September 15, 2012

ဖားကန့် ပစ်ခတ်မှုများကြောင့် ဒုက္ခသည် တဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

ချင်းမိုင်(မဇ္စျိမ) ။         ။ အစိုးရတပ်ဖွဲ့များ မှားယွင်းစွာ ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်း မှော်ဝမ်း ရပ်ကွက်မှ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည် တဦး သေဆုံးကာ ခုနှစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ကြာသပတေးနေ့ ညနေ ၃ နာရီခွဲချိန်မှ ၆ နာရီခန့်ထိ နှစ်နာရီခန့်ကြာ ပစ်ခတ်ခဲ့သဖြင့် ဆွတ်ငိုင်ယန်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မရှရမ် ဆိုင်းဂျာအိမ်၏ ပေါင်ရင်းနှင့် နောက်ကျောတွင် ကျည်ဆံ ထိမှန်၍ ဖားကန့်မြို့ ဆေးရုံတွင် ခွဲစိပ်ကုသမှု ခံယူနေစဉ် ကွယ်လွန်သွားသည်ဟု မှော်ဝမ်း နှစ်ခြင်းအသင်းတော်မှ ဆရာမ နန်ဆန် က ပြောသည်။

“အစိုးရဘက်က ဆွပ်ငိုင်ယန်ရွာမှာ အရက် မူးအောင် သောက်ပြီးတော့ ဆွပ်ငိုင်ယန် အောက်ဘက် အဆင်းမှာ ဗုံးတလုံး ပေါက်ကွဲသံကြားလို့ သေနတ်တွေ ရမ်းသမ်းပစ်၊ ဗုံးတွေ ကျဲလိုက်လို့ ကျမတို့ ဒေသခံတွေဆီ ထိသွားတာ သူတို့ အစိုးရ ပစ်လိုက်တဲ့ ကျည်ဆံ ထိမှန်သွားတယ်။ ညက ဆေးရုံမှာ ခွဲစိတ်လိုက်တော့ ကျည်ဆံက ဝမ်းပိုက်ဘက်
ပေါက်သွားလို့ ကလီစာတွေ အကုန်လုံး ပျက်စီးသွားလို့ သေဆုံးသွားတယ်” ဟု ဆရာမက မဇ္စျိမကို ပြောသည်။

ထို့ပြင် အသက် ၃ဝ နှစ်ကျော်အရွယ် ဦးယားကု၊ ဦးလဘူ ဆိုင်းခွမ်၊ သမီးဖြစ်သူ မလဘူ လုအောင်၊ မဆိုင်းပန်နှင့် ဖက်သီး ဆိုသူတို့ အပါအဝင် ခြောက်ဦးလည်း ဗုံးဆံများ ထိမှန်၍ ဒဏ်ရာများ ရရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

ဆွပ်ငိုင်ယန်ကျေးရွာ အခြေစိုက်ထားသည်မှာ တပ်ရင်း ခလရ ၅၂ တပ်ဖွဲ့များ ဖြစ်ပြီး နမခ လက်အောက်ခံ တပ်ရင်း များလည်း ရှိသဖြင့် ပူးပေါင်း တပ်များအချင်းချင်း မှားယွင်းပစ်ခတ် တိုက်ခိုက်ကြခဲ့သည်ဟု ဒေသခံများက ထင်မြင် ယူဆနေကြသည်။

သြဂုတ်လ ၂၉ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များနှင့် အစိုးရအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်
နှစ်ဖက်တပ်များ အသင့်အနေအထား စောင့်ဆိုင်းနေကြသဖြင့် ယခုကဲ့သို့ အစိုးရတပ်ဖွဲ့များက KIO ထင်မှတ်ကာ အချင်းချင်း ပစ်ခတ်ကြခြင်းသာ ဖြစ်ကြောင်း KIO တပ်ရင်း ၆ မှ ရှေ့တန်းတပ်ဖွဲ့မှူး ဗိုလ်ကြီး လဒွဲက ပြောသည်။

“ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ သူတို့အချင်းချင်း ကျနော်တို့လာတယ်ထင်ပြီး လူမှားပြီး အဖွဲ့ သုံးဖွဲ့ အချင်ချင်းပစ်ခတ်ကြတာ။ ဒီမှော်ဝမ်းအထက် ဆွတ်ငိုင်ယန်ကျေးရွာမှာနေတဲ့ တပ်ဖွဲ့နဲ့ ဖားကန့်အမြောက်တပ်တွေ အချင်းချင်းမှား ပစ်ကြတာပါ။ အဲဒီမှာ မျောက်ဖြူဘက်မှာရှိနေတဲ့ တပ်ဖွဲ့တွေလည်း ပြန်ပစ်ကြတယ်” ဟု မဇ္စျိမကို
ပြောသည်။

မှော်ဝမ်း နှစ်ခြင်းဘုရားကျောင်းအတွင်း စစ်ပြေးဒုက္ခသည် ရ၆ဝ ဦးကျော် ခိုလှုံနေကြပြီး ၎င်းတို့မှာ သေနတ်သံများ
ပြန်လည် ထွက်ပေါ်လာမည်ကို စိုးရွံ့့စွာ နေထိုင်နေရသည်ဟု ဆရာမ ဒေါ်နန်ဆန့်က ပြောသည်။

