October 24, 2012
ကာချုပ်၏ဆွေးနွေးချက်နှင့်ပတ်သက်၍ ၀ တပ်ဖွဲ့ ကြေငြာချက်ထုတ်မည်
ယခုလဆန်း ၆ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာ၌ UWSA (ဝ)အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦး ဆောင်သောအဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော အဖွဲ့တို့အားတွေ့ဆုံစဉ် ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ကို ၂၀၁၅ အပြီး ပြုလုပ်သွား ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံကာ ဥပဒေအောက်ဝင်ရောက်နေထိုင်ရန် ဟူသော အချက် ၂ ချက်ပါ ဆွေးနွေးခဲ့သည်ဟု ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
“ နိုင်ငံတခုမှာ အစိုးရ ၂ ခုနဲ့ တပ်မတော် ၂ ခု လုံး၀ ရှိလို့မရဘူးလို့ သူပြောသွားတယ်။ အရင်ကလဲ BGF ပြောင်းဖို့ ရော ပြည်သူ့စစ်ဖြစ်ဖို့ပါ ခင်ဗျား တို့ ငြင်းဆန်လာခဲ့တယ်။ အခုချိန်မှာတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ အချိန်တန်ပြီ - လို့ပြောတယ်။ အဲတာ ကြောင့် ၀ ဘက်ကနေ ကြေငြာချက်လုပ်မယ်လို့ပြောတယ်။” ဟု အမည်မဖော်လို သည့် နီးစပ်သူက ဆက်လက်ပြောပြ သည်။
၎င်းနှင့်ပတ်သက်၍ အပစ်ရပ် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အထူးဒေသ ၂ နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS အထူးဒေသ ၄ တို့အပေါ် မြန်မာအစိုးရကစစ်ရေးဖြင့် ခြိမ်းခြောက် နေခြင်းဖြစ်ကြောင်း ထိုင်းနယ်စပ် စောင့်ကြည့်သူတဦးက သျှမ်းသံတော်ဆင့်အားပြောပါသည်။
သို့သော် မိုင်းလားဘက်ကမူ နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်၍ ကာချုပ်မှ ထည့်သွင်းပြောဆိုဆွေးနွေးခြင်းမရှိ၊ မူးယစ်ဆေး ဝါးတိုက်ဖျက်ရန်အတွက်သာ ပြောဆိုသွားသည်ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
မြန်မာအစိုးရ၏ စစ်တပ်ပိုင် မြ၀တီဝက်ပ်ဆိုက်တွင်မူ “ တိုင်းအစိုးရ အဖွဲ့များနှင့် ဦးစီး အဖွဲ့များ ရှိပြီး ၎င်းတို့၏ ဦးဆောင်မှု အောက်တွင် တိုင်းရင်းသားအားလုံး ဥပဒေနှင့် အညီ စနစ်တကျ နေထိုင်လုပ်ကိုင်လျက်ရှိပါကြောင်း၊ ဥပဒေနှင့်အညီ နေထိုင် ပါက မည်သည့် အရာမှ စိုးရိမ်ကြောင့်ကြဖွယ် မရှိပါကြောင်း၊ KIA အဖွဲ့နှင့် စပ်လျဉ်း၍ မိမိတို့ တပ်မတော် အနေဖြင့် စိတ်ရှည် သည်းခံ၍ မိမိကိုယ်ကို ခုခံကာကွယ်သည်မှ အပ ၎င်းတို့၏ စခန်းများ၊ ဌာနချုပ် များကို တိုက်ခိုက်ခြင်း မရှိပါကြောင်း” ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
ဝ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့သည် ၁၉၈၉ ကတည်းက အပစ်ရပ်ခဲ့ပြီး ၂၀၀၉ တွင် နယ်ခြားစောင့်တပ်ပြောင်းရန် ငြင်းဆန်သဖြင့် အပစ်ရပ်မှုပျက်ပြယ်သွားခဲ့သည်။ သို့သော် KIA ၊ သျှမ်းပြည်တပ်မတော်တို့ နှင့် မတူ၊ အစိုးရစစ်တပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုမရှိ၊ ၂၀၁၀ ရွေးကောက်ပွဲမှ အာဏာရလာသည့် သမ္မတဦးသိန်းစိန်အစိုးရ နှင့် ၂၀၁၁ စက်တင်္ဘာက အသစ်တဖန် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်သည့် တပ်ဖွဲ့များဖြစ်သည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3590-2012-10-24-09-38-39.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။