Showing posts with label ကရင်တွေ့ဆုံဆွေးနွေးမှု. Show all posts
Showing posts with label ကရင်တွေ့ဆုံဆွေးနွေးမှု. Show all posts

May 2, 2013

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ ကျင့်ဝတ်ကိစ္စများ ဆွေးနွေးမည်

ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများ (Code of Conduct) ကိစ္စကို  မေလဆန်းပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
နေရာနှင့် နေ့ရက်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း မေလဆန်းပိုင်းတွင် ဆွေးနွေးမည်ဟု စီစဉ်ထားကြောင်း Myanmar Peace Center မှ ဒေါက်တာ မင်းဇော်ဦးက ဧရာဝတီသို့ ပြောသည်။
KNU အဖွဲ့အစည်းအား အမြန်ဆုံးတွေ့ဆုံနိုင်ရန် ကြိုးစားဆောင်ရွက်နေပြီး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့နှင့်လည်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
“KNU အဖွဲ့ကတော့ Code of Conduct နဲ့ ပတ်သက်ပြီး အသေးစိတ် ဆက်လက် ဆွေးနွေးမယ်လို့ သဘောတူထားတာ ရှိတယ်၊ အဲဒီ ကိစ္စကို ဆက်လက် ဆွေးနွေးမယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ဆက်ပြောသည်။
တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်၍ နေရာနှင့် နေ့ရက်ကိုသာ ထပ်မံ ညှိနှိုင်းရမည်ဟု ၎င်းက ဆိုသည်။
ကရင်ပြည်နယ် ဘားအံမြို့ရှိ KNU ဆက်ဆံရေးမှ တာဝန်ရှိသူတဦး၏ အဆိုအရမူ တတိယ အပတ်ကျမှသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း သိရသည်။
၎င်းက “လောလောဆယ် လူကြီးတွေ မအားသေးဘူး၊ လူကြီးတွေတော့ ဆင်းလာတယ်၊ ဒါပေမယ့် ဒီကိစ္စ မဟုတ်ဘူး၊ နီပွန် ဖောင်းဒေးရှင်းက လူထုကို ဆန်ဝေပေးမယ့် ကိစ္စနဲ့ အခု ဘားအံမြို့နယ် ၀န်ကြီးချုပ် ရုံးကို သွားနေတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာ လဆန်းပိုင်က ဘားအံမြို့တွင် KNU နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်တို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
အထက်ပါဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်ကိစ္စများ ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည့် အပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မာစေရေးနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်တို့ ပါ၀င်ကြောင်းလည်း သိရသည်။
KNU အဖွဲ့အစည်းအနေနှင့် ဆွေးနွေးရန် ရှိသည့် ကျင့်ဝတ်ကိစ္စတွင် မည့်သည့် အကြောင်းအရာများ ပါ၀င်သည်ကို မသိရှိရသော်လည်း အပိုဒ် ၁၁ ပိုဒ်နှင့် အချက် ၃၄ ချက်အပေါ် အခြေခံ၍ ဆွေးနွေးကြမည် ဖြစ်သည်။
ကရင် ဒုက္ခသည်များ ကော်မတီ (KRC) ကလည်း ထိုင်းနိုင်ငံရှိ ဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ ပြန်လည် နေရာ ချထားရေး အတွက် KNU အဖွဲ့နှင့် အစိုးရအကြား စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်သည့် ကာလကို စောင့်မျှော် နေကြောင်း ဧပြီလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၂၅ ရက်နေ့က ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်၏ ဖိတ်ကြားချက်အရ KRC အဖွဲ့မှ ကိုယ်စားလှယ် တချို့တို့သည် ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် သွားရောက် ဆွေးနွေးခဲ့ရာမှ ရလဒ်အပေါ် ထုတ်ပြန်ခြင်း ဖြစ်သည်။
ကရင်ပြည်နယ် အစိုးရက ဒုက္ခသည်များကို ပြည်တွင်သို့ အစမ်းသဘော (Pilot Project) အနေနှင့် အိမ်ခြေ ၅၀ ခန့် ပြန်လာစေလိုကြောင်း တင်ပြရာ KRC အဖွဲ့အနေနှင့် လက်မခံကြောင်း၊ နိုင်ငံတော် အစိုးရနှင့် KNU အဖွဲ့တို့ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိမှသာလျှင် အစုလိုက် တခါတည်း အပြီးအပိုင် ပြန်လာလိုကြောင်း ပြန်လည် တင်ပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ပြီး ဒုတိယ အကြိမ်ကို ပြည်ထောင်စု အဆင့်တွေ့ဆုံဆွေးနွေးပွဲ အနေဖြင့် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေဖြင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ် များကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ရာမှ စတင်၍ တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/38708

February 25, 2013

ဆွေးနွေးပွဲများတွင် အကြီးတန်း စစ်ဘက် အရာရှိများ စေလွှတ်ပေးရန် KNU တောင်းဆို

ကရင်အမျိုးသား အစည်းအရုံး (KNU)က အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပလျှင် အဆင့်မြင့် စစ်ဘက် အရာရှိများကို စေလွှတ်ပေးရန် မြန်မာ ဗဟိုအစိုးရကို မေတ္တာရပ်ခံခဲ့သည်ဟု Karen News သတင်းတရပ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် KNU နှင့် အစိုးရအကြား အစည်းအဝေး တခု ကျင်းပခဲ့ပြီး KNU ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကာ အစိုးရဘက်မှ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်ဟု သိရသည်။

Karen News သတင်းထောက် Saw Eh Na က ဆိုရာတွင် ဒုသမ္မတ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနှင့် မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန်သို့လည်း သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။

