“ကျနော်တို့နားလည်းထားတာက BGF ကအစိုးရလစာယူထားတယ်။ တပ်မှာလည်းအစိုးရ တပ်ရင်းမှူးတွေ 28 ယောက်တောင်ပါတယ်သူတို့လှုပ်ရှားမှုကတော့နေရာအသီးသီးမှာ ရှိတယ်။ အစိုးရ ဖွဲ့စည်းပုံအရလို့ ပြော တာပဲ။ အစိုးရက BGF ကို လစား ပေးထားတာဆိုတော့ စစ်ဖြစ်တာက အစိုးရမှာ တာဝန်ရှိတယ်။ ကျနော်တို့ကို ြငိမ်းချမ်းရေး အရ နည်းတနည်းနဲ့ ထိန်းချုပ်တာမျိုးတော့ မလိုးလားဘူး” ဟု ဗိုလ်မှူးြကီးစန်းအောင် ကဆိုပါသည်။
April 30, 2013
ပစ်ခတ်မှု ပဋိပက္ခကို DKBA နှင့် BGF တို့ဖြေရှင်း
“ကျနော်တို့နားလည်းထားတာက BGF ကအစိုးရလစာယူထားတယ်။ တပ်မှာလည်းအစိုးရ တပ်ရင်းမှူးတွေ 28 ယောက်တောင်ပါတယ်သူတို့လှုပ်ရှားမှုကတော့နေရာအသီးသီးမှာ ရှိတယ်။ အစိုးရ ဖွဲ့စည်းပုံအရလို့ ပြော တာပဲ။ အစိုးရက BGF ကို လစား ပေးထားတာဆိုတော့ စစ်ဖြစ်တာက အစိုးရမှာ တာဝန်ရှိတယ်။ ကျနော်တို့ကို ြငိမ်းချမ်းရေး အရ နည်းတနည်းနဲ့ ထိန်းချုပ်တာမျိုးတော့ မလိုးလားဘူး” ဟု ဗိုလ်မှူးြကီးစန်းအောင် ကဆိုပါသည်။
SSPP တပ်များနှင့် အစိုးရ တင်းမာမှု အခြေအနေ
လူထုကို အကြပ်အတည်း ဖြစ်စေသည့် နည်းဖြင့် KIA အား ထိန်းချုပ်
မြစ်ကြီးနား၌ တွေ့ဆုံရန် အစိုးရ ကမ်းလှမ်းခြင်းသည် မရေရာ သေးဟု KIO ကဆို
တရုတ်ထံမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ရရှိသည်မှာ မဟုတ်ကြောင်း UWSA ငြင်းဆို
ချင်းမိုင်(မဇ္စျိမ)။ ။ တရုတ်အစိုးရထံမှ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA သို့ လက်နက်တပ်ဆင် ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပေးပို့ခဲ့သည်ဟူ၍ သတင်းထွက်ပေါ်လာမှုအား ဝ တပ်ဖွဲ့မှ ငြင်းဆိုလိုက် သည်။ wa-controll-area-shanIHS သတင်းအချက်အလက် ကုမ္ပဏီ၏ ကာကွယ်ရေးနှင့် လုံခြုံရေး ထောက်လှမ်းမှုနှင့် သုံးသက်မှု အင်တာနက် စာမျက်နှာ တွင် ရေးသားထားသည့် “မြန်မာ ခွဲထွက်ရေးသမားများထံ တရုတ်က လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်များ ပေးပို့” ဆိုသည်ကို UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။ “မဟုတ်ပါဘူး။ ဟုတ်တယ်ဆိုရင်လည်း ဒီကိစ္စက ကြီးသွားမှာပေါ့။ ဒါ မဟုတ်တာ သေချာတဲ့ အကြောင်းပါပဲ။ ရဟတ်ယာဉ်တွေ တင်ပို့တယ်ဆိုရင် ဘယ်သူက မောင်းမှာလဲ။ သိလည်း မသိဘူး။ ဟုတ်လည်း မဟုတ်ဘူး။ အလကား လျှောက်ပြောနေတာပါ” ဟု မဇ္စျိမကို ပြောသည်။ တရုတ်နိုင်ငံက စစ်သုံး အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် Mil Mi-17 'Hip' အမြောက်အများကို ဖေဖော်ဝါရီလ နှောင်းပိုင်းနှင့် မတ်လဆန်းက ပေးပို့ခဲ့ပြီး ယင်းတို့တွင် ဝေဟင်မှ ဝေဟင်ပစ် TY-90 ဒုံးကျည် များတပ်ဆင်ထားသည်ဟုလည်း အစိုးရနှင့် တိုင်းရင်းသား သတင်းရင်းမြစ်များကို ကိုးကား၍ IHS က ရေးသားသည်။ အဆိုပါ မီ ၁၇ ရဟတ်ယာဉ် ၅ စင်းကို တရုတ်ပြည်မှ တိုက်ရိုက်ပေးပို့ခဲ့ခြင်း မဟုတ်ဘဲ လာအို နိုင်ငံမှ မဲခေါင်မြစ်ကို ဖြတ်သန်းကာ ပျံသန်းပေးပို့ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရင်းသားလူနည်းစု စစ်သတင်းရပ်ကွက်အား ကိုးကား၍ ရေးသားထားသည်။ သို့သော် UWSA ကို တရုတ်နိုင်ငံက ရဟတ်ယာဉ်များ ပေးပို့သည်ဆိုသော သတင်းမှာ မဖြစ်နိုင်သေးကြောင်း တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ဆိုသည်။ “တရုတ်ဝယ်လည်း ရတယ်။ ဝယ်လည်း ရောင်းတာကိုး။ ကျနော်လည်း အခိုင်အမာ ပြောဖို့ စောသေးတယ်။ အခြေအနေ နည်းနည်း စောင့်ကြည့်မယ်။ နိုင်ငံခြား ပေါ်လစီနဲ့ဆိုင်တော့ ကျနော်တို့ အတည်ပြုပေးလို့ မရဘူး။ ဒီကိစ္စက။ လောလောဆယ်တော့ မဖြစ်သေးဘူး။ နောက်ပိုင်းတော့ ဖြစ်လာနိုင်တာကတော့ ရှိတယ်လို့ ထင်တယ်” ဟု မဇ္စျိမကို ပြောသည်။ သူက ဆက်ပြီး “ကျနော်အမြင်နဲ့တော့ မဟုတ်ဘူးဆိုတာလည်း မပြောနိုင်ဘူး။ ရေရှည်မှာ ဖြစ်နိုင်ခြေအလားအလာ ဖြစ်ဖို့ များတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒီလို သဘောမျိုးရှိတယ်။ အစိုးရက ပါးစပ်က ငြိမ်းချမ်းရေး ပြောပြီး တကယ်တော့ မငြိမ်းချမ်းတဲ့ သဘော ဖြစ်တာကိုး။ ကိုယ့်အနေနဲ့လည်း ပြင်ရမယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်” ဟု ပြောသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ်၏ အနောက်ဘက်တလျှောက် အစိုးရ စစ်ကြောင်းများ လှုပ်ရှားမှုများလည်း ရှိနေကာ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့အား လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြံုရေးအတွက် ၎င်းမြို့နယ် အတွင်းရှိ စခန်းကို အစိုးရတပ်မှ ဖယ်ရှားခိုင်းခြင်းမှာလည်း