August 30, 2012

ချင်းပြည်နယ်အတွက် JICA က ကျပ်သန်း ၉၉၀၀ ချေးမည်

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းမှ ဒေသခံကလေးငယ်များ (ဓာတ်ပုံ – ခိုးနူမ်းထုန်)
မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် အဆင်းရဲဆုံးဖြစ်သော ချင်းပြည်နယ်အတွက် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) က ကျပ်ငွေ သန်း ၉၉၀၀ ခန့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နိုင်ရန်အတွက် JICA က ချပေးမည့် ချေးငွေကို ပြည်ထောင်စု အစိုးရမှတဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဗန်ထောင်းက ဧရာဝတီသို့ ပြောသည်။
“ပြည်ထောင်စု အစိုးရကနေပြီးတော့မှ ချပေးတာ။ ဒီလိုဒီလို ချေးငွေတွေရှိတယ်၊ ဘာတွေလုပ်ချင်သလဲ၊ ကိုယ့်ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဘာတွေလုပ်ချင်သလဲ ဆိုတာကို Proposal တင်ခိုင်းတယ်။ အဲဒီမှာ ဒီလိုဒီလောက် ရှိတယ်ဆိုတဲ့ ပြောပြချက်အရ ကျနော်တို့က သိရတာပါ” ဟု ဦးဗန်ထောင်း က ဆိုသည်။
JICA အနေဖြင့် အဆိုပါချေးငွေကို အတိုးနှုန်း ၀ ဒဿမ ၀၁ ရာခိုင်နှုန်းဖြင့် ပြည်ထောင်စု အစိုးရမှတဆင့် ၂၀၁၃၊ ၂၀၁၄ ဘဏ္ဍာနှစ်တွင် ချပေးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားပြီး ယခုလကုန်ပိုင်းတွင် ချင်းပြည်နယ်သို့ JICA အဖွဲ့ဝင်များ ကွင်းဆင်းလေ့လာကြမည်ဖြစ်ကြောင်း ဦးဗန်ထောင်းက ဆက်ပြောသည်။
ယခုလက်ရှိ ၂၀၁၂၊ ၂၀၁၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်ဖြင့် ကျပ်ငွေ သန်း ၃၀၀၀ ချပေးထားကြောင်း၊ ထိုငွေများကို စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် တခြား ဒေသဖွံ့ဖြိုးရေး နေရာများအတွက် အသုံးပြုလျက်ရှိကြောင်း သိရသည်။
“စိုက်ပျိုးရေးမှာဆိုရင် လှေကားထစ်တွေ တူးဖော်တဲ့နေရာတွေ၊ စိုက်ပျိုးရေ ရရှိရေးတွေမှာ သုံးတယ်။ ကျန်းမာရေးမှာ ဆေးပေးခန်း ဆောက်လုပ်ရေးတွေ၊ နောက် စာသင်ကျောင်းဆောင်တွေ၊ ကျေးလက်သောက်သုံးရေ ရရှိရေး၊ ကျေးလက်မီးလင်းရေးတွေမှာ သုံးတယ်။ အခုဟာက ပံ့ပိုးထောက်ပ့ံမှုဆိုတော့ တဦးချင်း ထောက်ပံ့မှု မဟုတ်ဘဲနဲ့ လူအများကို အကျိုးပြုတဲ့ဟာတွေမှာ ထောက်ပ့ံတဲ့ သဘောပါ” ဟု ဦးဗန်ထောင်း က ပြောသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ််အတွင်း၌ အလုပ်အကိုင် ရှားပါးမှု၊ စားဝတ်နေရေး ကြပ်တည်းမှုတို့ကြောင့် ဒေသခံတိုင်းရင်းသား လူငယ်၊ လူလတ်ပိုင်းများသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် မလေးရှားနိုင်ငံများသို့ ထွက်၍ အလုပ်လုပ်ကိုင် နေကြရကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့အခြေစိုက် ခိုးနူမ်းထုန် (ချင်းသတင်းဌာန) မှ လက်ထောက်အယ်ဒီတာ ဆလိုင်းရောဘတ်က ဆိုသည်။
“အလုပ်အကိုင်ကရှားတော့ လူငယ်တွေ တော်တော်များများက ချင်းပြည်နယ်မှာမှ မရှိကြတော့တာ။ တချို့က အိန္ဒိယ နိုင်ငံဘက် ထွက်လာတယ်။ ငွေကြေးတတ်နိုင်တဲ့ လူတွေကျတော့ မလေးရှားတို့ ဘာတို့ကို ထွက်ကြတာပေါ့၊ တော်တော်များများကတော့ စားဝတ်နေရေး ခက်ခဲ့တော့ ပညာရေးကိုလည်း အားမပေးနိုင်တော့ဘူး” ဟု ဆလိုင်းရောဘတ်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ ဆင်းရဲမွဲတေမှုဖြစ်ပြီး ဆင်းရဲခြင်းကို ဖြစ်စေသည့် အကြောင်းမှာ အလုပ်လက်မဲ့ များပြားခြင်းဖြစ်ကြောင်း၊ ထိုပြဿနာကို ဖြေရှင်းရန် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလက ပြောဆိုခဲ့သေးသည်။
