Friday, January 25, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အစိုးရတပ်ဖွဲ့များအနေနဲ့ KIO ကို ထိုးစစ်ဆင်ခြင်း မပြုဘဲ မိမိကိုယ်
ခုခံကာကွယ်ရေးအတွက် သာ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်
ဦးရဲထွဋ်ရဲ့ ပြောဆိုချက် ကို KIO ကချင် လွတ်မြောက်ရေးအဖွဲ့က
ကန့်ကွက်လိုက်ပါတယ်။
Photo: AFP
တောနယ်ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရတပ်ဖွဲ့တစ်ဖွဲ့ကို တွေ့ရစဉ်
အစိုးရတပ်ဖွဲ့တွေဟာ အမိန့်နာခံသူတွေဖြစ်ပြီး KIA တပ်ဖွဲ့တွေကို
ထိုးစစ်ဆင်ခြင်းမပြုဖို့ အမိန့်ကိုပေးထားတာကို နာခံနေကြောင်း မိမိကိုယ်မိမိ
ကာကွယ်ရေးအတွက် တိုက်နေတာဖြစ်တယ်လို့ မနေ့က အင်တာဗျူးတစ်ခုမှာ
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောခဲ့ပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး KIO က ကန့်ကွက်လိုက်တာပါ။
ဒ့ါအပြင် KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က အစိုးရတပ်များက အခုလက်ရှိ
ထိုးစစ်ဆင်နေတဲ့ ခါရာဘိုတောင်ကုန်းအပါအဝင် လဂျားယန်ဒေသက ရ၇၁ တောင်ကုန်း၊
ဂျာမန်ကုန်း ဆွန်ရမ်ဘုံ စတဲ့ သိမ်းပိုက်လိုက်တဲ့ တောင်ကုန်းတွေဟာ KIA
တပ်ဖွဲ့တွေ အစဉ်အဆက် တပ်စွဲထားတဲ့ တောင်ကုန်းတွေဖြစ်ပြီး အစိုးရတပ်တွေက
ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထားတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/kio-army-defence-naglet-01252013094115.html
Posted in: ကချင်,ကချင်စစ်ဆင်ရေး,စစ်ဆင်ရေး,သတင်း,အစိုးရ
Email This
BlogThis!
Share to Facebook