Wednesday, January 02, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာနိုင်ငံ ကချင်ပြည်နယ် အတွင်း အစိုးရတပ်တွေက လေကြောင်း ပစ်ကူတွေနဲ့
တိုက်ခိုက်နေတဲ့ သတင်းတွေ ကြားသိရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မနေ့က ပြောလိုက်ပါတယ်။
Photo: Free Burma Ranger
MI24 ရဟတ်ယာဉ်မှ ဒုံးပျံပစ်လွှတ်နေပုံ
ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နဆာကီ က ကချင်ပြည်နယ်တွင်းက
တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းတွေ ထွက်ပေါ်လာနေဆဲဖြစ်သလို၊
အနီးကပ်စောင့်ကြည့်နေဆဲလည်း ဖြစ်ပါတယ်၊ ဒီအတွင်း မြန်မာအာဏာပိုင်တွေအနေနဲ့
ဒေသတွင်းပြည်သူတွေအတွက် အသက်အန္တရာယ်ရှိတဲ့၊ ဒေသတွင်း ပဋိပက္ခတွေ
ပိုပြီးပြင်းထန်သွားမယ့် ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမှမလုပ်ဖို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် က တိုက်တွန်းလိုက်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရဟာ ၁၉၈၈ခုနှစ်
ပြည်သူ့ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုကြီး နောက်ပိုင်း ၁၇နှစ်ကြာ
အပစ်အခတ်ရပ်စဲထားခဲ့ရာက စစ်ရေးပဋိပက္ခတွေပြန်ဖြစ်လာခဲ့တာ
နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ လက်ရှိပဋိပက္ခတွေကြောင့်
ဒေသခံလူထုတွေအများအပြား နေရပ်စွန့်ထွက်ပြေးခဲ့ကြရပြီး
အကူအညီတွေလိုအပ်နေပါတယ်။ ဒုက္ခသည်တွေဆီကို အကူအညီတွေ အချိန်မီ
ရောက်ရှိနို်င်ရေးဟာ အရေးကြီးနေပါတယ် လို့လည်း ကုလသမဂ္ဂပြောခွင့်ရသူ
မာတင်နဆာကီ က ပြောပါတယ်။
http://www.rfa.org/burmese/news/un-worry-air-strike-kachin-01022013221829.html
Posted in: ကချင်,နိုင်ငံတကာသဘောထား,သတင်း
Email This
BlogThis!
Share to Facebook