“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးချိန်မှစ၍ KNU အနေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိကြောင်း KNU ခေါင်းဆောင်များက အစိုးရ ကိုယ်စားလှယ်အဖွဲ့သို့ ထပ်လောင်း ရှင်းပြခဲ့သည်” ဟု Karen News တွင် ဖော်ပြထားသည်။

“အနာဂတ် စကားဝိုင်းများတွင် (မြန်မာ) တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ ပိုမို ပါဝင်စေသင့်ကြောင်း KNU က မြန်မာအစိုးရ ဝန်ကြီးများအား တိုက်တွန်းခဲ့သည်” ဟု သတင်းထောက် Saw Eh Na က ဆိုသည်။

ထိုသတင်းဌာနတွင်ပင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖော်ပြထားသည့် နောက်ထပ် သတင်းဆောင်းပါး တပုဒ်၌ KNU အရာရှိ စောဂျွန် က ထိရောက်ပြီး တာရှည်ခံသည့် အပစ်အခတ်ရပ်စဲရေး ရရှိမှသာလျှင်
နှစ်ဘက်စလုံး အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးရေးကို ရှေ့ဆက် လုပ်ဆောင်နိုင်လိမ့်မည် ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီတွင် KNU နှင့် မြန်မာအစိုးရတို့ အပစ်အခတ် ရပ်စဲရေး ပမာဏ သဘောတူညီချက် ရရှိခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/11013------knu-.html

February 20, 2013

KNU ဥက္ကဌ နှင့် ဒုသမ္မတ စိုင်းမောက်ခမ်း တွေ့ဆုံ

ဖေဖော်ဝါရီလ ၂၀ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNUမှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပါ၀င်သည့် အဖွဲ့ဝင်လေးဦးနှင့် မြန်မာ အစိုးရ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့သည် ကရင်ပြည်နယ် မြဝတီမြို့၊ အေး ချမ်းဖြိုးရိပ်သာတွင် ယနေ့ နေ့လည် ၁၂နာရီမှစ၍ တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြဝတီမြို့ရှိ ကုန်သွယ်ဇုံကို ကြည့်ရှုစစ်ဆေးရန် လာရောက်ခဲ့ခြင်းဖြစ် ပြီး ထိုသို့ ရောက်ရှိလာစဉ် KNU ဘက်မှ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံမှုတွင် ပါ၀င်သည့် KNU တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ စောဂျွန်(စောတာမူလာ)က ကေအိုင်စီသို့ ပြောသည်။
“ဒုသမ္မတ ရောက်ရှိတာကို ကျနော်တို့က ထိစပ်နယ်မြေ တာဝန်ရှိသူများအနေနဲ့ သွားတွေ့တာပါ။ ဒုသမ္မတတွေ့ ဆုံတဲ့အခါ ကျနော်တို့ အဓိက တင်ပြတာက အစိုးရနဲ့ KNUတို့ရဲ့ ပစ်ခတ်ရပ်စဲရေးအခြေအနေဟာ ခိုင်မာတဲ့ အဆင့် မရောက်သေးဘူး။ ဒါကို ခိုင်မာအောင် အရင်လုပ်ဖို့ လိုတယ်။ ပြီးမှ ဖွံ့ဖြိုးရေးကိစ္စတွေ ဆက်လုပ်ဖို့ တင်ပြခဲ့ တယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးရရှိရန် KNU အနေဖြင့် မြန်မာအစိုးရနှင့် ရှေ့ဆက်၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပါက အစိုးရ အဆင့်မြင့် စစ်တပ်ခေါင်းဆောင်များ ပါ၀င်ရန် လိုအပ် ကြောင်း ဒုသမ္မတအား တင်ပြခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။
အဆိုပါ တွေ့ဆုံမှုတွင် KNU ဥက္ကဌမှ အဓိက တင်ပြပြောဆိုကာ ဒုသမ္မတက တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိ သော်လည်း ဂရုတစိုက် သေသေချာချာ နားထောင်ခဲ့ကြောင်း၊ ကရင်ပြည်နယ်တွင် ဟော်တယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း အလွန်ကောင်းမွန်လျှက်ရှိကြောင်းပြောဆိုခဲ့သည်ဟု KNU က ဆိုသည်။
တွေ့ဆုံဆွေးနွေးတွင် KNU ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဖားအံခရိုင် ဥက္ကဌ ပဒို စောအောင်မော် အေး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းနှင့် စောဂျွန်တို့ ပါ၀င်ပြီး အစိုးရဘက်မှ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီး သုံးဦး ပါ၀င်ကြောင်း သိရသည်။
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)က မြဝတီဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး စောဖောဒို ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးအပါအဝင် ကရင်ပြည်နယ်ရှိ အမတ်လွှတ်တော်အချို့နှင့် ဖားအံမြို့၊ ဇွဲကပင်ဟော်တယ်တွင် မွန်းလွဲ ၂နာရီမှ ညနေ ရနာရီအထိ တွေ့ဆုံခဲ့သေးသည်။

http://www.kicnews.org/?p=15812

January 6, 2013

KNU အဖွဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံ


ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်တွေဟာ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။ အပစ်အခတ် ရပ်စဲရေးက တဆင့် ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းသွားမယ်လို့ နှစ်ဘက်စလုံးက ကတိပြုခဲ့ကြတဲ့အကြောင်း သိရပါတယ်။ တချိန်တည်းမှာပဲ ကရင်အမျိုးသား အားလုံး ပါ၀င်တဲ့ ညီလာခံတရပ်ကို ရန်ကုန်မှာ ခေါ်ယူကျင်းပနိုင်ဖို့ KNU ဘက်က စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းကိုတော့ KNU ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်မှာ လိုက်ပါ သတင်းယူနေတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုသူရစိုးက တင်ပြထားပါတယ်။

