“ အဲဒီ အဖွဲ့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့ အတွက် သူတို့လဲ ပါ၀င် လုပ်ဆောင်ပေးချင်တယ် ဆိုတဲ့ သဘောနဲ့ လာတွေ့ တာပါ။ ပြီးခဲ့တဲ့ ဇွန်လ ကလည်း ကျနော်တို့နဲ့ တစ်ကြိမ် လာတွေ့ ခဲ့သေးတယ်။ သူတို့က တိုင်းရင်းသားတွေ ဘက်က အခြေ အနေလေးတွေကို မေးမြန်းတယ်။ ရှိနေတဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းကြမှာလဲ ဆိုတဲ့အ ပေါ်မှာ အမြင်ဖလှယ် ခဲ့ကြပါတယ်။ ဒါက ဒုတိယကြိမ် လာတွေ့တာပါ။ (၂) ရက်လောက် ဆွေးနွေးဖြစ်ခဲ့ပါတယ်” ဟု ဆိုပါသည်။
အဖွဲ့ ခေါင်းဆောင် ဖြစ်သည့် တောင်အာဖရိက နိုင်ငံ အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး H.E Mrs Maite Nkoana-Mashabane သည် အဖွဲ့ ၀င် (၇) ဦးနှင့် အတူ ပြီးခဲ့သည့် စက်တင်္ဘာလ (၄) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံ ခဲ့ပါသည်။
ထိုတွေ့ဆုံပွဲ၌ တောင်အာဖရိက နိုင်ငံ၏ အသွင် ကူးပြောင်းရေး ကာလမှာ ကြုံတွေ့ခဲ့သော အမျိုးသား ပြန်လည် သင့်မြတ်ရေး ၏ အတွေ့အကြုံများကို သမ္မတအား မျှဝေ ပေးခဲ့ပြီး ၄င်းတို့၏ တောင်အာဖရိကမှ လွှတ်တော်ဆိုင်ရာ စာတမ်းများကိုလည်း မြန်မာ့ လွှတ်တော်အတွက် လေ့လာ နိုင်ရန် ပေးအပ် ခဲ့ပါသည်။
http://www.president-office.gov.mm/briefing-room/news/2012/09/04/id-1243
UNFC သည် တိုင်းရင်းသား ညီလာခံ တရပ် ဖြစ်ပေါ်ရေးကို အလုပ် အဖွဲ့များ ဖွဲ့ပြီး လာမည့် စက်တင်ဘာ (၁၆) ရက်နေ့တွင် ကျင်းပ နိုင်ရန် ပြင်ဆင်လျှက် ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် လာရောက် အားပေးသော နိုင်ငံတ ကာ အင်အားစုများနှင့်လည်း လက်ခံ တွေ့ဆုံပြီး အမြင် ဖလှယ်မှုများ ပြုလုပ် ခဲ့ကြပါသည်။
“ ငြိမ်းချမ်းရေး မလိုချင်တာက ဘယ်သူလဲ။ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို မကြေညာ ရဲသူက ဘယ်သူလဲ၊ တိုင်းရင်းသား အဖွဲ့တွေကို အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခိုင်းပြီး ရှေ့မတိုးရဲတာက ဘယ်သူလဲ။ ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်တော်ထဲ ခေါ်သွင်းနိုင်တာ အဖြေလား။၊ လက်နက်ကိုင် တိုင်းရင်းသားတွေကို တပိုင်းတစနဲ့ အပစ်ရပ်ပြီး တိုက်ပွဲ ပြန်ဖြစ်အောင် ဆွနေသူတွေက ဘယ်သူတွေလဲ၊ အဲဒီလို ကြံဆနေတဲ့ အုပ်စုသာလျှင် ငြိမ်းချမ်းရေး တရားခံ ဖြစ်မှာ သေချာတယ်ဟု ပြည်တွင်းရှိ (UNA) တိုင်းရင်းသား မဟာမိတ် အဖွဲ့ဝင် တဦးက ပြောပါသည်။
ဝန်ကြီး H.E Mrs Maite Nkoana-Mashabane သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တဘာင်္လ (၄) ရက် ညနေပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့သည် မြန်မာပြည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အကောင် အထည် ဖေါ်ဆောင်ရာ၌ UN အဖွဲ့အစည်းမှ ချမှတ်ထားသော သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို ဦးစားပေးသည့် အနေနှင့် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အဖွဲ့များကို လာရောက် တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပါသည်။
Saturday, 08 September 2012
http://www.phophtaw.org/burmese/index.php/news/internation-news/2099--unfc-.html