စဉ်းစားစရာ ဖြစ်နေသည်ဟု သူက ဆိုသည်။ အကယ်၍ တရုတ်ပြည်မှ Mil Mi-17 'Hip' များ UWSA ရရှိခဲ့ခြင်း မှန်ပါက မြန်မာ့တပ်မတော်က ရုရှမှ မကြာမီက ရရှိထားသော တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-24P 'Hind' gunships များကို ထိရောက်စွာ ဟန့်တားနိုင်လိမ့်မည် ဖြစ်ကြောင်း IHS က ရေးသားထားသည်။ အဆိုပါ Mi-24P တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဖြစ်ပွါးခဲ့သည့် စစ်ဆင်ရေးများတွင် အစိုးရတပ်မှ အသုံးပြုခဲ့သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် UWSA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှ စစ်အင်အား အကြီးမားဆုံး ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် တရုတ်နယ်စပ်ဒေသများတွင် အခြေစိုက်သည်။ UWSA သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်ခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/11462-2013-04-30-10-30-01.html
စစ်သုံး ရဟတ်ယာဉ်များ တရုတ်ထံမှ မရဟု “ဝ” ငြင်းဆို
တရုတ်နိုင်ငံက TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ဖေဖော်ဝါရီလ ကုန်ပိုင်းနှင့် မတ်လဆန်းက UWSA အဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်တခုကို ကိုးကား၍ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ Jane’s Intelligence Review က ဖော်ပြခဲ့သည်။
“မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းတွေပဲလို့ ယူဆပါတယ်၊ ကျနော်တို့ကို ရဟတ်ယာဉ် ပေးတယ်တို့ ဘာတို့ ညာတို့။ ရဟတ်ယာဉ်ပေးတော့ ဘယ်သူက လာမောင်းမှာလဲ၊ ကျနော်တို့ဆီက ဘယ်သူက မောင်းတတ်မှာလဲ၊ ဘယ်အဖွဲ့အစည်းက သွားမောင်းမလဲ” ဟု UWSA အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
Mi-17 အမျိုးအစား ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံမှ တိုက်ရိုက်ရောက်ရှိလာခဲ့ခြင်း မဟုတ်ဘဲ လာအိုနိုင်ငံမှ တဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ပေးပို့ လိုက်သော ရဟတ်ယာဉ်မှာ ၅ စီးဟု ဆိုသော်လည်း မြန်မာအစိုးရ သတင်းရင်းမြစ်တခု၏ အတည်ပြုချက် အရ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်မှာ ၂ စီးသာဖြစ်ကြောင်း အဆိုပါ Jane’s Intelligence Review ၏ သတင်းတွင် ဖော်ပြထားသည်။
သို့သော် မြန်မာ့အရေး ကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာကမူ Jane’s Intelligence Review ပါ သတင်းဖော်ပြချက်သည် မှန်ကန်နိုင်သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။
မြန်မာစစ်တပ်၏ စစ်ရေးအမြင်အရ UWSA အဖွဲ့ကို ပစ်ခတ်နိုင်သည့် အနေအထားသို့ ရောက်နိုင်ရန်အတွက် ယခုအခါ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အား ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဦးအောင်မြင့်ကမူ ယခုအခါ ၎င်းတို့၏ UWSA အနေဖြင့် ဒေသတွင်း၌ ဖွ့ံဖြိုးရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကိုသာ လုပ်ဆောင်နေကြောင်း ပြောသည်။
“ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ပဲလေ” ဟု သူက ဆိုသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလက မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု ပြန်လည် လုပ်ဆောင်ခဲ့သည့် UWSA အဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံး အဖွဲ့တခုဖြစ်ပြီး ခန့်မှန်းခြေ စစ်သည်အင်အား ၂ သောင်းကျော်ရှိ၍ တရုတ်-မြန်မာ နယ်စပ် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ရှမ်းပြည် အရှေ့မြောက်ဒေသ ပန်ဆိုင်းတွင် ဌာနချုပ်ထားရှိသည်။
လေ့လာသူများ အဆိုအရ UWSA အဖွဲ့သည် မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိခဲ့ပြီး မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများတွင် စီးပွားရေးလုပ်ငန်း များစွာ ပိုင်ဆိုင်ကာ ငွေကြေးကြွယ်ဝသည်ဟု ဆိုကြသည်။
UWSA ကမူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထောက်ခံထားပြီး မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဦးအောင်ကျော်ဇောကမူ အစိုးရ စစ်တပ်အနေဖြင့် SSA မြောက်ပိုင်း၏ တောင်ပေါ် အခြေစိုက် စခန်းများကို ရယူလိုနေသည်မှာ UWSA ကို တိုက်ခိုက်လိုသည့် လက္ခဏာဖြစ်ကြောင်း၊ အကယ်၍ UWSA အဖွဲ့အား အစိုးရစစ်တပ်က စစ်ဆင်ခဲ့လျှင် UWSA အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများ ရှိကောင်းရှိနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရှမ်း (မြောက်) SSA- N နဲ့ အစိုးရနဲ့ အပစ်အခတ် (ရပ်စဲရေး) ယူပြီးကတည်းက စစ်တပ်က သူတို့ ဘယ်တပ်မှ ရုပ်သိမ်း မသွားသေးတဲ့ အပြင် တပ်အင်အားပါ တိုးချဲ့ခဲ့တယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဒီတော့ ၀ တပ်ဖွဲ့ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ချင်တာပေါ့” ဟု သူက ဆိုသည်။