ဒီနေ့မနက်မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ KNU ခေါင်းဆောင်တွေဟာ နေပြည်တော် စစ်ရုံးချုပ်မှာရှိတဲ့ ရိပ်သာမှာ သူတို့ တွေ့ကြတယ်ခင်ဗျ။ တွေ့တဲ့အခါမှာ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး ပြောတာက သူတို့ နောက် မကြာမကြာ တွေ့မယ်။ အပစ်အခတ် ရပ်စဲရေးကနေ စလို့ ထာဝရ ငြိမ်းချမ်းရေး ရသွားအောင် လုပ်သွားပါ့မယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောတယ် ဆိုပြီးတော့ မူတူးဆေးဖိုးက ပြန် ပြောပြပါတယ်။

“ကျနော်တို့ တည်ဆောက်သွားမယ့် ပြည်တွင်း ငြိမ်းချမ်းရေးကို အပစ်အခတ် ရပ်စဲရေးကနေ ကျနော်တို့ စပြီး ဆောင်ရွက်သွားပါမယ်။”

ကရင် အမျိုးသား အစည်းအရုံး KNU က ပြောရေးဆိုခွင့်ရှိသူ ဦးမန်းငြိမ်းမောင် ကတော့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ သူတို့ တွေ့တဲ့အခါမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့ ဆက်လက် ဆွေးနွေးဖို့ကိစ္စတွေကို သူတို့ ပြောတယ်။ နောက်ပြီး သူတို့ ဒီ တွေ့ဆုံမှုကနေ နှစ်ဘက် ယုံကြည်မှု တည်ဆောက်နိုင်မယ်လို့ အခုလို ပြောပြပါတယ်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ အဆင့်မြင့် တပ်မှူးကြီးတွေကို ကျနော်တို့ တွေ့ခဲ့တယ်။ ကျနော်တို့ တွေ့တော့ ကာကွယ်ရေး ဦးစီးချုပ်က ပြောတယ်၊ ကျနော်တို့ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ရာခိုင်နှုန်း ရ၀ လောက် အောင်မြင်နေပါပြီတဲ့။ အဲဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ကျနော်တို့ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး ခရီးစဉ်မှာ အခက်အခဲ ဒီလောက် မကြီးမားတော့ပါဘူးလို့ ယုံယုံကြည်ကြည် တက်တက်ကြွကြွနဲ့ ပြောကြားခဲ့တယ်။ နောက်တခုကတော့ ကျနော်တို့ရဲ့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးရေးအတွက် သူ လုပ်ဆောင်ချင်တယ်၊ သူ ခံစားချက်အပြည့်နဲ့ ပြောကြား ခဲ့ပါတယ်။ ကျနော်တို့ ဒီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဗမာ့တပ်မတော်က အဆင့်မြင့် တပ်မှူးကြီးများ၊ ခေါင်းဆောင်ကြီးများကို တွေ့တဲ့အခါကျတော့ တဦးနဲ့တဦး ယုံကြည်မှု ပိုရတယ်လို့ ကျနော်တို့ဘက်က အဲဒီလို ရှုမြင်ပါတယ်။”

ရန်ကုန်ရောက်တုန်း ရန်ကုန်မှာရှိတဲ့ ကရင်အဖွဲ့အစည်းတွေနဲ့ သူတို့ တွေ့တယ်။ ၁ နာရီလောက် သူတို့ တွေ့ဆုံခဲ့တဲ့ဟာတွေ၊ နောက် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ဟာတွေကို ရန်ကုန်မှာရှိတဲ့ ကရင် အဖွဲ့အစည်းတွေကို သူတို့ ပြန်ရှင်းပြတယ်ပေါ့နော်။ သမ္မတကြီးက ရန်ကုန်မြို့မှာ ကရင်တိုင်းရင်းသားတွေ အားလုံး ပါ၀င်တဲ့ အစည်းအဝေးတခု လုပ်ဖို့ကို အစိုးရ အနေနဲ့ ပံ့ပိုးပေးမယ်၊ သဘောလည်း တူတယ် ဆိုပြီးတော့ အဲဒီအကြောင်းတွေကို ပြန်ပြီးတော့ ကရင်အဖွဲ့အစည်းတွေကို ရှင်းပြတာခင်ဗျ။

ကရင်အမျိုးသမီးများအဖွဲ့က ဒေါ် နော်ဆူဇန်နာလှလှစိုး ကတော့ ဒီ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကရင် ခေါင်းဆောင်တွေ တွေ့ဆုံမှုကနေ ရှေ့ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ပိုပြီးတော့ ကောင်းလာမယ်လို့ ထင်တယ်လို့ အခုလို ပြောပါတယ်။

“အခုက initial cease fire ပေါ့နော်။ ပဏာမ ဆိုတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို ဆက်သွားမယ်။ ပြီးတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုတွေ မြန်မြန် ဆက်သွားနိုင်မယ် လို့တော့ ကျမတို့ မျှော်လင့်နေပါတယ်။”

