October 24, 2012

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစစ်အမှန် ဖြစ်ရန် KIA တောင်းဆို


KIA32ffgbdaငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်ရေး အတွက် အချက် (၃) ချက် ပါသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က အစိုးရထံ အကြောင်း ပြန်ထားကြောင်း အမည်မဖေါ်လိုသော ကချင် လွတ်လပ်ရေး အဖွဲ့ ခေါင်းဆောင် တဦးက ပြောပါသည်။
“ ဦးအောင်မင်း တို့ကတော့ အောက်တိုဘာ (၁၀) ရက်နေ့မှာ ဆွေးနွေးပွဲအတွက် သူတို့ အရင် ကမ်းလှမ်းတယ်။ ကျနော် တို့ကလည်း (၁၁) ရက်နေ့မှာ သဘောထား ပြန်စာကို ပို့လိုက်တယ်။ တရားဝင် လမ်းကြောင်းကနေဘဲ ပို့လိုက်တာပါ။ ခက်တာက ငြိမ်းချမ်းရေး စကားကို အသုံးမချ စတမ်း ဖြစ်စေချင်တယ်။ ကျနော်တို့က တကယ့်ကို ငြိမ်းချမ်းရေး လိုချင် နေတာပါ။ ဒီတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်က လက်တွေ့ဖြစ်နိုင်တဲ့ အရာကိုဘဲ တင်ပြ နေတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
KIA ၏ ပြန်စာထဲမှ တောင်းဆိုချက်များမှာ--
(၁) KIA လိုင်ဇာ ဌာနချုပ် (တပ်မဟာ ၅) ဧရိယာကို ရောက်နေသော ရှမ်းပြည် မြောက်ပိုင်းရှိ အစိုးရ ဧည့်တပ်များ ဆုတ်ခွာပေးရန်။
အကြောင်းမှာ KIA ဌာနချုပ်အား တပ်အင်အား အလုံးအရင်းဖြင့် လည်းကောင်း၊ (၁၀၅)မမ အ ပါ၀င် အခြား လက် နက်ကြီးများနှင့် ပတ်ပတ်လည် နေရာယူ ချိန်ထားသည့် အခြေအနေမျိုး အောက်၌ အကြပ်ကိုင် ထားပြီးမှ တွေ့ဆုံဆွေး နွေးသည့် ဆွေးနွေးပွဲမျိုး မဖြစ်ရန် KIA မှ ရည်ရွယ်သည်ဟု ဆိုပါသည်။
(၂) နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန်။
အကြောင်းမှာ (KIA) နှင့် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်သော နိုင်ငံရေး ပြသနာ ဖြစ်သည့် အတွက် နိုင်ငံရေး အရ ဖြေရှင်းမှ တကယ့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်သော ကြောင့်ဟု ဆိုပါသည်။
(၃) နိုင်ငံတကာ ရှေ့မှောက်တွင် တရားဝင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်။
အကြောင်းမှာ အစိုးရနှင့် KIA သည် ၁၉၉၄ ခုနှစ်တွင်လည်း အပစ်အခတ် ရပ်စဲခဲ့ဘူးပါသည်။ နောက်ဆုံး၌ နယ်ခြား စောင့်တပ် BGF ကိုလုပ်ခိုင်းခဲ့သဖြင့် လက်မခံနိုင်သည့် အခြေအနေကို အသုံးချပြီး အပစ်အခတ် ရပ်စဲမှုကို အစိုးရ ဖက်မှ ပယ်ဖျက် ခဲ့ဘူးပါသည်။ ထို့အတူ ယခု အစိုးရသစ်၏ အပစ်အခတ် ရပ်စဲရေး လုပ်ရပ်မျိုး၌လည်း တကယ့် အပစ်ရပ်ရေး လုပ်ချင်စိတ်ထက် အသုံးချနေသည့် ပွဲမျိုးသာ ဖြစ်နေသဖြင့် အပစ်အခတ် ရပ်စဲရေးသည် နိုင်ငံတကာ ရှေ့မှောက်၌ လက်မှတ် ထိုးမှသာ ထိရောက်မည်ဖြစ်သည်ဟု ရည်ရွယ်ထားသည်ဟု ဆိုပါသည်။
KIA_Map1122KIA ၏ အထက်ပါ တောင်းဆိုချက်ကို ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့သို့ ပေးပို့ထားပါ သည်။ သို့သော် ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
ဤကဲ့သို့ အစိုးရမှ KIA အား တရားဝင် အကြောင်း မကြားသေးသော်လည်း နေပြည်တော် စစ်အရာရှိကြီးများသည်၊ KIA နှင့် တွေ့ဆုံဖြစ်ခဲ့လျှင် စစ်ရေး ကိစ္စသာ ဆွေးနွေးဖြစ်သည်ဟု မြန်မာ တိုင်းဂျာနယ်အား ပြောဆိုခဲ့ပြီးဖြစ်ပါသည်။
http://www.myanmar.mmtimes.com/index.php/national-news/1736-2012-10-18-05-14-52.html
လက်ရှိ အခြေအနေ၌ အစိုးရ တပ်ဖွဲ့များသည် အင်အားပေါင်း တသောင်းခွဲခန့်နှင့် KIA အား စစ်ဆင်နေပါသည်။ ဤ မျှ များပြားသော တပ်အင်အားဖြင့် စစ်ဆင်နေသည့် ကိစ္စနှင့် သိန်းဂဏန်းဖြစ်သော စစ်ပြေး ဒုက္ခသည် ကိစ္စကို သမ္မတ အပါ၀င် ကာကွယ်ရေး ၀န်ကြီး ဌာနနှင့် အစိုးရ ၀န်ကြီးများက လွှတ်တော်သို့ အခြေအနေမှန်အား မတင်ပြခဲ့ပေ။ ထို့အတူ နိုင်ငံ တကာကိုလည်း ကချင် လွတ်လပ်ရေး အဖွဲ့နှင့် ငြိမ်းချမ်းရေး တည်ဆောက်နေပါသည်ဟု တွင်တွင် ပြောကြား နေခဲ့ပါ သည်။
ဤသို့ကြောင့် အခြေအနေ မှန်ကို နိုင်ငံတကာမှ သိရှိပြီး ပါ၀င် ဆောင်ရွက်နိုင်ပါမှ အမြတ်ထုတ် နေမှုနှင့် မမှန်မကန်မှုများ ဖေါ်ထုတ်နိုင်မည် ဖြစ်သဖြင့် KIA မှ နိုင်ငံတကာ အဖွဲ့ရှေ့မှောက်၌ လက်မှတ် ရေးထိုးလိုခြင်း ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက သုံးသပ်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2265--kia-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India