တရုတ်နိုင်ငံက UWSA အား တိုက်ခိုက်ရေး ရဟတ်ယာဉ်ပေးသည် ဆိုသည့်သတင်း ထွက်ပေါ်လာချိန်သည် SSA မြောက်ပိုင်းနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း UWSA ပြောခွင့်ရ ဦးအောင်မြင့်က ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး ပြောဆိုထားပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်သည်မှာ မဖြစ်သင့်ကြောင်း ပြောသည်။
“ဒါကတော့ မကောင်းဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေး ယူပြီးမှ ဒီလိုဖြစ်နေတာ ဒါ ဘယ်ဖြစ်သင့်မလဲ” ဟု သူက ဆိုသည်။
“၀” ခေါင်းဆောင်များနှင့် နီးစပ်သူလည်းဖြစ်သူ ဦးအောင်ကျော်ဇောက ရဟတ်ယာဉ်များ အပါအဝင် ၄င်းတို့၏ စစ်တပ်တွင် ပို၍ ခေတ်မီသည့် လက်နက်များ လိုအပ်ကြောင်းနှင့် “၀” ဒေသအား အားကောင်းစေလိုသည်ဟု “၀” ခေါင်းဆောင်များက ၄င်းအား ပြောဆိုခဲ့ဖူးကြောင်း ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ၂၀၁၂ အောက်တိုဘာလ အစောပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် “၀” ပြည် သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA) ဒု ဥက္ကဋ္ဌ ရှောက်မီလျံနှင့် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကြိဂံတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ယခင်က တာဝန်ယူခဲ့ဖူးသည်။
ထိုစဉ်က တွေ့ဆုံမှုသည် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့ပြီး ကချင်နှင့် တိုက်ပွဲများအပြီး UWSA နှင့်လည်း တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ထိုစဉ်က သတင်းများထွက် ပေါ်ခဲ့သေးသည်။
အစိုးရတပ်က ထိုးစစ်ဆင်နိုင်ခြေ ရှိမရှိနှင့် ပတ်သက်၍ ဦးအောင်မြင့်က “ကျနော်တို့ ပြောသံလေးတော့ ကြားတယ်။ ဒါကတော့ အခြေအနေဆိုတာ အပြတ်လည်းပြောလို့ မရဘူးလေ။ ဒါပေမယ့် ဒီကိစ္စက ဒီလို ဖြစ်မယ်၊ မဖြစ်ဘူး၊ ဒါ ဘယ်သူမှ ဒီလိုပါဆိုပြီး ပြောလို့ ရတာမှ မဟုတ်ပဲ” ဟု သူက ဆိုသည်။
UWSA သို့ စစ်လက်နက်များ ရောင်းချပေးသည်ဟူသော စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက ငြင်းဆိုခဲ့သေးသည်။ ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းက တရုတ်လုပ် PTL02 ဘီးတပ် တင့်ကားများ UWSA က ရရှိခဲ့ကြောင်း Jane’s Intelligence Review ၏ သတင်းရေးသားချက်ကို တရုတ်သံရုံး က ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
http://burma.irrawaddy.org/archives/38563
"ဝ"တပ်ကို တရုတ်အစိုးရက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ကူညီ
TY-90 အမျိုးအစား ဝေဟင်က ဝေဟင်ပစ် ဒုံးကျည်လက်နက်တွေ တတ်ဆင်ထားတဲ့ Mi-17 အလတ်စား ရဟတ်ယာဉ် တွေကို ဖေဖော်ဝါရီ လကုန်ပိုင်း နဲ့ မတ်လဆန်းမှာ ပေးပို့ခဲ့ကြောင်း မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး Jane’s Defence Weekly စာစောင်က ရေးသားထားပါတယ်။
အဲဒီ Mi-17 ရဟတ်ယဉ်တွေကို ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကမ္ဘာအနှ့ံ ရောင်းချရာမှာ များမကြာမှီကတင် တောင်တန်းဒေသတွေမှာပျံသန်းဖို့အတွက် အထူးမွမ်းမံထားတဲ့ အင်ဂျင်မျိုးအစားတွေထည့်သွင်း တပ်ဆင်ပြီး တရုပ်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို ရောင်းချခဲ့ကြောင်းသိရပါတယ်။ TY-90 အမျိုးအစားဒုံးကျည်တွေကတော့ တရုတ်နိုင်ငံထုတ်လက်နက် ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးလေ့လာသူဦးအောင်ကျော်ဇောကတော့ တိုင်းရင်းသားတပ်ဖွဲ့တွေကို တခြားတိုင်းပြည်တွေကလည်း ဒီရဟတ်ယာဉ်တွေ ရောင်းချနို်င်ဖွယ်ရှိတယ်လို့ RFA ကို ပြောပါတယ်။
"တရုတ်ပြည်က လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဒီလောက်ကြီးတဲ့ လက်နက်တွေကို မြန်မာပြည်နဲ့ ဆက်ဆံရေး ဒီလိုအခြေအနေမှာရောင်းမယ်လို့ မထင်ဘူး။ပေးမယ်လို့ မထင်ဘူး။ဒါပေမယ့် တစ်ခြားနိုင်ငံကနေ ဝယ်ယူနိုင်တဲ့ အနေအထားတွေ အများကြီး ရှိနိုင်တယ်။ကမ္ဘောဒီးယားနဲ့လာအိုတို့မှာလည်း ရှိတော့ မရောင်းသည့်တိုင် မပြောနိုင်ဘူး။"
အင်တာနက်ဝက်ဆိုဒ်တခုမှာ အဲဒီ ရုရှားနိုင်ငံလုပ် Mi-17 ရဟတ်ယဉ်တွေကို ဝယ်ယူတဲ့ အာရှနိုင်ငံတွေထဲမှာ တရုပ်နိုင်ငံအပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