KNU အနေနဲ့ သမ္မတကြီးကိုရော၊ ကာကွယ်ရေး ဦးစီးချုပ်ကိုရော ပြောတာက ကချင်ကိစ္စနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာက ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေတယ်။ အဲဒါတွေကို ရပ်တန့်ပေးဖို့၊ သူတို့အနေနဲ့ ကြားဝင် ကူညီ ဆောင်ရွက်ပေးလို့ ရမယ်ဆိုရင်လည်း ကူညီ ဆောင်ရွက်ပေးပါ့မယ်လို့ သမ္မတကိုရော၊ ကာကွယ်ရေး ဦးစီးချုပ်ကိုရော သူတို့ ပြောတယ်လို့ ပြောပါတယ်။

“ကျနော်တို့ သမ္မတကြီးနဲ့ တွေ့တဲ့အခါမှာရော၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နဲ့ တွေ့တဲ့အခါမှာရော ကျနော်တို့ ဒီနေ့ မြောက်ပိုင်းမှာ ကချင် အမျိုးသားတွေနဲ့ ဖြစ်တဲ့ကိစ္စမှာ စစ်အရှိန်မြင့်တဲ့ ကိစ္စဟာ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိခိုက်မှု တစုံတရာ ရှိတယ်။ ရိုက်ခတ်မှုတွေ ရှိတယ်။ နောက်ပြီးတော့ နိုင်ငံတော်ရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်တဲ့အခါမှာရော ဒါဟာ သံသယနဲ့ စောင့်ကြည့်နေတဲ့ သူတွေအတွက် သံသယ ပိုမို ကြီးထွားစေတယ်။ ဒါကြောင့်မိုလို့ KIO နဲ့ ဖြစ်နေတဲ့ ပဋိပက္ခမှာ စစ်အရှိန်မြင့်နေမှုကို ကျနော်တို့ နိုင်ငံတော် လုံခြုံရေးကို မထိပါးတဲ့ ကိစ္စတွေ ဆိုရင် စစ်အရှိန်ကို လျှော့ဖို့အတွက် ကျနော်တို့ မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။”

ကာကွယ်ရေး ဦးစီးချုပ်ကတော့ သူက ဒီဟာတွေဟာ အချုပ်အချာ အာဏာကို မထိပါးဘူး ဆိုရင်တော့ သူတို့အနေနဲ့ ခွင့်လွှတ်လို့ ရတယ်ပေါ့။ အချုပ်အချာ အာဏာကို ထိပါးလာတဲ့ အခါကျတော့ သူတို့အနေနဲ့ မလွှဲသာ မရှောင်သာနဲ့ လုပ်ရတယ် ဆိုတဲ့အကြောင်းကို ပြန်ပြီး ပြောပြ ပါတယ်။

အခု KNU က လာတဲ့ အဖွဲ့ထဲက နှစ်ယောက်လောက်က သူတို့ ကျန်ခဲ့ပြီးတော့ ကရင် နှစ်သစ်ကူး ပွဲတော်ကို တက်ဖို့ အစီအစဉ် ရှိပါတယ်။ တခြား ရန်ကုန်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း သူတို့ ထပ်ပြီးတော့ အစည်းအဝေး ကိစ္စကို အသေးစိတ် ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိတယ်လို့ ဆိုပါတယ်။

http://burmese.voanews.com/content/knu-meeting-01-06-13/1578698.html

January 5, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ညစာဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော် ဇန်နဝါရီ ၅
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ ည (၇)နာရီတွင် နေပြည်တော်ရှိ တော်ဝင်ကုမုဒြာ ဟိုတယ်၌ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုမူတူးစေးဖိုးနှင့် အဖွဲ့အား ညစာဖြင့် တည်ခင်း ဧည့်ခံသည်။
ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယခုပြုလုပ်သည့် ညစာစားပွဲသည် KNU မှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များကို ဂုဏ်ပြုသည့် ညစာစားပွဲဖြစ် ကြောင်း၊ နိုင်ငံတော် အနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မတူသည်များ ဘေးဖယ်၍ တူညီသည်များကို ပူးပေါင်း ဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာရာ အထိုက်အလျောက် အောင်မြင်မှုရရှိလာပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်ရာတွင် တဖက်တည်းမှ လုပ်ဆောင်၍မရပဲ နှစ်ဦးနှစ်ဖက် လုပ်ဆောင်ပါမှ ရနိုင်ပါကြောင်း၊ ထို့အပြင် ဘေးတိုက်မှ အားပေးကူညီမှုများ ရမှလည်း နှစ်ပေါင်း (၅၀) ကျော် ပဋိပက္ခများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် လုပ်ငန်းစဉ်သည် လွယ်ကူသည့် အလုပ်မဟုတ်ပါကြောင်း၊ ဤလုပ်ငန်းစဉ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးစသည့် ရေးရာကိစ္စများ ပါဝင်ပါကြောင်း။
သို့ဖြစ်၍ တာဝန်ရှိသူများ အနေဖြင့် စိတ်ရှည်သည်းခံပြီး ဇွဲရှိရှိဖြင့် နှစ်ဦးနှစ်ဖက် ပူးပေါင်း လုပ်ဆောင်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်လည်း အားလုံးကို မေတ္တာရပ်ခံလိုပါကြောင်း၊ ယခု ၂၀၁၃ ခုနှစ်တွင် ဖော်ဆောင်လုပ်ကိုင်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် အောင်မြင်ပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။
ထို့နောက် ဒုတိယသမ္မတ နှင့်အတူ တက်ရောက်လာကြသူများသည် ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲ အပြီးတွင် ဒုတိယသမ္မတက ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
Last Updated ( Sunday, 06 January 2013 12:56 ) 

