လွှတ်တော်တွင်း အသံတိတ်နေဆဲ မြောက်ပိုင်းတိုက်ပွဲသံများ
နိုင်ငံတကာစောင့်ကြည့် လေ့ လာသူများက မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးတွင် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ရှုမြင်ကြ သော ကချင်တိုက်ပွဲများအရေးကို ကျင်းပနေသော လွှတ်တော်များ တွင် အဓိကထားဆွေးနွေးလိမ့် မည်ဟု လွှတ်တော်အစည်းအ ဝေးများ မစမီက ခန့်မှန်းခဲ့ကြ သော်လည်း ယခုဇူလိုင်တွင် စတင် ခဲ့သည့် လွှတ်တော်အစည်းအဝေး များ ခေတ္တရပ်နားတော့မည့်အ ချိန် အထိ ရေရေရာရာ ဆွေးနွေး ခြင်း မရှိသေးပေ။
သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးဖော်ဆောင် ရာ၌ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းဆယ်ဖွဲ့နှင့
မြန်မာနိုင်ငံ၏ အရေးကြီး သော ပြဿနာဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော်
ကချင်စစ်ပွဲများသည် မြန်မာ ပြည်တွင်း ဖြစ်ပွားခဲ့သော စစ်ပွဲ များအနက် စစ်အသုံးစရိတ် အ ကြီးမားဆုံး ဟု နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများက ခန့်မှန်းသုံး သပ်နေကြသော်လည်း ယခုအ ချိန်ထိ စစ်အသုံးစရိတ်အပါအဝင်စစ်ပွဲ
နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် မိမိ ကိုယ်ကို ခုခံကာကွယ်ခြင်းမှလွဲ၍ ထိုးစစ်ဆင်ခြင်းမပြုရန် ညွှန်ကြား ချက်ထုတ်ခဲ့သော်လည်း တိုက်ပွဲ များ ရပ်တန့်သွားခြင်းမရှိဘဲ ၂၀၁၂ ခုနှစ် ဧပြီလဆန်းမှ စတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာပြီး စစ် ဘေးဒုက္ခသည် အရေအတွက်မှာ လည်း ခုနစ်သောင်းနီးပါး ရှိလာသည်။
ပြီးခဲ့သော သြဂုတ် ၂၀ ရက် က ပြည်သူ့လွှတ်တော်တွင် တိုက် ပွဲများနှင့် ပတ်သက်၍ ရှမ်းပြည် နယ်မြောက်ပိုင်း၊ မိုင်းရယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းသီဟကျော်က တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးသော်လည်း မည် သည့်အတွက်ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ သည် ကို မေးမြန်းခဲ့သည်။
ထိုမေးမြန်းချက်ကို ပြည် ထောင်စု ငြိမ်းချမ်းရေးနှင့် ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု တိယဥက္ကဋ္ဌ ဦးအောင်မင်းက တိုင်း ရင်းသားလက်နက်ကိုင် အရေးကိစ္စ များမှာ လွတ်လပ်ရေးရပြီးချိန်မှ စတင်ဖြစ်ပွားခဲ့သော ကိစ္စများဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့သော ပြဿနာများကို တစ်
ရက်တည်း၊ တစ်ထိုင်တည်း ဖြေရှင်းရန် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး ဖော်ဆော င်ရာတွင် တိုင်းဒေသကြီးအဆင့်နှင့် ပြည်နယ်အဆင့်၊ ပြည်
ထောင်စုအဆင့်နှင့် ပြည်ထောင်စုလွှတ်တော်အဆင့်ဟူ
ရှမ်းပြည်နယ်နှင့် ပတ်သက် ၍ ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်းကို ရှင်းလင်းပြောကြား သွားကာ ကရင်အဖွဲ့ဖြစ်သော ကေအင်န်ယူနှင့် ပတ်သက်ပြီး အ နည်းငယ်ရှင်းလင်း ပြောကြားသွား သော်လည်း ကချင်စစ်ပွဲများကိစ္စနှင့် ပတ်သက်၍မူ တိတိပပ ပြောကြားသွားခြင်း မရှိသဖြင့် ကချင်လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ မချင့် မရဲဖြစ်ခဲ့ရသည်။
''ကချင်ကိစ္စကို ရှင်းရှင်းလင်း လင်း ပြောမသွားဘူး။ ဒီကိစ္စကို တင်ပြဖို့ အချိန်နည်းနည်း စောင့်ကြည့်ေ နတာပါ။ လက်ရှိမှာ အောက်ခြေမှာ မတည်မငြိမ်ဖြစ်နေတယ်။ ဒီကိစ္စတွေကို ကာကွယ်ရေးဦး စီးချုပ်က လာပြီးဖြေရှင်းပေး ရမှာဖြစ်ပေမယ့် ပြည်သူတွေသိ အောင် ဖြေရှင်းမပေးတဲ့အပေါ် စိတ်မကောင်းဘူး''ဟု ကချင်တိုင်း ရင်းသူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ဒွဲဘူက 7Day News၏ မေးမြန်းချက် ကို ဖြေကြား သည်။
