မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်လာမည့် ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း ၎င်းင်းတို့နှင့်နီးစပ်သော အသိုင်းအဝိုင်းကပြောပါသည်။
စက်တင်ဘာလမှစတင်၍ပြည်ပ သို့ရောက်ရှိနေသည့် အတိုက်အခံအ ဖွဲ့အစည်းများက ခေါင်းဆောင်များ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး ပထမဦးဆုံးဝင်ရောက်မည့်သူများမှာ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော်၊ ကိုမူးသာစသူတို့ပါ၀င်မည်ဖြစ်သည်။
၎င်းင်းတို့မှာ စက်တင်ဘာ ၁ ရက် နေ့ နံနက် ၈နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ မှတစ်ဆင့် လာရောက်မည်ဖြစ်ပြီး အစိုးရအဖွဲ့နှင့် ပဏာမတွေ့ဆုံဆွေး နွေးမည်ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ညွှန်ကြားရေးမှူး ဦးဇော် ဌေးက “ကျွန်တော်တို့ မသိသေးပါ ဘူး။ သိရင် တွေ့တယ်ဆိုတဲ့အ ကြောင်း သတင်းထုတ်ပြန်မှာပါ” ဟု ပြောပါသည်။
ပြည်တွင်းသို့ ပြန်လည်ဝင် ရောက်လာမည့်သူများမှာ မြန်မာ နိုင်ငံ၏ လက်ရှိအခြေအနေများကို အနီးကပ်လေ့လာရန် ပြန်လာခြင်း၊ အပြီးအပိုင် နေထိုင်ရန် ပြန်လာ ခြင်းစသည့် ရည်ရွယ်ချက်များဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ၎င်းင်းတို့ နှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပထမဆုံးမိန့်ခွန်းတွင် ပြည်ပရောက် အတိုက်အခံအင်အားစုများအတတ် ပညာရှင်၊ အသိပညာရှင်များ ပြည်တွင်းသို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့ သည်။
ယခုအကြိမ်တွင် ပြန်လာသည့် အတိုက်အခံအင်အားစုများအား အစိုးရအဖွဲ့အနေဖြင့် တစ်ရက်တည်းအပြတ်တွေ့မည်ဖြစ်ကြောင်း ၎င်းင်းတို့နှင့်နီးစပ်သည့် အသိုုင်းအဝိုင်းကပြောပါသည်။
http://www.themyanmarpostglobal.com/?p=1756