September 17, 2012

ကာချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး ဆန္ဒပြမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းရှိ လူမှုအဖွဲ့စည်း ၁၉ ဖွဲ့က နေပြည်တော်ရှိ သမ္မတရုံး၊ လွှတ်တော် များရှေ့နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့တို့တွင် ဆန္ဒပြုပွဲများ ပြုလုပ်သွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းက မဇ္ဈိမကို ပြောသည်။

“စာတင်ထားတယ်။ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ကျနော်တို့လုပ်မှာ” ဟု ကိုဂျော်ဂွန်း ကပြောသည်။

ထိုနေရာများအား ရွေးချယ်ဆန္ဒပြရခြင်းနှင့်ပတ်သက်၍လည်း “ကချင်စစ်ရဲ့ နောက်ကွယ်မှာရှိတဲ့ ရပ်တန့်အောင် လုပ်နိုင်တဲ့ တာဝန်ရှိတဲ့သူတွေ၊ ပထမဆုံး နိုင်ငံတော် သမ္မတကို ရည်ရွယ်တယ်။ ပြီးလို့ရှိရင် ဒီမိုကရေစီ ကျင့်သုံးတဲ့
နိုင်ငံမှာဆိုရင် စစ်ပွဲတပွဲဟာ လွှတ်တော်ကနေ ခွင့်ပြုချက်မရရင် တိုက်လို့မရဘူး ဆိုတဲ့အတွက် လွှတ်တော်ရှေ့ကို သွားဖို့ ရည်ရွယ်တာပါ။ ဒုတိယ တချက်ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ပါ။ ကျနော်တို့က ရန်တိုက်ပေးခြင်း လည်း မဟုတ်ပါဘူး။ စစ်ပွဲတပွဲအတွက် မြန်မာနိုင်ငံမှာ အခရာကျတာက ကာကွယ်ရေး ဦးစီးချုပ်ပါ” ဟု ကိုဂျော်ဂွန်း က ဆိုသည်။

ငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ယက် နှင့်အတူ အခြားလူမှုရေး အဖွဲ့များ၊ အသင်းဖွဲ့များ၊ ကျောင်းသားများ
နှင့် အခြားစိတ်ပါဝင်စားသူ ၂၅ဝ ခန့် ပါဝင်မည်ဟု ဆိုသည်။

ထိုနေ့ မနက်ပိုင်းတွင် ရန်ကုန်မှ ကား ငါးစီးဖြင့် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် သတ်မှတ်
နေရာများရှေ့၌ ဆန္ဒပြုကြမည်ဖြစ်သည်။ ညနေ ၄ နာရီတိတိတွင် ရောက်ရာနေရာမှ ငါးမိနစ် ငြိမ်သက်စွာ ဆုတောင်းကြမည်ဟု စီစဉ်ထားကြောင်း သိရသည်။

ဦးတည်ဆန္ဒပြရန် သတ်မှတ်ထားသည့် လွှတ်တော်ဝင်းသည် ဥတ္တရသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက်တွင် တည်ရှိ သည်။ ရုံးအမှတ် ၂၄ ဖြစ်သည့် ကာကွယ်ရေးရုံးနှင့် ရုံးအမှတ် ၁၈ ဖြစ်သည့် သမ္မတရုံးတို့သည် ဥတ္တရသီရိမြို့နယ်တွင် တည်ရှိသည်။

ရန်ကုန်မြို့တွင်လည်း ငြိမ်းချမ်းရေးကွန်ယက်မှ ဦးဆောင်ကာ လမ်းလျှောက်ပွဲတခုကို လူ ၃ဝဝ ခန့်ဖြင့် နေပြည်တော်
နှင့် တပြိုင်တည်း ပြုလုပ်မှာဖြစ်သည်။ ညနေ ၃ နာရီတွင် အင်ယားကန်ဘောင်တွင် ‘ပန်းရဲ့လမ်း’ လူမှုရေးအဖွဲ့မှ
တေးဂီတဖြင့် ဖျော်ဖြေမှာဖြစ်ပြီး ညနေပိုင်းတွင် အင်းယားကန်ဘောင်တွင် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူမှာ
ဖြစ်သည်။

