July 29, 2012

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ဝန်ကြီးဦးအောင်မင်း တွေ့ဆုံဆွေးနွေးရန်ရှိ

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က မကြာမှီရက်ပိုင်းအတွင်း မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း အဖွဲ့ချုပ် ဥက္ကဌက ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)နှင့် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် ရန်ကုန်မြို့၌တွေ့ဆုံမည်ဖြစ်ပြီး တွေ့ဆုံမည့် ရက်အတိကျကိုမူ မသိရှိသေးကြောင်း ခွန်ဥက္ကာက ပြောသည်။

၎င်းက “တွေ့မယ်ဆိုရင်တော့ အဓိက နယ်မြေကိစ္စပြေလည်ဖို့အတွက် ကျနော်တို့ ဆွေးနွေးမယ်၊ လော လောဆယ် သွားဖို့ကိုယ်စားလှယ်တွေ မရွေးရသေးဘူး၊ သွားမယ့်ရက်လဲ မသိသေးဘူး” ဟု ပြောသည်။
ဦးအောင်မင်းနှင့် ယခုအကြိမ်တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အလွတ် သဘောတွေ့ ဆုံချိန်က ပမာဏသဘောတူညီခဲ့သည့် အချက်များကို ပြန်လည်သုံးသပ်ပြီး PNLO တပ်ဖွဲ့ဝင် များ၏ အခြေချနေထိုင်ရန် နယ်မြေကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွား မည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် နှစ်ဖက်စလုံး ပြေလည်မှုရရှိပါက တရားဝင် ပြည်နယ်အဆင့် သဘောတူ လက်မှတ် ရေးထိုးဖွယ်ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နှင့် PNLO ဘက်မှ ဥက္ကဌ ဦးခွန်ဥက္ကာနှင့် အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းတို့သည် ပြီးခဲ့ သည့် ဇွန်လ ၂၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် အပစ်အခတ်ရပ်စဲရေး အချက် ၆ ချက်ကို မူအားဖြင့် သဘောတူခဲ့ကြသည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဦးအောင်မင်းနှင့် PNLO ဥက္ကဌ ခွန်ဥက္ကာတို့ ပထမ အကြိမ်တွေ့ ဆုံခဲ့သည်။

ထိုနောက် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ဒုတိယအကြိမ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထပ်မံတွေ့ ဆုံခဲ့ရာ PNLO က အချက်(၁၁)ချက်ကို တင်ပြတောင်းဆိုခဲ့သည်။

၎င်းတောင်းဆိုချက်များတွင် PNLO နှင့် အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရး ပဏာမသဘော တူညီရန်၊ တစ်ပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးကို ပြည်ထောင်စုအစိုးရက တရားဝင် ကြေညာပေးရန်၊ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုအစိုးရနှင့် နိုင်ငေံးရအင်အားစုများ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်၊ ဆက်ဆံရေးရုံးဖွင့်ခွင့်၊ လူထုစည်းရုံး ရေးလုပ်ခွင့်၊ NGOနှင့် ဆက်ဆံခွင့်နှင့် မီဒီယာနှင့်သတင်းထုတ်ပြန်ခွင့်ပေးရန်တို့လည်း ပါဝင်သည်။

အဆိုပါတောင်းဆိုချက်များထဲမှ တချို့အချက်ကို ချက်ချင်းသဘောတူရန် အဆုံးအဖြတ် မပေးနိုင်သေးသဖြင့် ယင်းတောင်းဆိုချက်များကိ နိုင်ငံတော်သမ္မတထံသို့ တင်ပြရဦးမည်ဟု ဦးအောင်မင်းက ပြောခဲ့ကြောင်း ဦးခွန်ဥက္ကာက ပြောသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးအဖွဲ့ချုပ် (ရလလဖ)မှ ခွဲထွက်တည် ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

http://burmese.bnionline.net/index.php/news/imna/11000--pnlo-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India