July 29, 2012

အစိုးရကို မွန်ပြည်သစ်ပါတီသံသယရှိနေ

IMG_3323

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ယခုနှစ်ကုန် ပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရေး မြန်မာအစိုးရနှင့်သဘောတူညီချက်ထားရှိမှုအပေါ်သံသယဖြစ် ဖွယ်ကိစ္စရပ်များတွေ့ရှိနေရကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကယနေ့ကျင်း ပသည့် လူထုတွေ့ဆုံရှင်းလင်းပွဲတရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် လက်ရှိအစိုးရသဘောတူညီချက်တွင် “၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသေးပါက စုစည်းနိုင်သောအပစ်ရပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်တို့ နိုင်ငံရေးဆွေးနွေးပွဲ စတင်ဖေါ်ဆောင်သွားရန်” စသည့်အချက် ပါရှိခဲ့သည်။

“အခုအသစ်ဖွဲ့စည်းခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက (၁) တရားဝင်နိုင်ငံရေးအဖွဲ့ ထူထောင်ပါ၊ (၂) ရွေးကောက်ပွဲဝင်ပါ၊ (၃) ရွေးကောက်ပွဲနိုင်ရင် လွှတ်တော်ထဲတင်ပြခွင့်ရှိမယ်၊ (၄) တစ်ခုတည်းသော တပ်မတော်ဖြစ်ရမယ်လို့ သူတို့ဆီကသဘောထားကို တွေ့ရှိခဲ့တယ်” ဟု နိုင်ဟံသာက ပြောသည်။

မေလတွင်အစိုးရဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း-ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းဇော်-ဒု ဥက္ကဋ္ဌ၊ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ဝန်ကြီး ၇ ဦး၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ် ၁၀ ဦး၊ ပြည်နယ်/တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၁၀ ဦး၊ နယ်စပ်ရေးရာ ဒု ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းနှင့် ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအဝင်၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် အပါအဝင် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲစည်းထားသည့် အဖွဲ့၏ သဘောထားကိုရညွှန်းပြောကြားသည်ဟု သိရသည်။

ယနေ့ကျင်းပပြုလုပ်ခဲ့သော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းရွာ၊ အလယ်တန်းကျောင်း မွန်ပြည်သစ်ပါတီမှ လူထုတွေ့ဆုံရှင်းလင်းပွဲ နံနက်ပိုင်းအစီအစဉ်တွင် အနီးအနားတဝိုက်ကျေးရွာများမှ ကျေးရွာအကြီးအကဲများ၊ ကျန်းမာရေး၊ ပညာရေးဌာနများမှ ဝန်ထမ်းများအား နံနက်ပိုင်းတွင်တစ်ကြိမ်၊ ဘုရားသုံးဆူမြို့ခံ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် မွန်းလွဲပိုင်းတွင်တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ဒီလိုသဘောထားမျိုးက၂၀၁၀ ခုနှစ် ဧပြီလ နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အဖွဲ့ ပြောင်းလဲဖွဲ့ စည်းတဲ့ အနေအထားမျိုးလို ပြန်ဖြစ်လာနိုင်တယ် ၊ ဒါကို ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ လက်မခံနိုင်ပါဘူး” ဟု နိုင်ဟံသာက ပြောသည်။

အလားတူ ယခုလဆန်းပိုင်းမှ၍ မွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင်များဦးဆောင်ပြီး မွန်ပြည်သစ်ဗဟိုဌာနချုပ် ပတ်ဝန်းကျင်ဒေသ၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်ရှိ ကျေးရွာများနှင့် မြို့ပေါ်များတွင် မွန်လူမှုအဖွဲ့အစည်းများအပါအဝင် ဒေသခံများကိုရှင်းလင်းပွဲပြုလုပ်၍ သဘောထားကောက်ယူနေကြဆဲ ဖြစ်သည်။

http://burmese.bnionline.net/index.php/news/imna/10708-2012-06-21-16-21-25.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India