Jane’s Defence Weekly စာစောင်က သတင်းမှာတော့ အဲဒီ Mi-17 ရဟတ်ယာဉ် ၅ စင်းကို တရုပ်နိုင်ငံကနေ "ဝ"ဒေသကိုတိုက်ရိုက်ပေးပို့တာမဟုတ်ပဲ လာအိုနိုင်ငံကနေတဆင့် မဲခေါင်မြစ်ကို ဖြတ်ကျော်ပျံသန်းပြီး"ဝ"တပ်ဖွဲ့တွေထံ ရောက်ရှိသွားကြတာ ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့တစ်ခုထံက ကြားသိရတယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာအစိုးရ သတင်းရပ်ကွက်ကတော့" ဝ"တပ်ဖွဲ့တွေထံကို အခုအချိန်ထိ အဲဒီ ရဟတ်ယာဉ် ၂ စင်းပဲ ရောက်ရှိသေးတယ်လို့ဆိုပါတယ်။
"ဝ"တပ်ဖွဲ့တွေကို အခု တရုတ်နိုင်ငံကပေးပို့လိုက်တဲ့ Mi-17 ရဟတ်ယဉ်တွေမှာတပ်ဆင်ထားတဲ့ TY-90 အမျိုးအစား ဒုံးကျည်တွေဟာ မြန်မာအစိုးရ လက်ဝယ်ရှိ ရုရှားနိုင်ငံလုပ် Mi-24 အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိုတယ်လို့ ဆိုပါတယ်။ အဲဒီ Mi-24 တိုက်ခိုက်ရေး ရဟတ်ယဉ်တွေကို မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် စစ်ပွဲမှာ မြန်မာလေတပ် ကသုံးစွဲခဲ့ပါတယ်။
Jane’s ထောက်လှမ်းရေးစာစောင်ရဲ့ ဖော်ထုတ်ရေးသားချက်နဲ့ ပတ်သက်လို့ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်နွယ်သောသတင်းများ
- တရုတ်ကုမ္ပဏီတွေ ပွင့်လင်းမြင်သာရေး ကွန်မြူနစ် ပါတီ သတိပေးတော့မည်
- မြန်မာက ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တရုတ်နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်နိုင်
- နိုင်ငံရေးပါတီ ၅ ပါတီ တရုတ်နိုင်ငံသွားမည်
- မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုတွေ အများအပြားတွေ့ရ
- မြန်မာ-ဓာတ်ငွေ့မိုင် ၅၀၀ ပိုက်လိုင်းမှာ ယိုစိမ့်မှုတွေရှိ
- မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း
- တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ သဘောတူ
- သဘာဝဓါတ်ငွေ့ပိုက်လိုင်း ရှမ်းလူမှုအဖွဲ့အစည်းတွေ စိုးရိမ်
- ပိုက်လိုင်းဖြတ်သွားမယ့် ရှမ်းပြည်နယ်ဒေသခံတွေ စာတင်
ဝ တပ်ဖွဲ့တွေ ရဟတ်ယာဉ် ၅ စင်း ရရှိ
ရဟတ်ယာဉ်တွေ ကတော့ သယ်ယူ ပို့ဆောင်ရေး အမျိုး အစား ဖြစ်ပြီး၊ ဝေဟင်မှ ဝေဟင်ပစ် မစ်ဇိုင်းဒုံး တွေလည်း တပ်ဆင် ထားပါတယ်။
ဒီယာဉ်တွေ ဟာ စစ်ပွဲ တွေမှာ သုံးလို့ ရတဲ့ ရဟတ်ယာဉ်တွေ ဖြစ်နိုင် တယ်လို့ တရုတ် မြန်မာ နယ်စပ်က စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။
နောက်ပြီး မကြာသေးခင်က အစိုးရရဲ့ တိုက်ခိုက်မှု တွေဟာ တခြား လူမျိုးစု လက်နက်ကိုင် တွေနဲ့ UWSA ကို ခွဲခြားဖို့ ရည်ရွယ် လုပ်ဆောင် တာ ဖြစ်နိုင် ကြောင်း ကိုလည်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။
http://www.bbc.co.uk/burmese/burma/2013/04/130430_uwsa_mi17.shtml
April 29, 2013
ချင်းအမျိုးသားတပ်ဦး ကန်ပက်လက် မြို့ ပြည်သူများနှင့် လူထုတွေ ့ဆုံပွဲပြုလုပ်
CNF က ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၅-၂၆) ရက်နေ ့များ၌ ချင်းပြည် နယ်၊ တောင် ပိုင်း ကန်ပက်လက် မြို့ ပြည်သူ များနှင့် ဇလပ်ဝါ ခန်းမတွင် လူထု တွေ ့ ဆုံဆွေးနွေး ပွဲပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါလူထုတွေ ့ဆုံပွဲတွင် ဒေသခံပြည်သူ စုစုပေါင်း (၃၀၀) ခန့်တက်ရောက်ကြောင်း၊ သဘာပတိ အဖြစ် ကန်ပက်လက်မြို ့ဒေသခံ ရပ်မိရပ်ဖမှ ဦးထန်းမနားနှင့် အခမ်းအနားမှူး အဖြစ် ဒေါ်နန်းချယ်ရီတို့ကဆောင်ရွက်ပေး
သဘာပတိအဖြစ်ဆောင်ရွက်သူ ဦး ထန်မနားက CNF နှင့်အဖွဲ့အား ကန်ပက်လက်မြို ့ မှလှိုက်လှ
ချင်းပြည်နယ်် တောင်ပိုင်း မတူပီမြို ့ CNF ၏ လိုင်စင်ရုံး တာဝန်ခံ ပူးထန်ယဲန်းက မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီမြို ့၊ ရေဇွနှင့် ဆာမီးမြို ့နယ်ခွဲများတွင် ပြုလုပ်မည့် လူထု တွေ ့ဆုံပွဲ ကိုဦးဆောင်လျှက်ရှိသည်။
CNF အဖွဲ ့တွင် ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ပူးထန်လိန်းကီး၊ ပါတီ အတွင်းရေးမှူးချုပ် (၂) ပူးပေါလ်ဆီထာနှင့် အဖွဲ ့များ ပါ၀င်ကြကြောင်း သိရသည်။
ချင်းပြည်နယ် တောင်ပိုင်းတွင် လူထုတွေ ့ဆုံပွဲ ပြုလုပ်သည့် CNF အဖွဲ ့သည် ကန်ပက်လက်မြို ့ မှ မင်းတပ်မြို ့၊ ထိုမှတဆင့် ၄င်းတို ့၏လိုင်စင်ရုံးစိုက်ရာ မတူပီဘက်သို ့ သွားရောက်ပြီး လူထုတွေ ့ ဆုံပွဲများ ဆက်လက်လုပ်သွားမည်ဖြစ်သည်။
မတူပီမှတဆင့် ဆာမီးမြို ့နယ်ခွဲ၊ ပလက်ဝမြို ့နှင့် ရေဇွာမြို ့နယ်ခွဲများတွင် လူထုတွေ ့ဆုံပွဲ လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
