August 15, 2012

မြန်မာစစ်တပ် တိုက်ခိုက်မှု ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်ဟု RCSS/SSA ဆို

သြဂုတ်လ ၁၅ ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အုပ်ချုပ်မှုနယ်မြေခံအတွင်း အစိုးရစစ်တပ် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသည်ဟု RCSS/SSA က ယနေ့ ပြောဆိုလိုက်သည်။
သို့သော် အစိုးရစစ်တပ်ဘက်က နယ်မြေကျော်ပစ်ခတ်မှုသည် ငြိမ်းချမ်းရေးကို နောက်ပြန်ဆုတ်နေသည့် အခြေအနေဟူ၍ မထင်မြင်ဘဲ အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် သာမန်ပုံစံဖြင့် ဆက်ဆံနေသေးသည်ဟု ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ကေအိုင်စီသို့ ပြောသည်။
သျှမ်းပြည်နယ် တန့်ဆန်းမြို့အနောက်ဘက်က မိုင်ပန်ရှိ နောက်ဆုံးဖြစ်ပွားနေသော သြဂုတ်လ (၁၁)ရက်နေ့က အစိုးရစစ်တပ်မှ တမင် ဝင်ရောက်ကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် သျှမ်းပြည်တောင်ပိုင်း၏ လက်ရှိအခြေအနေမှာ အပစ်အခပ်ရပ်စဲရေး သဘောတူလက်မှတ် မထိုးခင်ကာလက ပုံစံအတိုင်းပင်ဖြစ်ကြောင်း RCSS/SSA က ဆိုသည်။
ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက “ကျနော်တို့နယ်မြေဒေသအတွင်းမှာဆိုရင် ဒီလိုမျိုး ခဏခဏဖြစ်ပွားလေ့ရှိတယ်။ ဒီလို မိနစ်ပိုင်းတိုက်ပွဲတို့ပေါ့။ အဲဒါကြောင့် အရင်ကလိုပဲ အပစ်အခပ်ရပ်စဲရေး မဟုတ်သလိုပဲပေါ့နော်”ဟု ဆိုသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွင် အရေးကြီးနေသည်ကို RCSS/SSA မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်း၊ သမ္မတ ဦးသိန်းစိန်ထံသို့ တင်ပြ၍ ၎င်းတို့နယ်မြေအတွင်း ဖြစ်ပျက်နေသော ပြဿနာများကို ဖြေရှင်းပေးရန် တောင်းဆိုထားသော်လည်း တစုံတရာ ကျေနပ်လောက်သည့် တုန့်ပြန်မှုမျိုး မရရှိသေးကြောင်း သူက ဆက်ပြောသည်။
သြဂုတ်လ ၁၂ရက်နေ့က မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက လက်ရှိတွင် ထိရှလွယ်ရှသော အခြေအနေဖြစ်သော ကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးမှာ သဘောတူလက်မှတ်ထိုးရုံဖြင့် ငြိမ်းချမ်းရေးရပြီဟု မဆိုနိုင်သေးကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် ကော်မတီအစည်းအဝေးပွဲတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

http://www.kicnews.org/?p=12921
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India