http://www.ministryofinformation.gov.mm/index.php/reference/peace.html?start=5

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကရင်အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာစနစ် တောင်သူ ပညာပေးဧက (၅ဝဝ)စိုက်ခင်းရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ လုပ်ငန်းကော်မတီဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးခင်ရီ၊ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန( Myanmar Peace Center )မှ ပညာရှင်များနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်များတက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး(၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ကရင်အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား နှစ်သစ်ကူး လက်ဆောင်အဖြစ် ကရင်အမျိုးသားဝတ်စုံကို ဝတ်ဆင်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဆွေးနွေးပြောကြားရာတွင် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဤနေရာတွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဥက္ကဋ္ဌနှင့်အဖွဲ့အား အမြဲတွေ့ဆုံ ဆွေးနွေးလိုပါကြောင်း၊ ကရင်အမျိုးသား အစည်းအရုံး၏ (၁၅)ကြိမ်မြောက် ကွန်ဂရက်တွင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်ခံရသဖြင့် ဝမ်းသာဂုဏ်ယူပါကြောင်း၊ သမိုင်းနှင့်ချီပြီး ရှည်ကြာ လှပြီဖြစ်သည့် မိမိတို့အချင်းချင်း လက်နက်ကိုင်ပဋိပက္ခကို မိမိတို့၊ ဥက္ကဋ္ဌတို့ လက်ထက်မှာပင် အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ရန် မိမိအနေဖြင့် ဆန္ဒပြင်းပြလျက်ရှိပါကြောင်း၊ ဥက္ကဋ္ဌအနေဖြင့်လည်း ငြိမ်းချမ်းသည့် လူ့ဘောင်တစ်ရပ် ကိုထူထောင်ရန် မိမိကဲ့သို့ကြိုးပမ်း ဆောင်ရွက်နေသည်ဟု ယုံကြည်ပါကြောင်း။
မိမိတို့အနေဖြင့်  နိုင်ငံရေးတွင်မတူကွဲပြားမှုအချို့ရှိမည်ဖြစ်သော်လည်း တိုင်းပြည်အတွက် အကျိုးရှိစေမည့် တူညီသည့်ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အတူတကွ ခံစားစံစားနိုင်ရေးအတွက် မိမိတို့ အတူတကွ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ပွင့်လင်းစပြုနေပြီဖြစ်သည့် မိမိတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်လွတ်မခံဘဲ တစ်ဦးနှင့်တစ်ဦးနားလည်မှု၊ ယုံကြည်မှုနှင့်စာနာမှု တို့ဖြင့် ထာဝရ ငြိမ်းချမ်းသည့် လူ့ဘောင်တစ်ရပ်ကို အတူတကွ လက်တွဲပူးပေါင်းပြီး သစ္စာရှိရှိ၊ သတ္တိရှိရှိဖြင့် ထူထောင် ဆောင်ရွက်သွားကြပါစို့ဟူ၍ တိုက်တွန်းလိုပါကြောင်းဖြင့် ပဏာမပြောကြားသည်။
ယင်းနောက် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက နိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံဆွေးနွေး ရသဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သမ္မတကြီးက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှတစ်ဆင့် မိမိတို့အား တွေ့ဆုံရန် ဖိတ်ကြားခဲ့သည့် အတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း။
ထို့အတူမိမိတို့အနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများကို တစ်ဆင့်ပြီး တစ်ဆင့်ပြုလုပ် နိုင်ခဲ့ပါကြောင်း၊ အပစ်အခတ် ရပ်စဲရေးမှ စတင်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန်အတွက် မိမိတို့(KNU)အဖွဲ့က ဆန္ဒပြင်းပြလျက် ရှိပါကြောင်း၊ ယနေ့အခါတွင် နိုင်ငံတော်၌ အပြောင်းအလဲများ ရှိနေသည်ဖြစ်ရာ ဤအပြောင်းအလဲ အတိုင်း လိုက်ပါဆောင်ရွက်ရန်သာရှိပြီး မိမိတို့အနေဖြင့် နောက်ဆုတ်ရန် မရှိပါကြောင်း။ နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲမှုများ ဖြစ်ထွန်းနေပြီ ဖြစ်သော်လည်း ကချင်ပြည်နယ် ပဋိပက္ခမှာမူ ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်နေပါကြောင်း၊ ကချင်ဒေသငြိမ်းချမ်းရေးအတွက် မိမိတို့က မည်သို့ ပံ့ပိုးကူညီနိုင်မလဲ ဆိုသည်ကို စဉ်းစားနေပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်းနှင့်အဖွဲ့ဝင်လေးဦးတို့က ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရေး အပစ်အခတ် ရပ်စဲမှု ပိုမိုခိုင်မာရေး ဆက်ဆံရေးရုံးများ ဆက်လက်ဖွင့်လှစ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကိုဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည် ဆွေးနွေးပြောကြားရာတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဆွေးနွေးချက်များမှာ ပကတိအခြေအနေများနှင့် ကိုက်ညီပြီး အနာဂတ် မျှော်မှန်းချက်များလည်း များစွာပါဝင်သည်ကို တွေ့ရှိရပါကြောင်း။
မိမိတို့၏ဆန္ဒများကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများရှိမည်ဖြစ်ပါကြောင်း၊ စိတ်ရှည် သီးခံပြီးကျော်လွှားသွားရန် ဖြစ်ပါကြောင်း၊ နိုင်ငံချစ်သည့်စိတ် အချုပ်အခြာ အာဏာမဆုံးရှုံးအောင် ထိန်းသိမ်းကာကွယ်လိုသည့်စိတ်၊ တိုင်းပြည် တည်ငြိမ်အေးချမ်း လိုသည့်စိတ်များတူညီစွာရှိကြပါကြောင်း၊ ထိုသို့ တူညီသည့် စိတ်ထားများရှိထားသည့် အတွက် ကျန်သည့် လုပ်ငန်းရပ်များကို ဆောင်ရွက်ရန် အခက်အခဲမရှိနိုင်တော့ပါကြောင်း၊ သို့သော်လည်း အချိန်ယူပြီးဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ မတူကွဲပြားမှုများလည်း ရှိနိုင်ပါကြောင်း၊ မတူသည်များကို ဖယ်ရှားပြီး တူသည်များကို ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
