September 19, 2012
RCSS/SSA တပ်သား ၂ဝ ဦးအား UWSA ပြန်လွှတ်ပေး
“ ၁၆ ရက်နေ့က ကျနော်တို့ဘက်က ဗိုလ်မှူးကြီးတင်းခေး၊ ဗိုလ်မှူးကြီးဝမ်းလီ၊ ဗိုလ်ကြီး စန္ဒာ၊ ဗိုလ်ကြီး ဓမ္မနဲ့ တပ်ကြပ်ကြီး စိုင်းပီး ၃ ယောက် ဟွေ့အော့ ဝ တပ်ဆီ သွားပြီးဆွေးနွေးတယ်။ ၁၇ ရက်နေ့မနက်ပိုင်းကျနော်တို့ရဲ့ တပ်သား ၂၀ ယောက် ကို ဖမ်းတဲ့နေရာမှာဘဲ ပြန်လာလွှတ်ပေး တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ တယောက်က တန့်ယန်းမှာ နောက်တယောက် က ပန်ဆန်းမှာ။ သူတို့ လဲ လွတ်လာပြီ ပြောတယ်။ပြန်တော့မရောက်သေးဘူး” ဟု သျှမ်းပြည်တပ်မတော်မှ အရာရှိတဦး ကပြောသည်။
အဆိုပါတွေ့ဆုံပွဲ၌ ဝ တပ်ဖွဲ့ဘက်မှ တပ်မဟာ ၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံးဦးဆောင်သည့် တပ်မှူးများဖြစ်ကြသော တာ့နုန်း၊ တာ့ဆာမ်ဆွဲ၊ တာ့လွီး တို့ပါဝင်သည်ဟုဆိုပါသည်။
အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် နှစ်ဦးနှစ်ဖက်ကြား အပေးအယူ သဘောတူညီမှု အချက်အလက်ဖြင့် လက်မှတ်ရေးထိုးမှုများမရှိခဲ့သော်လည်း ရှေ့ဆက် ထိုကဲ့သို့ဖြစ်ရပ်များထပ်မဖြစ်ရန် လက်တွဲပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း - သျှမ်းပြည်တပ်မတော်၏ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
“ ဒီတခေါက်ဖြစ်တဲ့ကိစ္စက နားလည်မှုလွဲမှားလို့ ဖြစ်သွားရတာပါ။ ဒီလိုပြဿနာမျိုးထပ်မဖြစ်အောင် ကျနော်တို့ နှစ်ဦး နှစ်ဖက် အကြောင်းကြားမယ် သတင်းပေးပို့မယ် ပြီးမှ လုပ်သွားမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ လှုပ်ရှားသွားလာတဲ့နယ်မြေ တွေက ထပ်နေတာ တွေရှိနေတယ်လေ။ ဒါကြောင့် ပြောဆိုညှိနှိုင်း ရမှာဖြစ်တယ်။ တမြေတည်းနေ တရေတည်းသောက်လာ တဲ့ ညီကိုမောင်နှမတွေဘက်ကို ကျနော်တို့ဘက်ကနေ စပြီးတော့ ပြဿနာရှာတာ စပြီးတော့ သေနတ်ပြောင်း၀ လှည့်တာ တော့ လုံး၀ မဖြစ်စေရပါဘူး။ ဒါကိုတော့ယုံကြည်စေချင်ပါတယ်။ ဘယ်ပြဿနာကိုမဆို ကျနော်တို့က ငြိမ်းချမ်းစွာနဲ့ ဆွေးနွေးဖြေရှင်းတာကိုဘဲ လိုချင်ပါတယ် ” ဟု ဗိုလ်မှူးလောဝ်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြောသည်။
ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်းဘက်၌ စိုက်ပျိုးရေးလုပ်ရာမှ ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော်လာသည်ဟုဆိုကာ သျှမ်းပြည်တပ် မတော်၏ တပ်သား ၂၀ ယောက်အား ဂျူလိုင် ၃၀ ရက်က ဖမ်းဆီးထားခဲ့သည်။
အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ခေါင်းဆောင် ဦးပေါက်ယူချမ်း ထံလည်း စာရေးသားပို့ခဲ့သည်ဟုလည်း သတင်းထွက်ရှိပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3509-rcssssa-uwsa-.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။