http://khonumthungburmese.org/?p=2037
တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရှောင်နေရ
ဧပြီလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာတွင် ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် နယ်ခြား စောင့်တပ်(BGF)တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံလူထုများ နေအိမ်စွန့်ခွါကာ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု မြိုင်ကြီးငူ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။မြိုင်ကြီးငူတွင် ဧပြီ ၂၇ ရက်နေ့မှစ၍ ယခုထိ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် တိုက်ပွဲနေရာနှင့် အနည်းငယ် အလှမ်း ဝေးသည့် လေးလုံးမြိုင်ရပ်ကွက်မှလွှဲ၍ ရွှေနံ့သာမြိုင်၊ ပိတောက်မြိုင်၊ နှင်းဆီမြိုင်နှင့် ဇီဇဝါမြိုင် စသည့် ရပ်ကွက် များရှိ လူထုများသည် ယင်းအနီးတဝိုက်ရှိ ကမမောင်းမြို့အပါအဝင် အုန်းတော၊ ကော့လူးကျွန်း၊ ကုန်းနဝင်းနှင့် ရွာသာအေး စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု မြိုင်ကြီးငူ ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေ့က စပြီး မြိုင်ကြီးငူက လူတွေ အားလုံးနီးပါး ထွက်ပြေးကြတယ်။ လူဦးရေဘယ်လောက် ထွက်ပြေးဆိုတာတော့ မမှန်းတတ်ဘူး။ အခု မြိုင်ကြီးငူမှာ တိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့ အလှမ်းဝေးတဲ့ ရပ်ကွက် လောက်ပဲ လူတွေနေကြတယ်။ တိမ်းရှောင်နေရတဲ့ လူတွေကလည်း အိမ်မပြန်ရဲကြသေးဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြိုင်ကြီးငူတွင် DKBA ကလို့ထူးလားဗျူဟာ လက်အောက်ခံ (၉၀၅)စစ်ကြောင်းမှူး ဗိုလ်မှူး ဖူးလေးဘော ဦးဆောင်သည့်အဖွဲ့ကို BGF အမှတ် (၁၀၁၁)တပ်ရင်းမှူး ဗိုလ်မှူးစောစိုးနိုင် ဦးဆောင်သည့် လက်အောက်ခံတပ် ဖွဲ့ဝင်များနှင့်အတူ စစ်ကူအဖြစ် ရောက်လာသည့် (၁၀၁၇)၊ (၁၀၁၈)နှင့် (၁၀၁၉)တပ်ရင်းတို့က ယမန်နေ့ည ၁၂နာရီမှ မနက် ၁နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း DKBA တပ်မှူးတဦးက ကေအိုင်စီသို့ ပြောသည်။
သူက “မြိုင်ကြီးငူမှာ ညက တိုက်ပွဲဖြစ်သေးတယ်။ ထိခိုက်သေဆုံးမှုတော့ မသိရဘူး။ BGF ဘက်က လက်နက် ကြီး အဓိက အားကိုးပြီး ပစ်ခတ်ခဲ့ပေမယ့် သူတို့ ထိုးဖောက်လို့မရဘဲ နောက်ဆုံး ပြန်နောက်ဆုတ်လိုက်ရ တယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ယနေ့ မြိုင်ကြီးငူတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း မြိုင်ကြီးငူနှင့် မယ်သဝေါအကြား ရေတံခွန် ရှိ နားထီးကွီးတွင် ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်၌ DKBA ကလို့ထူးလားဗျူဟာလက်အောက်ခံ တပ်ခွဲ(၂) တပ်ခွဲမှူး စောစကုတ် ဦးဆောင်သည့်အဖွဲ့နှင့် BGF တပ်ရင်း (၁၀၁၂)နှင့် (၁၀၁၅) လက်အောက်ခံတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားကာ BGF ဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု သူက ဆက်ပြောသည်။
သို့သော် ကေအိုင်စီအနေဖြင့် DKBA နှင့် BGF တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု စာရင်း အတိအကျနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မြိုင်ကြီးငူရှိ လူထုများသည် အေးအေးချမ်းချမ်း နေထိုင်ခဲ့ရာမှ ယခုလို တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နှစ်ပေါင်း ၂၀နီးပါးအတွင်း ပထမဆုံးအကြိမ် နေအိမ်စွန့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
http://www.kicnews.org/?p=16542
နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသောတိုက်ပွဲ ရပ်လိုက်ပြီဟု DKBA ပြော
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် ၂၇ ရက်နေ့ညပိုင်းက စတင်ကာ DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိ လက်အောက်ခံ တပ်ရင်းနှင့် နယ်မြေချင်းထိစပ်နေသည့် နယ်ခြားစောင့်တပ် (၁၀၁၇) တပ်ရင်းတို့ ယနေ့ မနက်ပိုင်း အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိပြီးနောက် တိုက်ပွဲများကို ရပ်တန့်လိုက်ကြခြင်း ဖြစ်ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူး စောဝေထူး က ပြောပြသည်။
“အဲဒီဘက်ကလည်း တိုက်ပွဲတွေရပ် သူတို့ဘက်ကလည်း မပစ်တော့ဘူးဆိုပြီး ဒီနေ့ပဲဗိုလ်ချစ်သူက မြိုင်ကြီးငူက ဆရာတော် တပါး ကနေတဆင့် တယ်လီဖုန်းနဲ့ ဗိုလ်ဘိ (ဗိုလ်မှူးကြီး စောဘိ) ဆီကို ဆက်သွယ်လာတယ်၊ အဲဒီနောက် နေ့လယ် ၁၂ နာရီ ကနေ စပြီး တိုက်ပွဲတွေရပ်လိုက်ပြီ”ဟု ဗိုလ်မှူး စောဝေထူး က ဧရာဝတီသို့ ပြောသည်။
