August 24, 2012

ကချင်ဒုက္ခသည်များ တရုတ်ပြန်ပို့

တရုတ်ပြည်ထဲသို့ သွားရောက်ခိုလှုံနေသည့် ကချင်စစ်ရှောင် ဒုက္ခသည်များ အားလုံးသည် သြဂုတ် ၂၂ ရက်မှစတင်ကာ တရုတ် အာဏာရှင်များက မြန်မာပြည်ထဲသို့ ပြန်လည် ပို့ဆောင်နေသည်။
အဆိုပါဒေသသို့ သွားရောက်နေထိုင်သည့်သူများကို ဇူလိုင်လပိုင်းတွင် မြန်မာအစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) တို့ အပစ်ရပ်သည်အထိ နေထိုင်ခို်င်းထားပြီးမှ အခုအခါ အတင်းအဓမ္မ ပြန်လည်ဖယ်ခိုင်းနေကြောင်း ရမ်းလူးစခန်းမှ တာဝန်ခံတဦးက ဧရာဝတီသို့ပြောသည်။
“ပြီးခဲ့တဲ့ လတုန်းကတော့ ကျန်းမာရေး အနေအထိုင်တွေကြောင့် ဖယ်ရှားခိုင်းထားတယ်။ ပြီးတော့ နှစ်ဖက်သဘောတူညီမှုနဲ့ စစ်ပွဲပြီးတဲ့အထိ နေခိုင်းပါတယ်။ အခုတော့ ဘာမှန်းကိုမသိပါဘူး ပြန်ပြီးတော့ဖယ်ခိုင်းတယ်။ ကားတွေနဲ့ပြန်တော့ ပို့ပါတယ်။အုပ်စုလိုက်တော့မပို့ဘူး။ နည်းနည်းချင်းဆီ ပြန်ပို့နေပါတယ်။ ဒီလအပြီးပြောင်းပေးရမှာပါ”ဟု ဆိုသည်။
တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းသည့် စခန်းများသည် မြန်မာပြည်နှင့် ၃ ဖာလုံ ခန့်သာ ဝေးပြီး တရုတ်ပြည် နန်တောင်းမြို့ အတွင်းပိုင်းတွင် ကျရောက်နေရာ တရုတ်ပြည် လူနေရပ်ကွက်နှင့် ထိစပ်လျှက်ရှိသည်။ နန်တောင်းမြို့ အတွင်းပိုင်းတွင် ဒုက္ခသည်စခန်း ၆ ခု ရှိပြီး ယင်းတို့မှာ ရမ်လူး (Yang Lu)၊ လောင်ဖိုင် (Lau Hpai)၊ လုံဂရောက် (Lung Krawk)၊  နားကောင်းကောင် (Na Kawng Kawng)၊ ခဒေါင်ပါ (Hka dawng Pa)၊ ငါနောင်ပါ (Nga Nawng Pa)၊  စခန်းများဖြစ်သည်။
ယင်းစခန်းများတွင် အိမ်ထောင်စုပေါင်း ၉၈၀ ကျော်ရှိပြီး လူဦးရေ ၄၉၀၀ ကျော်နေထိုင်သည်။ အဆိုပါ စစ်ရှောင်ဒုက္ခသည်များအား ကချင်နယ်အတွင်းရှိ မာဂျာယန်မြို့အတွင်းရှိ စခန်းများနှင့် မိန့်ဝန်ကြီး အတွင်းရှိ စခန်းများထံသို့ ခွဲပို့ဆောင်နေကြသည်။ တရုတ်အာဏာပိုင်များက ဒုက္ခသည်များအား ဘတ်စ် ကားမျာဖြင့် လာနာဇွပ်ဂျာ ဒုက္ခသည်စခန်းအထိ အရောက်ပို့ပေးပြီး ပစ္စည်းများကို ကုန်တင်ကားကြီးများဖြင့် တင်ဆောင်ပြီး နယ်စပ်တံတားပေါ်တွင် ချပေးသည်ဟု သိရသည်။
“ကျမတို့လည်း စစ်တွေကြောင့် ရှောင်နေရတာ ကြောက်နေရတာပါ။ ဒီတရုတ်ပြည်ဘယ်သူက လာနေချင်မှာလဲ စစ်ကြောင့်သာ နေနေရတာ ကိုယ့်တိုင်းပြည်လည်းမဟုတ်ဘူးလေ။ အခုတော့ သူတို့ပြောင်းဆိုလို့ ပြောင်းတာ၊ နေဆိုရင်နေရမှာပဲလေ။ မိုးရာသီလည်းဖြစ် ကလေးတွေကလည်း စာမသင်ရသေးတော့ အရမ်းစိတ်ညစ်တယ်” ဟု ပြောင်းရွေ့ခံရသည့် ရမ်လူးစခန်းမှ အမျိုးသမီးတဦးကပြောသည်။
ယခုကဲ့သို့ လူနည်းနည်းချင်းစီးကို ကားပေါ်တင်ပြီးပြောင်းရွေ့ခြင်းသည် စစ်ဘေးဒုက္ခသည်များကို အတင်းအဓမ္မ မောင်းထုတ်နေသည်ကို နိုင်ငံတကာသိသွားမည်ကို အလွန်စိုးရိမ်နေပုံပေါက်သည်ဟု စခန်းတာဝန်ခံများထံမှ စုံစမ်းသိရသည်။
“ကျနော်တို့ ကမ့်တာဝန်ခံတွေအနေနဲ့တော့ ကိုယ်လူတွေ အဆင်ပြေနေနိုင်အောင်တော့ ကြိုးစားပြီး ဆောင်ရွက်သွားရမှာပေါ့။ တလအတွင်းအပြီးပြောင်းဆိုတဲ့ အတင်းအဓမ္မကလည်းရှိနေသလို မပြောင်းချင်ပေမယ့်လည်း တရုတ်တွေကိုယ်တိုင် ကားပေါ်တင်ပြီး နယ်စပ်ဂိတ်အထိ ပို့ဆောင်ပေးနေကြတယ်လေ။ ကိုယ့် တိုင်းပြည်မဟုတ်တော့လည်း အခက်တွေ့တာပေါ့။ တရုတ်အာဏာပိုင်တွေနဲ့ အဆင်ပြေအောင် သွားညှိပါသေးတယ် မရခဲ့ဘူး”ဟု တာဝန်ခံတဦးဖြစ်သည့် ဦးဇော်လတ်က ဧရာဝတီသို ပြောသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးလာသူများ ဖြစ်ပြီး နယ်မြေ တည်ငြိမ်မှု မရရှိသေးသဖြင့်ေ နရပ်ရင်းသို့ မပြန်နိုင်ကြချေ။

http://burma.irrawaddy.org/archives/18461
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India