“ ဒါကမ ဖြစ်သင့် တာကို လုပ်လိုက်တာပါ။ KNU ဗဟို အထွေထွေ အတွင်း ရေးမှူးမှာ တာဝန် ရှိပါတယ်။ ဒီလို လုပ်လိုက်ရင် ဘယ်လိုဖြစ်သွား မလဲ ဆိုတာ စဉ်းစား မတတ်လို့သာ ဖြစ်တာပါ။ ဒါဟာ KNU အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်လိုက်တဲ့ သဘော ပါဘဲ။ ကျနော် သိသလောက် ဆိုရင် အများ ဆန္ဒနဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး။ မလုပ်တတ်ရင်ကွဲ မထိုင်တတ်ရင်ပြဲ ဆိုသလိုပါဘဲ” ဟု ဆိုပါသည်။
ယခုကဲ့သို့ အရေး ယူရခြင်းသည် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်ပြီး KNU ၏ ဖါးအံ ဆက်ဆံရေး ဖွ
KNU အထွေအထွေ အတွင်းရေးမှူး ဦးဆောင်ကာ အစိုးရနှင့် (၃) ကြိမ်တိုင် ဆွေးနွေး ခဲ့ပြီး ဖြစ်သော်လည်း တပ်နေရာ ချရေး ကိစ္စကို ယနေ့အထိ မဆောင်ရွက်နိုင်သေးပေ။ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးသည်လည်း အစိုးရနှင့် စတင် ဆွေးနွေး ကတည်းက သဘောတူ ထားခဲ့သည့် ကိစ္စဖြစ်ပါသည်။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ ဆက်ဆံရေး ရုံးကို အထွေထွေ အတွင်းရေးမှူး အဖွဲ့က ဦးဆောင် ဖွင့်လှစ် ခဲ့ပြီး၊ ဘုရားသုံးဆူမြို့ ၊ မြဝတီနှင့် ဖါးအံမြို့ ဆက်ဆံရေး ရုံးကိုမူ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဦးဆောင် ဖွင့်လှစ်ခဲ့ပါသည်။
ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး ကိစ္စတခုကြောင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ကို အရေးယူခြင်း မဟုတ်ဟု ဗဟို ကော်မီတီဝင် တဦးက ဆိုပါသည်။ ဤပြသနာသည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပသော (14) ကြိမ်မြောက် KNU ကွန်ဂရက်က စတင်ခဲ့ သည်ဟု ဆိုရပေမည်။ ကွန်ဂရက်ကျင်းပရာ၌ ကိုယ်စားလှယ်များ ရွေးချယ်ခြင်း၊ ၄င်းကိုယ်စားလှယ်များဖြင့် ရွေးကောက်ပွဲကို တဖက်သတ် အနိုင်ယူသည့် ကိစ္စများ ရှိခဲ့ရာက မကြေမနပ် ဖြစ်ပွား လာခဲ့သည်ဟု ညီလာခံ တက်ရောက် ခဲ့သူ တဦးက ဆိုပါသည်။
ဤသို့ကြောင့် ၂၀၁၂ ခုနှစ်ဆန်းပိုင်းတွင် အထွေထွေ အတွင်းရေးမှူးတို့က အရေးပေါ် ဗဟို ကော်မီတီ ကျင်းပရေးကို ၂ ကြိမ်တိုင် ခေါ်ယူလိုသော်လည်း KNLA တပ်ဖွဲ့များနှင့် ခရိုင် တာဝန်ခံများက သပိတ်မှောက် သဖြင့် မကျင်းပနိုင်ခဲ့ပေ။ ဤသို့ ဖြစ်လာ ခဲ့ခြင်းကြောင့် KNU အထွေထွေ အတွင်းရေးမှူးတို့ အုပ်စုသည် KNU ခရိုင် အုပ်ချုပ်ရေး အဖွဲ့တွင်းနှင့် KNLA တပ်ဖွဲ့ အတွင်းသို့ သူ့လူငါ့လူ အစားထိုးရေး ဖြစ်လာခဲ့ရာက တဖက်နှင့် တဖက် မကြေနပ်မှုများ တိုးပြီး ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။
ဤသို့သော အခြေအနေမှ စတင်ပြီး ယခုလို ပေါက်ကွဲ လာခြင်း ဖြစ်သည်ဟု KNU ဗဟို ကော်မီတီဝင် တဦးက ဆိုပါသည်။ KNU သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားပါသည်။ ဤအတွင်းရေး အခြေအနေကိုလည်း အစိုးရမှ သိရှိထားသဖြင့် ထိုအားနည်းချက်ကို သုံးပြီး KNU အား ထိုးခွဲလိုက်ခြင်း ဖြစ်သည်ဟု အောက်ခြေ တပ်မှူးများက ယူဆနေပါသည်။
ဤသို့ကြောင့် ယခု အရေးကိစ္စ၌ လက်ရှိ KNU ခေါင်းဆောင်များတွင် တာဝန်ရှိပြီး ဤကိစ္စ ဖြေရှင်းပေးရန် အနီးဆုံး ဗဟို ကော်မီတီ အစည်းအဝေး တခုခု အမြန် ခေါ်ယူကျင်းပရန် လိုအပ်ကြောင်း အောက်ခြေ တပ်မှူးများက တောင်းဆို နေကြပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2191--knu-.html