DKBA နှင့် BGF တပ်များအကြား နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း က နှစ်ဖက်အကြား ညှိနှိုင်းမှုပြုလုပ်ပေးသကဲ့သို့ ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီ ကလည်း တယ်လီဖုန်းမှတဆင့် နှစ်ဖက်ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကလည်း ပြောသည်။
“ကျနော်တို့ဘက်ကရော ရတခ တိုင်းမှူးကရော ဝင်ပြီး စေ့စပ်ညှိနှိုင်းပေးလိုက်တဲ့နောက်မှာ စစ်ရှိန်တော့လျော့သွားတဲ့ သဘောမှာရှိတယ်”ဟု မန်းငြိမ်းမောင်က ဆိုသည်။
ယခုလ ၂၆ ရက်နေ့က ကလို့ထူးလားဗျူဟာ လက်အောက်ခံ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်များအကြား သံလွင်မြစ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဘက်မှ တဦးကျဆုံးခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း DKBA က ပြော ဆိုသည်။
ယင်းသို့ ပစ်ခတ်မှုများဖြစ်ပွားပြီ DKBA ကလို့ထူးလား လက်အောက်ခံတပ်ရင်း (၉၀၅) ရှိရာကို နယ်ခြားစောင့်တပ်ရင်း၊ တပ်ဖွဲ့များ က အင်အား အလုံးအရင်းဖြင့် လက်နက်ကြီး လက်နက်ငယ်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်တိုက်ပွဲများကြောင့် အကျအဆုံးစာရင်းကိုလည်း မသိရှိသေးကြောင်း ဗိုလ်မှူး စောဝေထူး က ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် တာဝန်ရှိသူများထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေ ဆိုခြင်း မရှိပေ။
DKBA နှင့် နယ်ခြားစောင့် တပ်များအကြား ယင်းဒေသတွင် နယ်မြေအငြင်းပွားမှု၊ အကျိုးစီးပွား ကိစ္စရပ်များနှင့်ပတ်သက်၍ မကြာ ခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိကြောင်း ယင်းဒေသတွင်း လှုပ်ရှားနေသည့် ကရင်လက်နက်ကိုင် တပ်မှူး တချို့က ပြောသည်။
DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်က KNU မှခွဲထွက်ခဲ့သည်။ ထို့နောက် သီးသန့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်၌် ဗိုလ်မှူးကြီး စောချစ် သူဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များက အစိုးရတပ် လက်အောက်သို့ ၀င်ရောက်ခဲ့ကြပြီး တပ်ရင်း သုံးခုနှင့် နယ်ခြား စောင့် တပ် အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချူပ် စောလားပွယ် ၏ DKBA တပ်များကမူ သီးခြား ဆက်လက် ရပ်တည်နေသည်။ ယခု အစိုးရ လက်အောက်ခံ နယ်ခြား စောင့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော မြိုင်ကြီးငူ အခြေစိုက်ဗိုလ်မှူးကြီး စောဘိ အဖွဲ့သည် ၂၀၀၈ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်း ရာတွင် ပါဝင်သွားခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ တပ်ဖွဲ့များနှင့်အတူ DKBA အဖြစ်နှင့် ပြန်လည်ရပ်တည်ခဲ့သည်။
http://burma.irrawaddy.org/archives/38503
KIO နဲ့ အစိုးရ မေလဆန်းတွင် ပြန်တွေ့ရန် ဦးအောင်မင်း ကမ်းလှမ်း
ဝန်ကြီး ဦးအောင်မင်း က ၎င်း၏ ကမ်းလှမ်းစာကို မကြာမီက ပေးပို့ထားပြီး ဖြစ်ကြောင်း တနင်္လာနေ့ နံနက်ပိုင်းက
မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြောဆိုခဲ့သည်ဟု “KIO နဲ့ တွေ့ဖို့ကတော့ မနက်က ဝန်ကြီး ဦးအောင်မင်းက ရှင်းပြတာက သူ့အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေလ ပထမပတ် မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် အဆိုပြုလွာ ပေးထားတယ်။ KIO အနေနဲ့တော့ သူတို့ တက်ရောက်တဲ့ observer (လေ့လာသူ) တွေ ကိစ္စတွေကို ညှိနှိုင်းပြီးရင်တော့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်တဲ့” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။
သို့သော် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ အဆိုအရ ဝန်ကြီးဘက်မှ ကမ်းလှမ်းစာကို ဧပြီလ ၂၇ ရက်နေ့ထိ KIO ဘက်မှ လက်ခံမရရှိသေးဟု ဆိုသည်။
“ခုထိဘာမှ အကြောင်းမကြားလာသေးဘူး။ ဟိုတနေ့ နှစ်ရက်လောက်က ဝန်ကြီး ဦအောင်မင်းရဲ့ စာနဲ့ ပတ်သက်လို့ ကျနော် မေးကြည့်တော့ သူတို့ မရသေးဘူးလို့ ပြောတယ်။ ဒါကြောင့် ဒီည ပြန်မေးကြည့်မယ်လို့ လုပ်နေတယ်” ဟု မဇ္စိိျမကို ပြောသည်။
ပြန်လည်တွေ့ဆုံရန် ကိစ္စနှင့်ပတ်သက်၍ မဇ္စျိမက KIO ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းလိုင်း များ ဆက်သွယ်၍ မရခဲ့ပေ။
