြင်းပြင်း ထန်ထန်စစ်ဆင်လာပါသည်။ ဤစစ်ဆင်ရေးသည် တဖြည်းဖြည်းပြင်းထန်လာနေပြီး KIA နှင့် အစိုးရတို့၏ နောက်ဆုံးအား စမ်းပွဲဟု ယူဆရကြောင်း စစ်ရေးအကဲခတ်များက ဆိုပါသည်။
ဓါတ်ပုံ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) |
လက်ရှိ လိုင်ဇာစစ်ဆင်ရေး၌ အထူးတပ်ကိုပင် သုံးနေရပါသည်။ ဤအထူးတပ်ကို KIA သည် အိန္ဒိယနယ်စပ် တိုက်ပွဲများ၌ ရင်ဆိုင်ဖူးပြီးဖြစ်သည်။ အဝိုင်းခံနေရသော အစိုးရတပ်ကို အထူးတပ်ဖြင့် ၀င်ရောက်ကယ်ဆယ်သည့် တပ်ဖွဲ့မျိုးဖြစ်ကြောင်း
သိရပါသည်။
KIA ၏တိုက်ပွဲများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးအတွက် အဆုံးအဖြတ်ပေးသော တိုက်ပွဲများ ဖြစ်ပါသည်။ အခြားတိုင်းရင်းသားအဖွဲ့များသည် အစိုးရ၏ သွေးခွဲရေးစနစ်ကို နားလည်သည်ဆိုသော်လည်း လက်တွေ့မ ကျင့်သုံးနိုင်သည့် ဘဝ၌ ရှိနေခဲ့ပါသည်။ ဤသို့ကြောင့် တိုင်းရင်းသားများ၏ တပ်ပေါင်းစုသည်လည်း တလျှောက်လုံးခိုင် မာမှုမရှိခဲ့ခြင်းဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2548-2012-12-22-13-05-57.html