စစ်ပြေးဒုက္ခသည်များအရေး ကူညီရန် ပြင်ဆင်မှုများနှင့် ပတ်သက်၍ အဆိုပါ အမှတ် 701 တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံ တော် ဆင့် အားဤကဲ့သို့ ပြောသည် ။
“တကယ်လို့ ဒုက္ခသည်တွေရောက်လာရင် အကူအညီပေးဖို့ ပြောထားတာတော့ရှိတယ်။ စားနပ်ရိက္ခာက အစပေါ့နော်။ လောလော ဆယ် ဒုက္ခသည်တွေ ရောက်လာတာ မရှိသေးပါဘူး။ နေရာချထားရေးနဲ့ ပတ်သက်လို့တော့ ကချင်နဲ့ သျှမ်းပြည် နယ်စပ်ဘက်မှာ လို့တော့ သိရတယ် ။” ဟု ဆိုသည် ။
လွန်ခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ကချင်ပြည်နယ် အတွင်း KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးတွင် KIA နှင့် မြန်မာ အစိုး ရတပ်တို့ အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌လည်း အစိုးရတပ် လှုပ်ရှားမှု များ ပိုမိုများပြားလာရာ စစ်ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည် ။
KIAနှင့် အစိုးရတပ်တို့ တိုက်ပွဲများအတွင်း ဒုက္ခသည်များ တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်သူများရှိနေပြီး ကချင် နှင့် သျှမ်း ဒေသခံ စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်မလာစေရန် တရုတ်နယ်စပ် လုံခြုံရေး တင်းကြပ် ထားကြောင်း သိရသည် ။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3769---ssa-701--.html