(KIA) အဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီး နှစ်ဦးနှစ်ဖက် လိုလားချက်များ သဘောတူ လက်ခံနိုင်သည့် အချက်များကို ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းနေပါကြောင်း၊  ငြိမ်းချမ်းရေး ရရှိရေးအတွက် ဆက်လက် ကြိုးစား ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
တိုင်းပြည်အနေဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်သည့် ရေခံမြေခံကောင်းများ ရှိသော်လည်း အခြားနိုင်ငံများထက် နောက်ကျနေပါကြောင်း၊ ယင်းမှာ နှစ်ပေါင်း(၆ဝ)ကျော် မငြိမ်မသက် မှုများကြောင့် ပင်ဖြစ်ပါကြောင်း၊ အဆိုပါ မငြိမ်းချမ်းမှုကို အနာဂတ် မျိုးဆက်သစ်များအား လက်ဆင့်ကမ်း အမွေမပေးလိုကြောင်း၊ ထို့ကြောင့် မိမိတို့ လက်ထက်တွင် ဤမီးကို ငြိမ်းသတ် ပေးလိုပါကြောင်း၊ ထိုကိစ္စကို မိမိတစ်ဦး တစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ဘဲ အားလုံး စုပေါင်းပြီး ဆောင်ရွက်မှသာ ရရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆင့်ဆင့်သော ဆွေးနွေးမှုများ ဆောင်ရွက်နေပါကြောင်း၊ နောက်ဆုံး အဆင့်ဖြစ်သည့် နိုင်ငံရေး အဆင့်ဆွေးနွေးရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်အားလုံး ပါဝင်သည့် လွှတ်တော်သည် ဆွေးနွေးရန် အကောင်းဆုံး နေရာဖြစ်ပါကြောင်း။
ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အတူတကွ မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားများ သည် တစ်မြေတည်းနေ တစ်ရေတည်းသောက် မိသားစုဝင် ညီအစ်ကို မောင်နှမများ ဖြစ်ကြပါကြောင်း၊ အားလုံး အတူတကွ ပူးပေါင်းအဖြေရှာနိုင်မှသာ နိုင်ငံသား အားလုံး လိုလားသည့် ငြိမ်းချမ်းပြီး ဒီမိုကရေစီ ပြည့်ဝသည့် နိုင်ငံတော်ကို ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း။
တိုင်းရင်းသား အားလုံးအနေဖြင့် ကိုယ့်တိုင်းပြည်ကို ချစ်သည့်စိတ်၊ တည်ငြိမ်ပြီး အေးအေး ချမ်းချမ်း နေကြလိုသူများ ချည်းသာဖြစ်ကြောင်း၊ ယင်းတူညီမှ တစ်ဆင့် ကျန်နေသေးသည့် ညှိနှိုင်းရန် အချက်များကို ဥက္ကဋ္ဌတို့ အပါအဝင် ဝိုင်းဝန်း ကြိုးစား ပေးကြစေလိုကြောင်း၊ မိမိအနေဖြင့် တပ်မတော်ကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရုံမှ အပ စတင် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် မှာကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သမိုင်းတွင်ရစ်မည့် ထာဝရ ငြိမ်းချမ်းရေး ရလိုပါကြောင်း။
ထိုငြိမ်းချမ်းရေးကို သားစဉ်မြေးဆက်သို့ အမွေအဖြစ် ပေးခဲ့လိုပါကြောင်း၊ ယင်းမှာ မိမိတို့၏ စစ်မှန်သည့် ရိုးသားသည့် ဆန္ဒဖြစ်ပါကြောင်း၊ ထို့ကြောင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်ဆိုလျှင် တစ်ခါမက အကြိမ်ကြိမ်အခါခါ ညှိနှိုင်း ဆွေးနွေး သွားရမည်ဆိုလျှင်လည်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသ အတော်များများတွင် ရာခိုင်နှုန်း (၈ဝ)ခန့်မှာ ငြိမ်းချမ်းရေး အရသာခံစားနေကြပြီ ဖြစ်ပါကြောင်း၊ နိုင်ငံသားအားလုံး အပြည့်အဝ ခံစားရအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ဒေသဖွံ့ဖြိုး တိုးတက်စေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် လိုအပ်ပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားကြောင်း။ FDI Law ကိုလည်း ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်ပါ ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖွဲ့များ လာရောက်နိုင်ရန် အတွက် နယ်မြေဒေသ အေးချမ်းတည်ငြိမ်ရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ရန် အတွက်လည်း အထူးစီးပွားရေးဇုန်များ ဖော်ဆောင်လုပ်ကိုင်နေပြီ ဖြစ်ပါကြောင်း၊ ယင်း အထူးစီးပွားရေးဇုန်များ အကောင်အထည်ပေါ်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ကြောင်း။
သယံဇာတခွဲဝေမှုနှင့်ပတ်သက်၍ တိုင်းရင်းသားအကျိုးစီးပွားကို မထိခိုက်စေရန်၊ မိမိနိုင်ငံ ၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန်၊ မိမိနိုင်ငံ၏အချုပ်အခြာအာဏာကို မထိခိုက်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေရန် သတိထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယင်းကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် ငြိမ်းချမ်းမှုအပေါ်မူတည်ပါကြောင်း၊ ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ယုံကြည်မှုရှိရှိ နားလည်မှုရှိရှိနှင့် စာနာမှုရှိကြလျှင် ပြဿနာများသည် အလွယ်တကူနှင့် ပြေလည်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ် မျိုးဆက်သစ်များကို ငြိမ်းချမ်းရေး အမွေပေးခဲ့လိုပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံမှုများကို အချိန်မရွေး အကြိမ်ပေါင်းများစွာ တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ တွေ့ခွင့်ရမည်ဟုလည်း မျှော်လင့် ဆုတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ဆက် လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတက ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များပေးအပ်ပြီး အမှတ်တရစုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ထို့နောက် ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်မှုလယ်ယာစနစ်  တောင်သူပညာပေးဧက(၅ဝဝ)စိုက်ခင်းအတွင်း စိုက်ပျိုးမွေးမြူထားရှိမှုများကို လှည့်လည် ကြည့်ရှု လေ့လာကြသည်။