“စကျင်ကျောက်လေးတွေနဲ့ ငြိမ်းချမ်းရေး ကျောက်တိုင်ဆောက်ဖို့ရှိတယ်။ သူတို့က ခွင့်မပြုဘူးပြီး ဘူဒိုဇာနဲ့ ထိုးသွားရင်
တော့ မတတ်နိုင်ဘူးပေါ့” ဟု ပန်းရဲဲ့လမ်းအဖွဲ့မှ မခင်စန္ဒာညွန့်ကြည်က ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးနေ့ နေပြည်တော်နှင့်ရန်ကုန်ဆန္ဒပြပွဲများတွင် ညနေ ၄ နာရီတိတိအချိန်၌ ရောက်ရာအရပ်မှနေ၍ ငါးမိနစ်ကြာ ငြိမ်သက်စွာ စစ်ရပ်စဲရေး ဆုတောင်းကြမည်လည်း ဖြစ်သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများကို ကချင်ငြိမ်ချမ်းရေးကွန်ရက်၊ ငြိမ်းချမ်းရေးကွန်ယက်၊ အဖြူရောင်တွဲလက်များ၊ ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့၊ ပန်းရဲ့လမ်း လူမှုရေးအဖွဲ့၊ စိမ်းရောင်စို လူမှုကူညီရေး အဖွဲ့၊ Youth For Social Change Myanmar၊r ၊ နှောင်ကြိုးမဲ့ လူမှုဖွံ့ဖြိုးရေး ကွန်ယက် (မန္တလေး)၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ယက်၊ ကျောက်မဲ လူငယ်ကွန်ယက် (ရှမ်း-မြောက်)၊ Open Network – မွန်၊ ကာတွန်းဆရာ များ အဖွဲ့၊ ရန်ကုန် ဂီတလူငယ်များ၊ ကဗျာဆရာများ သမဂ္ဂ၊ Youth Art Network၊ New Zero Art Space၊ Myanmar Ink Gallery၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် စသည့် လူမှုရေးအဖွဲ့ ၁၉ ဖွဲ့က ဦးဆောင် လှုပ်ရှားကြမည်
ဖြစ်သည်။

"Stop Civil War"၊ "တနိုင်ငံလုံး စစ်ပွဲရပ်" စာတန်းများသုံးပြီး လက်မောင်းစီး (သို့မဟုတ်) ခေါင်းစီးကို အပြာရောင် အသုံးပြုသွားမည် ဖြစ်သည်။

“ပြည်တွင်းစစ် ချက်ချင်းရပ်ဖို့ကို အဓိက ရည်ရွယ်ပါတယ်။ အခု ၂၁ ရက်နေ့မှာ လုပ်တဲ့အခါမှာ ထိုးစစ်တွေက ဆိုးရွားနေတယ်ဆိုရင် ထပ်ပြီး အရှိန်မြှင့်ဖို့ တနိုင်ငံလုံး ငြိမ်းချမ်းရေး အင်အားစုကြီးအနေနဲ့ ထပ်လုပ်ဖို့ ရှိပါတယ်။ ဒီဟာက သက်ရောက်မှု မရှိဘူးဆိုရင် ကျမတို့ နောက်ဆုတ်သွားမှာ မဟုတ်ဘူး” ဟု မခင်စန္ဒာညွန့်ကြည် က မဇ္စျိမကို ပြောကြားသွားသည်။

တနိုင်ငံလုံး ထိုးစစ်များကို ရပ်တန့်ရန်အတွက် နိုင်ငံတော်သမ္မတမှ ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၁ဝ ရက်နေ့က ညွှန်ကြားချက် ပေးပို့ထားသော်လည်း ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ထို တနှစ်ကျော်ကြာ စစ်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွါထွက်ပြေးနေကြရသည့် စစ်ပြေူဒုက္ခသည်ပေါင်း ရဝ,ဝဝဝ ကျော် ရှိနေသည်။

ရှမ်းပြည်နယ်တွင်လည်း အပစ်အခတ်ရပ်စဲပြီး ရှမ်းလက်နက်ကိုင်တပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲငယ်များ ၃ဝ ကျော် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/10123-2012-09-17-07-57-16.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India