August 31, 2012
SSPP/SSA နှင့်ပတ်သက်ဆက်နွယ်သည်ဟု သင်္ကာမကင်းဖြစ်သူများကို မြန်မာစစ်တပ်က ဆက်တိုက် ဖမ်းဆီးနေ
သျှမ်းပြည်တပ်မတော်၏ အမာခံလူဟုဆိုကာ ဖမ်းဆီးသွားသော နမ္မတူဒေသခံ စိုင်းကျော်အေးခေါ် အား ပြန်မလွှတ်ပေးသေး သည့် အပြင် သျှမ်းတပ်နှင့်ပတ်သက်ဆက်နွယ်နေသူများကို လိုက်ပြပေးရန်ဆက်လက်ခေါ်ဆောင်သွားသဖြင့် ဒေသခံများ စိတ်လက်မအေးဖြစ်နေရကြောင်း ဒေသခံများသတင်းရပ်ကွက်ကဆိုပါသည်။
၂၃ ရက်နေ့ကဖမ်းတဲ့ ပိန်းထော်(န်) ရွာသားစိုင်းကျော်အေးကို သူတို့စစ်ကြောင်းကိုလမ်းပြပေးဖို့ခေါ်သွားတယ်။ ပိန်းထော်န် ရွာသူကြီး စိုင်းအောင်ညွန့် ကိုလည်း ဖမ်းသွားတယ်။ ၂၇ ရက်မှာ ည၈ နာရီမန်စံရွာထဲ ဝင်တယ်။ နမ့်ပိုင်သူကြီး စိုင်းထွေး ညွန့်၊ ရွာသား စိုင်း၀ဏ္ဏကို ကိုထပ်ဖမ်းတယ်။ ၂၈ ရက်နေ့ ပန်လှ၊ ပန်ဆော့ရွာဖက် ဆက်သွားတယ်။ ဆန်ခါဘက်ဖြတ်သွား တော့ ဆန်ခါရွာသား တွေကို သူတို့ကို နားဟုတ် နောင်ငင်းရွာကိုပို့ခိုင်းတယ်။ ဆန်ခါမှာ ဗမာစစ်တပ် လူစုခွဲပြီး နောင်ငင်းကို ၉၄ ယောက် ရောက်တယ်။ ၂၉ ရက် နားဟုတ်ကနေ မန်စံတောင်ဖက်ဆင်း တယ်။ စိုင်းကျော်အေးနဲ့ စိုင်းအောင်ညွန့်ကို ဗမာ စစ်အင်္ကျီ နဲ့ ပုဆိုးနဲ့ဝတ်ပေးပြီး လက်ထိပ်ခတ်ြကီးနဲ့ခေါ်သွားတယ်။ အဲဒီစစ်သားတွေကျတော့ သျှမ်းစစ်သား ဝတ်စုံတွေ ဝတ်ကြတယ်လို့လဲ ရွာသားတချို့ပြောကြတယ် ” ဟု နမ္မတူသား စိုင်းခမ်းက ပြောသည်။
ယခုလ ၂၃ ရက်နေ့က ပိန်းထော်န်ရွာသားစိုင်းကျော်အေးနှင့် နောင်အော့ရွာသား စိုင်းကမ်တို့ နှစ်ယောက် နမ္မတူမြို့နယ် ဝမ့်စန် ကျေးရွာအုပ်စုမှ နောင်အော့်ရွာသို့ ဆိုင်ကယ်ဖြင့် အပြန် နောင်အော့ နတ်စင်အနီး၌ နမ္မတူအခြေစိုက် ၃၂၄ နှင့် နောင်ချိုအခြေစိုက် ၅၀၄ ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်က ဖမ်းဆီးခဲ့ရာမှစ၍ ယနေ့တိုင် သင်္ကာမကင်းဖြစ်သူများကို ဆက်လက်ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု မန်စန်ဒေသခံများက ပြောပါသည်။
အဆိုပါ မြန်မာစစ်တပ်၏ပူးပေါင်းစစ်ကြောင်း ဝင်ရောက်မွှေနှောက်နေသော နယ်မြေများသည် သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုမရှိသေးသကဲ့သို့ သျှမ်းပြည်တပ်မတော်မှ ဝင်ရောက် ပြောဆို ဖြေရှင်းပေးခြင်းလည်းမရှိသေးကြောင်း စိုင်းခမ်းက ဆက်လက်ပြောပြသည်။
၎င်းနှင့်ပတ်သက်၍လည်း သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း မှ အရာရှိတဦးက အဆိုပါ အကြောင်း ကိစ္စမသိရှိရသေး ကြောင်းပြောဆိုခဲ့သည်။
“ ဒီစစ်ကြောင်းတွေကနေ လူတွေလိုက်ဖမ်းနေတာ လွယ်လွယ်နဲ့ရပ်မယ်မထင်ဘူး။ စစ်သားတိုင်းဟာ သျှမ်းစကားကိုမွှတ် နေအောင်ပြောတတ်တယ်။ ရွာသားတွေကို သျှမ်းစစ်တပ်နဲ့ မပတ်သက်စေချင်တဲ့စီမံကိန်းနဲ့ ရှင်းလင်းနေတာဖြစ်နိုင်တယ်။ သူတို့ဖမ်းသွားတဲ့လူတိုင်း ညိုမဲဒဏ်ရာတွေပြည့်နေတယ်လို့ မြင်တဲ့လူတွေက ပြောပြတယ်။ ဒီတိုင်းဆက်လုပ်နေမယ်ဆို ရင်တော့ မကြာခင်ရွာသားတွေ ပြောင်းကြရွှေ့ကြမယ့်အနေအထားမှာရှိတယ်” ဟု ခေတ်ပညာတတ် နမ္မတူလူငယ် တဦး ကလည်းပြောသည်။
ထိုသို့ ခြေလျင်စစ်ကြောင်းများအပြင် စစ်ယာဉ်တန်းဖြင့်လည်း လားရှိုးမှ နမ္မတူဘက်သို့ အင်အားပို့ဆောင်နေကြောင်း ဒေသ ခံများကပြော၏။
အဖမ်းခံရသူ၏ မိဘဆွေမျိုးများက စိုးရိမ်ပူပန်မှုဖြင့် ဒေသတွင်းရှိ နိုင်ငံရေးပါတီများ အုပ်ချုပ်ရေးအာဏာပိုင်များမှတဆင့် အကူအညီတောင်းဆိုထားသော်လည်း ဗျူဟာမှူးများက တိုင်းမှလာသောအမိန်ဖြစ်သဖြင့် မတတ်နိုင်ကြောင်းသာ ပြန်ပြော သည်ဟု ဆို၏။
သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် ဦးသိန်းစိန် အစိုးရနှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်နေ့၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူ ထားသည့် အဖွဲ့ဖြစ်ပါသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3440-ssppssa-----.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။