ရခိုင်တိုင်းရင်းသား အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကမူ ''တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ််ရေးဦး
လွှတ်တော်နှင့် ပြည်ထောင် စုအစိုးရအဖွဲ့ ဆက်သွယ်မှုအဖြစ် လွှတ်တော်မှ မေးခွန်းမေးမြန်းခြင်း များအား သတ်မှတ်စည်းကမ်း နည်းလမ်းများနှင့်အညီ ဖြေကြား နိုင်ခြင်းကို ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ ဖြေကြားနိုင်သည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) တွင် တပ်မတော်၏အခန်းကဏ္ဍကို ''နိုင်ငံတော်အတွင်းရှိလက်န
အောက်တွင်ရှိရမည်၊ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်'' ဟု ဖော်ပြထားသည်။
''ခုနောက်ပိုင်းမှာတော့ တိုက် ပွဲတွေ ပိုဖြစ်လာတယ်။ အဲဒါဟာ ဘာကိုပြသလဲဆိုတော့ အုပ်ချုပ် ရေးပိုင်း မှာ ပြဿနာရှိနေတာကို တွေ့ရပါတယ်။ အထက်ကအမိန့် ကို အောက်ကမနာခံတာကို ပြ တယ်။ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆို စစ်တပ်ရဲ့အခန်းကဏ္ဍအများ
ကြီးပါတာကို တွေ့ရတယ်'' ဟု အ သက် ၄၀ အရွယ် နိုင်ငံသားတစ် ဦးဖြစ်သူ ဦးဇော်မင်းကျော် က ပြောကြားသည်။
ကချင်ပြည်နယ်ရှိ စစ်ပွဲနယ် မြေများသို့ ပြီးခဲ့သော လအနည်း ငယ်က သွားရောက်ခဲ့သလို အစိုး ရအဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီဝင် ၀န်ကြီးများနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမြအေးက ''ဒီလို လက် နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဖြစ်တဲ့ ကိစ္စ တွေကို တာဝန်အရှိဆုံးဖြစ်တဲ့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်န
ကိုမြအေးက ငြိမ်းချမ်းရေး ရ နိုင်ရန်မှာမူ တွေ့ဆုံဆွေးနွေးရေး သာလျှင် တစ်ခုတည်းသော လမ်း ကြောင်းဟု ထင်မြင်ယူဆသည်။
အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းလိုက်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး
ဆွေးနွေးရန် တွေ့ဆုံမည့်နေရာစတင်ညှိနှိုင
စတုတ္ထအကြိမ်မြောက် တွေ့ ဆုံဆွေးနွေးမှု မဖြစ်သေးသော် လည်း သြဂုတ်လ နောက်ဆုံးပတ် တွင် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် အသစ်ဦးရေ ခြောက်ထောင်ကျော်ခဲ့ပြီဖြစ်
တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ပြန်ပို့ေ
ရှိတော့မည့် ဆောင်းရာသီအတွက်အအေးဒဏ်ခံနု
၁၉၉၄ ခုနှစ်မှ စတင်ကာ ၂၀၁၁ အထိ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့သော ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် နယ်ခြားစောင့် တပ်ကိစ္စကြောင့် နှစ်ဖက်တင်းမာ ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ရာ ယနေ့တိုင်ပင်ဖြစ်သည်။
သမ္မတဦးသိန်းစိန်က ၂၀၁၂ မေ၁ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့
နိုင်ငံသားအချင်းချင်း တိုက် နေကြသော ပြည်တွင်းစစ်မီး ချုပ် ငြိမ်းသွားအောင် အစိုးရအဖွဲ့ဖြစ် စေ၊ လွှတ်တော်ကပင်ဖြစ်စေ၊ မည် သည့်မဏ္ဍိုင်ကဖြစ်စေ စွမ်းဆောင် နိုင်ခဲ့မည်ဆိုလျှင် သမိုင်းဝင် ငြိမ်း ချမ်းရေး အကျိုးဆောင်အဖြစ် မှတ်ကျောက်တင်ခံရမည်ဖြစ်သည်
ကမ္ဘာ့အရှည်ကြာဆုံး ပြည် တွင်းစစ်များဖြစ်ပွားခဲ့သော