ဝန်ကြီး ဦးအောင်မင်းမှာ အင်္ဂါနေ့တွင် စင်္ကာပူနိုင်ငံသို့ ဖိုရမ်တခု တက်ရောက်ရန်သွားရောက်မည် ဖြစ်ပြီး မေလ ၂ ရက်နေ့တွင်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၆ ရက်နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း လေ့လာသူများ တက်ရောက်ရန်ကိစ္စ ညှိနှိုင်းမရသေး၍ ဧပြီလ ၂၂ ရက်နေ့ နောက်ပိုင်းသို့ ပြန်လည် ရွှေ့ဆိုင်းခဲ့သည်ဟု ဦးလှမောင်ရွှေ က မကြာမီက မဇ္စျိမကို ပြောဆိုခဲ့သည်။
သို့သော် တချို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များကမူ တရုတ်အစိုးရအနေဖြင့် အနောက်နိုင်ငံများမှ တက်ရောက်လေ့လာရန် ရှိသည်ကို သဘောမတူသဖြင့် တွေ့ဆုံမှု ရွှေ့ဆိုင်းလိုက်ရသည်ဟု သတင်းများတွင်
ဖော်ပြခဲ့ကြသည်။
မတ်လ ၁၁ ရက်နေ့က KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နောက်ဆုံး
တွေ့ဆုံခဲ့ပြီး တလအတွင်း ပြန်လည် တွေ့ဆုံရန် သဘောတူညီခဲ့ကြသော်လည်း ကြန့်ကြာနေဆဲ ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/11454-kio------.html
KIO နဲ့ ရှေ့သီတင်းပတ်ထဲ ဆွေးနွေးဖို့ အစိုးရကမ်းလှမ်း
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား နောက်တကြိမ် ဆွေးနွေးပွဲတွေ ကျင်းပဖို့ နှောင့်နှေးနေချိန်မှာပဲ ၂ ဘက်တပ်တွေကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ ဒီလထဲ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံးအကြိမ် ကျင်းပဖို့ စီစဉ်ထားပေမဲ့ အပြီးသတ် ညှိနှိုင်းလို့ မရသေးဘဲ ဖြစ်နေရတာပါ။ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေကိုတော့ မဆုမွန် က တင်ပြထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ KIO နဲ့ ဆွေးနွေးမယ့် အစီအစဉ်ကိုတော့ အစောဆုံး ရှေ့သီတင်းပတ်လောက်မှာဖြစ်ဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေဘက်က မျှော်လင့်ထားတာ ဖြစ်ပါတယ်။ အပြီးသတ် ညှိနှိုင်းစရာတချို့ ကျန်နေဆဲဖြစ်ပေမဲ့ ရှေ့တပတ်ထဲ တွေ့ဆုံနိုင်အောင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က KIO ကို ကမ်းလှမ်းထားတယ်လို့လည်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။
“၀န်ကြီး ဦးအောင်မင်းက ကျနော်တို့ကို peace center မှာ ရှင်းပြတာကတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးပွဲ ထပ်မံလုပ်ဖို့ အဆိုပြုလွှာ ပို့ထားတယ်။ KIO ဘက်ကလည်း ညှိနှိုင်းစရာတချို့ ညှိနှိုင်းပြီးရင်တော့ လာမယ့်အပတ်ထဲမှာ ဆွေးနွေးပွဲ ဖြစ်နိုင်တယ်လို့ အလုပ်အဖွဲ့အားလုံးကို ရှင်းပြထားပါတယ်။ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့တော့ အဆိုပြုလွှာ ပို့ထားပါတယ်။”
မြန်မာအစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ KIO တာဝန်ရှိသူတွေရဲ့ သဘောထားကိုတော့ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ အစောပိုင်းမှာတုန်းက ဒီလထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲတွေ ကြန့်ကြာနေချိန်မှာပဲ KIO နဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာပါ။
ကချင်သတင်းစဉ်အယ်ဒီတာ ကိုနော်ဒင်းကတော့ ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း၊ မွန်းဂူးဒေသမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေတာလို့ ပြောပါတယ်။
“တနင်္ဂနွေနေ့ ညနေပိုင်းကစပြီး ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း၊ မွန်းဂူးဒေသမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ စပြီးတော့ ဖြစ်လာတာကို ကျနော်တို့ တွေ့ရတယ်။ မနေ့ကညနေပိုင်းကစပြီးတော့ပေါ့။ မွန်းဂူးဒေသဆိုတာကတော့ တိုက်ပွဲမဖြစ်တာ နည်းနည်းကြာပြီနော်။ မနေ့ညနေပိုင်းကနေစပြီးမှ တကယ်ပဲ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာပြီဆိုပြီးတော့ ကျနော်တို့ သိရတယ်။”
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ပြဿနာတွေကိုတော့ မြန်မာအစိုးရနဲ့ KIO ကြား ဆွေးနွေးပွဲတိုင်းလိုလိုမှာ အဓိကထား ဆွေးနွေးနေကြရတာပါ။ KIO ကတော့ သူတို့ ထိန်းချုပ်ရာ နယ်မြေတွေမှာ မြန်မာအစိုးရရဲ့ တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားရာက တိုက်ခိုက်မှုတွေ ဖြစ်နေရတာလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
ဒီလိုတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို၊ ဆွေးနွေးပွဲတွေ သိသိသာသာ တိုးတက်မှု မရနိုင်ဘဲ ဖြစ်နေတဲ့အပေါ်မှာတော့ KIO က ပြီးခဲ့တဲ့အပတ်ထဲကပဲ လူထု အစည်းအဝေးပွဲတခု ပြုလုပ်ပြီး ပြောဆိုခဲ့တာပါ။ ၂ ဘက် စစ်တပ်က အဆင့်မြင့် ပုဂ္ဂိုလ်တွေပါ ပါ၀င်ခဲ့ကြတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့က နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ တဲ့ ဆွေးနွေးပွဲအတွင်းမှာတော့ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက် ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
