ထိုင်းမြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)နဲ့ ပအို့ဝ်အမိုျးသား လွတ်မြောက် ရေး အဖွဲ့ခုျပ် (PNLO) က ခေါင်းဆောင် တွေကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနင်္ဂနွေနေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှု ဖြစ်တယ်လို့ အဲဒီ အဖွဲ့ နှစ်ဖွဲ့စလုံးက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းမှာ လူ့ဘောင်သစ် ပါတီ တရားဝင် ပြန်လည် ရပ်တည်ဖို့ ဆိုတာ ကာလ တခုအထိ အချိန်ယူရအုံးမှာ ဖြစ်ပြီး တဖက်နဲ့ တဖက် အပြန်အလှန် ထိတွေ့ ဆက်ဆံ အကြံပြုတာတွေ လုပ်ဖို့ လိုအုံးမှာ ဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ကိုအောင်မိုးဇော်က ဘီဘီစီကို ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းအုပ်ခုျပ်ပုံ အခြေခံ ဥပဒေမှာ တကယ်တမ်း ဒီမိုကရေစီနည်းကျ ဖြစ်အောင် ပြင်ဆင်ဖို့ အများကြီး လိုနေသေးဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလော အခြေအနေမှာ ပြင်ဆင်လို့ မရသေးတာမို့ ပြင်ဆင်နိုင်ဖို့ နည်းလမ်းတွေ ရှာနိုင်အောင် အခုလို တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်နေတာ ဖြစ်တယ်လို့ ကိုအောင်မိုးဇော်က ပြောပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ ခုနှစ် လူထု လုပ်ရှားမှု အပြီး ပြည်တွင်းမှာ ကျောင်းသားတွေနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
တခါ မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ သီးခြား တွေ့ဆုံခဲ့တဲ့ ပအို့ဝ် အမိုျးသား လွတ်မြောက်ရေး အဖွဲ့ခုျပ်ကလည်း အခု တွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှု ဖြစ်ပြီး ပြည်ထောင်စု အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူချက် ရအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို အစိုးရဖက်က တရားဝင် ကြေညာ ပေးဖို့နဲ့ အဲဒီလို ရပ်စဲအပြီး ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံမှုတွေ လုပ်ဖို့ ပအို့ဝ် အမိုျးသား လွတ်မြောက်ရေး အဖွဲ့ခုျပ်ဖက်က တင်ပြ တောင်းဆိုခဲ့တယ်လို့ ပအို့ဝ် အမိုျးသား လွတ်မြောက်ရေး အဖွဲ့ခုျပ် အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။
သူတို့ တောင်းဆိုခဲ့ချက်တွေထဲမှာ တခိုျ့အချက်တွေကို သမ္မတထံ ပြန်လည် တင်ပြ ပြီးမှ ဆက်လက် ဆွေးနွေးမယ်လို့ ဦးအောင်မင်းက တုန့်ပြန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက် အကြေအလည် ဆွေးနွေး ပြောဆိုမှုတွေ ထပ်လုပ်ပြီးရင်တော့ သဘောတူချက် ထွက်လာနိုင်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ပအို့ဝ် အမိုျးသား လွတ်မြောက်ရေး အဖွဲ့ခုျပ်ကို ပအို့ဝ် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပအို့ဝ် အတိုက်အခံ နိုင်ငံရေး သမားတွေ စုစည်းပြီး ဒီနှစ်ထဲမှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။