August 30, 2012

၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့ NMSP ဗဟိုဌာနချုပ်တွင် ကျင်းပ

သြဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)

၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် ကျရောက်သည့် ၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့ကို ရေးချောင်းဖျား ဒေသရှိ မွန်ပြည်သစ်ပါတီ-(NMSP) ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ ဒုဥက္ကဌ နိုင်ရော့စ၊ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လယီဂကောင်း အပါအဝင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အင်အား ၁၀၀ကျော် တက်ရောက်ကြသည်။
အခမ်းအနားတွင် ကလေးစစ်သား အသုံးမပြုရန် ဂျီနီဗါသဘောတူညီချက်ကို အခမ်းအနားတက်ရောက်လာခဲ့သည့် တပ်မှူးတပ်သားများ နှင့် ပါတီတာဝန်ရှိတို့ကို ရှင်းလင်းပေးခဲ့ပြီး မွန်ပြည်သစ်ပါတီအနေနှင့် Geneva Call စာချုပ်ကိစ္စနှင့် ပတ်သက်ပြီး အောက်ခြေတပ်ရင်း တပ်ဖွဲ့များကိုလည်း ရှင်းလင်းသွားမည်ဟု သိရသည်။
“Geneva Call နဲ့ပတ်သက်ပြီးတော့ ကျနော်တို့စာချုပ်ချုပ်ဆိုထားတဲ့ အချက် (၁၆)နဲ့ ပတ်သက်တဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ရှင်းပြ တယ်။ တခြားတပ်ရင်းတွေအတွက်လည်း လောလောဆယ် Geneva Call စာချုပ်ကိစ္စနဲ့ပက်သက်ပြီး မွန်လိုပြန်ထားပြီးတော့ တပ်ရင်း တိုင်း၊ မြို့နယ်တိုင်း၊ ခရိုင်တိုင်းမှာ ဖြန့်ဖို့ရှိတယ်။ နောက် စာချုပ် ချုပ်ဆိုထားတဲ့ အသေးစိတ်ရှင်းလင်းချက်ကိုလည်း နယ်ကိုပြန်ဖြန့်ဖို့ ရှိပါ တယ်”ဟု ဗဟိုစစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်လယီဂကောင်းက ပြောသည်။
Geneva Call စာချုပ်ပါအချက်အလက်များကို အောက်ခြေအဆင့်ထိ ရှင်းလင်းသွားမည်ဖြစ်သလို ဘဝတူတော်လှန်ရေး အဖွဲ့အစည်းများ ကိုလည်း စာချုပ် ချုပ်ဆိုနိုင်အောင် တိုက်တွန်းသွားမည်ဟုလည်း ၎င်းက ပြောသည်။
အသက် (၁၈)နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေးအတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ(NMSP) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့က သြဂုတ်လဆန်းပိုင်းခန့်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ မြို့တော်ခမ်းမတွင် တရား ဝင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်က စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ပြီး အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံခဲ့သဖြင့် ၂၀၁၀ခုနှစ်၊ ဧပြီလတွင် ငြိမ်းချမ်းရေးပျက်ပြယ်ခဲ့သည်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင်များနှင့် မြန်မာအစိုးရ ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲရေး ပဏာမသဘော တူညီချက် ၅ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့သည်။
မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားတပ်မတော်ကို ၁၉၇၁ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

http://www.kicnews.org/?p=13134
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India