http://www.ministryofinformation.gov.mm/index.php/reference/peace/1916--knu-.html

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၅
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ တော်ဝင်ကုမုဒြာ ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ အတူလက်တွဲပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးက KNU ခေါင်းဆောင်များနှင့် မကြာခဏ တွေ့ဆုံသွားရန် ဖိတ်ကြားထားပါကြောင်း၊ ယနေ့ နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံဆွေးနွေးမှုသည် အောင်မြင်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ပါကြောင်းဖြင့် ပဏာမ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပထမဦးစွာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရပါကြောင်း၊ ဆက်လက်၍ ပီပီပြင်ပြင် ဖြစ်လာသည်အထိ  ဆွေးနွေးသွားရမည် ဖြစ်ပါကြောင်း၊ ယခု ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ကိစ္စသည် ဆက်လက်တွေ့ဆုံဆွေးနွေးရန် အနှောင့်အယှက် မဟုတ်သော်လည်း အဟန့်အတား အနည်းငယ် ဖြစ်စေခဲ့ပါကြောင်း၊ သို့သော်လည်း ဆက်လက်၍ ငြိမ်းချမ်းရေး ပီပြင်လာအောင်၊ ပြေလည်လာအောင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ကိစ္စကိုလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
ယင်းနောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သတင်းထောက်များ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
(သတင်းစဉ်)
http://www.ministryofinformation.gov.mm/index.php/reference/peace/1918----knu---.html

January 4, 2013

သမ္မတဦးသိန်းစိန်နှင့်လွတ်လပ်ရေးနေ့ အပြီးတွေ့မည်ဟု ကေအဲန်ယူပြောဆို

ဇန်နဝါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ယနေ့ထွက်ခွာသွားသည့် ကေအဲန်ယူ ဥက္ကဌနှင့်အဖွဲ့သည် လွတ်လပ်ရေးနေ့အပြီး ဇန်နဝါရီလ ၅ရက်နေ့တွင် နေပြည်တော်၌ သမ္မတ အပါအဝင် အစိုးရအဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်သည်။
ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းတို့ ဦးဆောင်သော အဆိုပါကေအဲန်ယူအဖွဲ့ သည် ယနေ့မနက် ၈နာရီခွဲတွင် မြဝတီမြို့မှ ထွက်ခွာ၍ မွန်းလွဲ ၃နာရီတွင် ကရင်ပြည်နယ်၊ မြို့တော်ဘားအံသို့ ရောက်ရှိပြီး ဇွဲကပင်ဟိုတယ်တွင် တစ်ညတာ တည်းခိုလျှက်ရှိကြောင်း သိရသည်။
“ကျနော်တို့ ၅ရက်နေ့မှာ တွေ့မှာပါ။ မနက်ဖြန်ကလည်း လွတ်လပ်ရေးနေ့ဆိုတော့ သူတို့(အစိုးရအဖွဲ့)လည်း နားရက်ဖြစ်မှာပဲ။ လောလောဆယ် ကျနော်တို့ ဖားအံမှာ နားတယ်။ မနက်ဖြန်မှ ခရီးဆက်မယ်”ဟု အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူး ၀င်းက ကေအိုင်စီသို့ ယနေ့ညနေက ပြောသည်။
၎င်းတို့အနေဖြင့် ကေအဲန်ယူနှင့် အစိုးရ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ရှေ့ဆက်လုပ်ဆောင်ရေးအပြင် တိုင်းရင်းသားဒေသများ မှ အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်သော်လည်း ဦးသိန်းစိန် အစိုးရဘက်မှ မည်သည့်အကြောင်းအရာများ ဆွေးနွေးမည် ကို မပြောဆိုနိုင်သေးကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်လက်ပြောဆိုသည်။
သို့သော် အစိုးရအဖွဲ့ဝင်အချို့နှင့် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတအနေဖြင့် ကေအဲန်ယူနှင့်တွေ့သည့် အခါ ကချင်အဖွဲ့ကို စားပွဲဝိုင်းပေါ်ရောက်အောင် ပြောဆိုပေး ရန် ဆွေးနွေးသွားမည်ဟု အကြမ်းဖျင်းသိရကြောင်း 7day new ဂျာနယ် သို့ ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပဒိုစောကွယ်ထူးက “လက်ရှိ ကချင်ဒေသ စစ်ပွဲဟာလည်း ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာမှာ အဟန့်အတားတခု ဖြစ်နေတယ်။ ဒါကိုလည်း ကျနော်တို့ အစိုးရနဲ့ဆွေးနွေးသွားဖို့ ရှိပါတယ်။ နောက် ပြီးခဲ့တဲ့ စက်တင်ဘာက ကျနော်တို့ တတိယအကြိမ် ဆွေးနွေးတုန်းက မပြီးပြတ်သေးတာတွေကိုလည်း ဘယ်လိုဆက်လုပ်သွားမလဲ ဆွေးနွေးမှာပါ”ဟု ဆိုသည်။