အခုတကြိမ် ဆွေးနွေးပွဲမှာတော့ အရင်ကလို တရုတ်နိုင်ငံ တနိုင်ငံတည်းကသာမကပဲ နိုင်ငံတကာ အသိုင်းအဝိုင်းက အကဲခတ်တွေပါ ဖိတ်ကြားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံတကာ ကိုယ်စားလှယ်တွေ သွားလာရေးနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းရဲ့ မကြာသေးခင်က ပြည်ပခရီးစဉ်တွေကြောင့်လည်း အခုနောက်ဆုံး ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားရတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ ကပြောပါတယ်။
“ကျနော်တို့ KIO အဖွဲ့အစည်းအနေနဲ့ သူတို့ တက်စေချင်တဲ့သူတချို့ပေ့ါနော် ကျနော်တို့ မြန်မာနှစ်သစ်ကူးပွဲတွေရယ်၊ နောက် ၀န်ကြီးဦးအောင်မင်းအနေနဲ့ ခရီးထွက်တာတွေရှိတော့ ဒီဟာကိုတော့ နှစ်ဘက်သဘောတူ ရွှေ့တဲ့သဘောပါပဲ။ သိပ်မကြာခင်မှာတော့ ဒီ KIO အဖွဲ့အစည်းဘက်ကလည်း သူတို့ တက်စေချင်တဲ့ လေ့လာအကဲခတ်သူတွေအတွက် ညှိနှိုင်းနေတာတွေ ရှိပါတယ်။ ကျနော်တို့လည်း ဒါကို စီစဉ်ဆောင်ရွက်နေတယ်လို့ပဲ ဒီလိုပဲ မှတ်ယူပါတယ်။ အဲ့တော့ လာမယ့်အပတ်အတွင်းမှာတော့ ဆွေးနွေးညှိနှိုင်းပွဲဖြစ်ဖို့အတွက်တော့ ညှိနှိုင်းစရာတချို့တော့ ရှိဦးမယ်ထင်ပါတယ်။”
အစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းကစလို့ မြန်မာစစ်တပ်နဲ့ KIO တို့ကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားခဲ့တာပါ။ ဒီ့အတွက်လည်း ဒေသခံထောင်သောင်းချီပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။
ပဋိပက္ခတွေဟာ ကချင်ပြည်နယ်တွင်းမှာ သာမက အိမ်နီးချင်း တရုတ်နိုင်ငံအထိ ရိုတ်ခတ်မှုတွေ ရှိလာခဲ့သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ၀ုိင်းဝန်းပြစ်တင် ဝေဖန်မှုတွေလည်း ထွက်ပေါ်လာရာက ၂ ဘက်အကြား တရားဝင် ဆွေးနွေးပွဲတွေကို စတင်ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
http://burmese.voanews.com/content/govt-offers-to-talk-with-kio/1650946.html
ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး
မနေ့ည ၁၁ နာရီကျော်ကနေ မနက် ၂ နာရီကျော်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ BGF ကရင်နယ်ခြားစောင့်တပ်က မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပစ်တာက ညကတစ်ညလုံးကတော့ ၁၁ နာရီခွဲကနေ ၂ နာရီခွဲအထိ ပစ်တာ၊ တိုက်ပွဲဖြစ်တဲ့ အနီးစပ်ဆုံးရပ်ကွက်တွေကတော့ အကုန်ပြေးရတာပေါ့၊ ဒေသခံ သုံး၊ လေးရာဝန်းကျင်လောက်ပေါ့၊ ကျနော်တို့ မြိုင်ကြီးငူနဲ့ဝေးတဲ့ တချို့လေးငါးခြောက်မိုင် ခုနှစ်မိုင်ဝေးတဲ့ နေရာတွေပေါ့နော်၊ အဲဘက်တွေ တိမ်းရှောင်နေရတာပေါ့၊ ကျနော်တို့လည်းဖြစ်တဲ့နေရာကို ဘယ်သူမှမသွားရဲဘူး၊ ဒီနေ့မနက်ဘာမှ လောလောဆယ် ထူးခြားမှုမရှိသေးဘူး၊ သူတို့ BGF တပ်ကတော့ လုံခြံုရေး တအားတင်းထားတာပေါ့နော်၊ BGF ကတော့ သွားလိုက်လာလိုက်ပဲ”
အဲဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်ပြီး အခုဆိုရင်တိုက်ပွဲကြောင့် ဒေသခံတွေအကြား နေ့ရောညပါ စိုးရိမ်ကြောင့်ကြနေကြရတယ်လို့လည်း သိရပါတယ်။
အဲဒီတိုက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး (BGF) ကရင်နယ်ခြားစောင့်တပ်ရင်း အမှတ် (၇) တပ်မဟာဗျူဟာမှူး ဗိုလ်မှူးကြီး စောဖောဒိုကို RFA သတင်းထောက် မသူဇာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်နွယ်သောသတင်းများ
- ဒုက္ခသည် ပြန်လည်လက်ခံရေး ကရင်ပြည်နယ်မှာ စတင်ပြင်ဆင်
- မြေမြှုပ်မိုင်း ရှင်းလင်းရေး အချိန်ယူရဦးမည်လို့ပြော
- ကရင်အဖွဲ့အစည်းတွေ နိုင်ငံရေး လုပ်ငန်းစဉ် စတင်ဆွေးနွေး
- ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း
- မိတ္ထီလာ အဓိကရုဏ်း သံဃာတစ်ပါး ပျံလွန်၊ လူတစ်ဦး သေဆုံး
- ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လူမှုအဖွဲ့အစည်းတွေ အမျိုးသမီးတွေ ပါ၀င်လာရေး
- မေခမြစ်ဒေသမှာ KIOနဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွါး
- ကရင်လူထု ငြိမ်းချမ်းရေး ထောက်ခံပွဲကို ပန်းတနော်မြို့မှာ ကျင်းပ
- နေပြည်တော်က ကရင်နှစ်သစ်ကူးကို လွှတ်တော်ဥက္ကဌတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်
အပစ်အခတ် ရပ်စဲရေးကို စစ်ဗျူဟာတခု သဖွယ် အစိုးရ အသုံးချနေ
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။