NLD ပါတီ အနေဖြင့်လည်း ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဌာန (Department for International Development- DFID) ၏ အကူအညီဖြင့် ပြုလုပ်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အခြေခံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းတချို့တွင် စတင်လုပ်ဆောင်နေကြောင်း သိရသည်။
နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု အဖြစ်အများဆုံးစာရင်း၌ ရှိနေသည့် ချင်းပြည်နယ်ထဲတွင် စုစုပေါင်းလူဦးရေ ၅ သိန်း ၄ သောင်းခန့် နေထိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၉ မြို့နယ်နှင့် မြို့နယ်ခွဲ ၄ ခုရှိပြီး ခရိုင် ၃ ခုရှိကြောင်း ချင်းပြည်နယ်အစိုးရ မှတ်တမ်း အချက်လက်များအရ သိရသည်။
ပြည်ထောင်စုအစိုးရ၏ ယခုနှစ်ထုတ်ပြန်ထားချက်များအရ ချင်းပြည်နယ်တွင်နေထိုင်သူ လူဦးရေ၏ ရ၃ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုနှင့်ရင်ဆိုင်နေသည်ဟု ဆိုသည်။
ထို့အတူ ၂၀၁၁ ခုနှစ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီစဉ် (UNDP) ၏ စစ်တမ်း ကောက်ယူချက်အရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်း ၁၄ ခုအနက် ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် အဆင်းရဲဆုံး ပြည်နယ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တွင်းနေထိုင်သူ ဒေသခံများသည် စပါး၊ ပြောင်းဖူး၊ ပဲစင်းငုံနှင့် ပဲအမျိုးမျိုး စိုက်ပျိုးသည့်အပြင် အသားတု အဖြစ် အသုံးပြုသော ဝဥများကိုလည်း စိုက်ပျိုးထုတ်လုပ်ကြကြောင်း၊ JICA မှ ချေးငွေများ ရရှိပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့တွင် အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဗန်ထောင်းက ပြောသည်။
JICA အဖွဲ့သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေစိုက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေး ကဏ္ဍများတွင် ကူညီ ထောက်ပံ့ပေးနေသည့် အဖွဲ့ဖြစ်သည်။
ထိုအဖွဲ့သည် ချင်းပြည်နယ်အတွင်း၌ လူမှုအဆင့်အတန်း မြင့်မားရေးအတွက် မြေဆီလွှာထိန်းသိမ်းရေးနှင့် ရာသီအလိုက် အသုံးဝင်သီးနှံ စိုက်ပျိုးရောင်းဝယ်ရေး၊ ဆေးဘက်ဝင် သစ်ပင်များ စိုက်ပျိုးရေး၊ တရားမဝင် သစ်ခိုးထုတ်မှု ပပျောက်ရေးနှင့် သစ်တောထိန်းသိမ်းရေး ပညာပေးလုပ်ငန်းများကို ၂၀၀၆ ခုနှစ် မေလ ၁၅ ရက်နေ့မှ စတင်ကာ ဂျပန်ယန်းငွေ သန်း ၅၀ ထောက်ပံ့၍ မြန်မာနိုင်ငံ သစ်တောရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း JICA အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံး ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိကြောင်း ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသို့ လျော့ချနိုင်ရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်နေကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် ပြောကြားသွားသည်။

http://burma.irrawaddy.org/archives/18791
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India