“ကျမတို့က ပြောတောင် မပြောတတ်တော့ဘူး။ စိတ်နဲ့ကိုယ် တခြားစီ ဖြစ်နေပြီ။ ကျမတို့ ဘုရားကျောင်းဘက်မှာ
မော်တာတွေ ပစ်၊ ဗုံးတွေပစ်နေကြလို့ ကျမတို့က ဘာသံမှ မကြားချင်တော့ဘူး။ မနေ့က ၄ နာရီလောက်ကနေ
သေနတ်သံကြားတာ။ ခုထိ ကျမတို့ ထမင်းစားချင်စိတ်တောင် မရှိတော့ဘူး” ဟု ဆိုသည်။

ထိခို်က်ဒဏ်ရာရသူများနှင့်ပတ်သက်၍ ဆရာမ နန်ဆန်က “ဒီကျမတို့ မှော်ဝမ်း ဘုရားကျောင်းနဲ့ အစိုးရ မူလွန်ကျောင်းကြားမှာ ကျလာတဲ့ ဗုံးကြောင့် ဦးယားကုက ခြေဖနောက် နှစ်ဘက်စလုံး အကြောထိ သွားတယ်။ နံရိုးမှာလည်း ထိသွားတယ်။ ဘယ်ဖက်ပခုံး ထိတယ်။ ဆိုင်းပန်က ဘယ်ဖက်ပေါင် အကုန်လုံး စုတ်ပြတ်သွားတယ်။ လက်မှာလည်း ထိတယ်၊ နောက် ဦးလဘူ ဆိုင်းခွမ်နဲ့ မဂျာလုအောင်တို့ သားအဖ နှစ်ယောက်စလုံးက မျက်နှာမှာ ထိသွားတယ်၊ ဖက်ဆီး ဆိုတဲ့တယောက်က လက်မှာ ထိတယ်” ဟု ပြောသည်။

၎င်းတို့အထဲမှ အသက် ၃ဝ နှစ်ကျော်အရွယ် ဦးယာကုနှင့် ဒုတိယတန်း ကျောင်းသူ မလဘူဂျာလုအောင်တို့ နှစ်ဦး သည် ဒဏ်ရာ ပြင်းထန်သဖြင့် မြစ်ကြီးနားမြို့ ဆေးရုံသို့ သွားရောက် ကုသမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ရ ရက်နေ့ကလည်း မှော်ဝမ်းဘုရားကျောင်းတွင် ခိုလှုံနေသူ စစ်ပြေးဒုက္ခသည်တဦးဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ကိုစဂလအောင် လည်း မှော်မောင်းကုန်းသို့အသွားလမ်း တနေရာတွင် အစိုးရတပ်ဖွဲ့များက ပစ်ခတ်၍
သေဆုံးခဲ့ရသေးသည်။

မှော်ဝမ်း ရက်ကွက်လူကြီးများက သေဆုံးသွားသူ၏ အလောင်းကို ယူရန် ဖားကန့် ဗျူဟာမှူးထံ ခွင့်တောင်းသော် လည်း ခွင့်မပြုသဖြင့် ယနေ့ထိ အလောင်းကို ယူနိုင်ခြင်း မရှိသေးကြောင်း ဖားကန့်မြို့ခံတဦးက ပြောသည်။

အလားတူ အသက် ၂၇ နှစ်အရွယ် ဦးကရင်နော်ကျန်းကိုသည်လည်း ရေမဆေးရှာရန် သွားသည့် လမ်းတွင် ဗုံးဆံထိမှန်၍ သေဆုံးသွားခဲ့ရာ ယခုဆိုလျှင် ဖားကန့်မြို့နယ် KIO နှင့် အစိုးရတို့အကြား တင်းမာနေခြင်းကြောင့်
ဒေသခံ အနည်းဆုံး သုံးဦး သေဆုံးသွားပြီ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ကြာသပတေးနေ့တွင် ဆွပ်ငိုင်ယန်ကျေးရွာသားများအား ခလရ ၅၂ တပ်ဖွဲ့များက ဖားကန့်မြို့ စစ်ဗျူဟာကုန်းသို့
ခေါ်ဆောင်သွားကာ ပြန်လည် လွှတ်ပေးလိုက်သော်လည်း ရွှေ၊ ငွေများကို လုယက် သိမ်းယူမှုများ ရှိသည်ဟု အခြား ဖားကန့်မြို့ခံ တဦးက ပြောသည်။

“အဲဒီကျေးရွာသားတွေကို အမျိုးသမီး၊ အမျိုးသား သတ်သတ်ထားပြီး ဗျူဟာကုန်းဘက်လည်း ခေါ်သွားတယ်။ ဒါပေမယ့် ခုတော့ ပြန်လွှတ်လိုက်တယ်။ တချို့ သေတ္တာထဲက ပိုက်ဆံတွေ ယူ၊ မိန်းကလေးတဦးရဲ့ လက်ထပ် လက်စွပ်လည်း လုယူသွားတယ်၊ အဲဒီလို သူခိုးဓါးမြလို့ လုပ်နေကြတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ပေါင်း ၉,ဝဝဝ ကျော်သည် ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရပြီး ၎င်းတို့အတွက် မြို့နယ်အတွင်းမှ လူမှုအဖွဲ့အစည်းများသာ ကူညီထောက်ပ့ံနေရကာ လုံခြုံရေး မရှိသဖြင့် အခြား အဖွဲ့အစည်းများ လာရောက် ကူညီနိုင်ခြင်း မရှိသေးပေ။

http://www.mizzimaburmese.com/news/inside-burma/10111-2012-09-14-10-04-16.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India