August 31, 2012

KIO ထိန်းချုပ်နယ်မြေမှ အစိုးရ စစ်သားများ နေရပ်ပြန်ရန် စီစဉ်

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကချင်ဒေသအတွင်း တွေ့ရသော အစိုးရ စစ်ကြောင်းတခု (ဓာတ်ပုံ – Kachinnet)
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)ထိန်းချုပ်နယ်မြေသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသည့်် မြန်မာ့ တပ်မတော်သားများ နေရပ်ပြန်နိုင်ရန် အတွက် စီစဉ်ပေးနေသည်။
ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် က“ဒီမှာရောက်နေတဲ့ သူတွေပြန်ဖို့ ILO က အဆက် အသွယ် လုပ်နေပြီ”ဟု ပြောပြသည်။
ယင်း အစီအစဉ်တွင် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) က ကြားဝင်ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အသေးစိတ် အစီအစဉ်ကိုမူ မသိရှိရပေ။
KIO နယ်မြေတွင် ရောက်ရှိနေသည့် အသက်ပြည့် စစ်သား၊ ကလေး စစ်သား စုစုပေါင်း ၄၀ နီးပါးရှိကြောင်း KIO ဘက်က သိရ သည်။
၎င်းတို့သည် နေရပ်ပြန်ပါက အရေးယူခံရမည်ကို စိုးရိမ်သဖြင့် မပြန်ကြသေးဘဲ ဆက်လက် နေထိုင်ကြသူများဖြစ်သည်ဟုလည်း ဆို သည်။
ပြန်လွှတ်လိုက်သည့် စစ်သားတချို့မှာ နေရပ်မပြန်တော့ဘဲ တရုတ်ပြည် နယ်စပ်မြို့များတွင် ဒေသခံတရုတ် လူမျိုးများ မလုပ်လို သည့် အလုပ်များတွင် လုပ်အားခ စျေးပေါပေါဖြင့် နေ့စား ၀င်ရောက် လုပ်ကိုင်နေကြခြင်းများလည်း ရှိကြောင်း သိရသည်။
KIO နယ်မြေတွင် ရောက်ရှိနေသော ကလေး စစ်သား တဦးကလည်း “ပြန်ရင်တော့ ရန်ကုန်ပဲပြန်ရမှာပေါ့၊ အိမ်က လှိုင်သာယာမှာ၊ အခုရှိသေးလား မသိဘူး၊ တပ်ထဲ ရောက်သွားတာလည်း အိမ်ကမသိဘူး”ဟု ပြောသည်။
၎င်းမှာ ဧရာဝတီ တိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာသည့် သဘောင်္တွင် စစ်သား အဖြစ် စုဆောင်းခြင်းခံရသူ ဖြစ်ကြောင်း သိရသည်။
KIO ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာသည့် မြန်မာ့ တပ်မတော်သားများကို သုံ့ပန်း ဟု မသုံးနှုန်းဘဲ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ လာသည့် မြန်မာ့ တပ်မတော်သားများ ဟု KIO က သုံးနှုန်းသည်။
KIA နှင့် အစိုးရတပ်များသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်ကြာမြင့်ခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ပျက်ပြားသွားခဲ့ရသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ အရပ်သား ပြည်သူ ရ၅၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးအတွက် ၂၀၁၁ နို၀င်ဘာ၊ ၂၀၁၂ ဇန်နဝါရီ နှင့် မတ်လတို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေ သော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။

http://burma.irrawaddy.org/archives/18931
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India