http://www.kicnews.org/?p=15069

January 3, 2013

ကေအဲန်ယူ ဥက္ကဋ္ဌသစ် ရက်ပိုင်းအတွင်း နေပြည်တော် သွား

ကေအဲန်ယူ ဥက္ကဋ္ဌသစ် နေပြည်တော် သွား
ဇော်သူရ၊ မဲဆောက်၊ ဇန်နဝါရီ ၃၊ ၂၀၁၃
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ အသစ်ရွေးချယ်ခံရသော ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအဝင် ဗဟိုခေါင်းဆောင်များနှင့် အဖွဲ့ ၀င်များ  
နေပြည်တော်သို့  သွားပြီ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဌ ဦးအောင်မင်း၏ ဖိတ်ကြားချက်အရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်လပိုင်းအတွင်း ကေအဲန်ယူမှ အသစ်ရွေးချယ်ခံရသည့် ဗဟိုခေါင်းဆောင် ၅ဦးမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူစေးဖိုး၊ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း၊  တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသော သီဘွဲနှင့် တွဲဖက်အတွင်းရေးမှူး (၂) မန်းမန်းမန်း တို့ဖြစ်ကြောင်း သိရသည်။
၎င်းတိုု့ ထုုတ်ပြန်သော ကြေညာချက်မှာ အောက်ပါအတိုုင်းဖြစ်သည်။

 

ကချင်အရေး KNU နှင့် သမ္မတတို့ အဓိက ဆွေးနွေးဖွယ်ရှိ

သမ္မတနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများကို ဆွေးနွေးဖွယ်ရှိပြီး ကချင်အရေးသည် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည်ဟု KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန်က ပြောသည်။

သမ္မတ ဦးသိန်းစိန် (ယာ)နှင့် KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန် (အလယ်)တို့ နေပြည်တော်၌ ၂၀၁၂ ခုနှစ်၊ ဧပြီလ ရ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - AFP)
သမ္မတ ဦးသိန်းစိန် (ယာ)နှင့် KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန် (အလယ်)တို့ နေပြည်တော်၌ ၂၀၁၂ ခုနှစ်၊ ဧပြီလ ရ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - AFP)
“အဓိကအချက်က အခုဖြစ်ပျက်နေတဲ့ ကချင်ကိုတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အတွက် ဒါတွေဆွေးနွေးမှုတွေရှိမယ်။ ဒါက အရေးကြီးတဲ့အချက်ဖြစ်နေတယ်။ ခုသွားတဲ့ အဖွဲ့တွေ ဒါကို တင်ပြလို့ ရှိရင် တခုခု
ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုကြောင့် ကရင်အမျိုးသားအစည်းအရုံးမှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်နှင့် ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းတို့ ပါဝင်သော အဖွဲ့သည် ကြာသပတေးနေ့ နံနက်ပိုင်းအတွင် နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်သည်။

KNU ခေါင်းဆောင်များ၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင်  “တိုင်းရင်းသားဒေသများတွင်
ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပါယ် ပြည့်ဝသော ငြိမ်းချမ်းရေးဆွေးနွေးမှု ရောက်ရှိနိုင်ရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်း” ဖေါ်ပြပါရှိသည်။

တွေ့ဆုံဆွေးနွေးမှုများကို အဖွဲ့အတွင်း ပြန်လည် ဆွေးနွေးညှိနိုင်းခြင်းနှင့် ပြည်သူလူထုများအတွင်း ထုတ်ပြန်သွား
မည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရအဆက်ဆက် လက်နက်ကိုင်တော်လှန်ခဲ့သော KNU သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ခြင်း ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/10682--knu----.html

January 2, 2013

ကေအန်ယူ ဥက္ကဌ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ရှိ

 
ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ ဥက္ကဌသစ် စောမူတူး စေးဖိုးနဲ့ အဖွဲ့ဟာ နေပြည်တော် ကို အခု ရက်ပိုင်း သွားရောက် ပြီး၊ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ ကရင် အမျိုးသား အစည်းအရုံး ဥက္ကဌသစ် မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ လာရောက်မှာ ဖြစ်ပြီး၊ ဇန်နဝါရီ ၃ရက် နေ့ မှာ ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်တယ်လို့ သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဘီဘီစီ ကို ပြောပါတယ်။
ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ဖို့ ရှိတယ်လို့လည်း ကေအန်ယူ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။
သမ္မတနဲ့ တွေ့ဆုံမယ့် ရက်နဲ့ ဆွေးနွေးမယ့် အကြောင်း အရာတွေ ကိုတော့ အတိ အကျ မသိရ သေးဘဲ စီစဉ် နေဆဲ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦး က ပြောပါတယ်။

သမ္မတနဲ့ တွေ့ ဖြစ်မယ် ဆိုရင်တော့ ကေအန်ယူ အနေနဲ့ ဒါဟာ ဒုတိယ အကြိမ် တွေ့ဆုံတာ ဖြစ်ပြီး၊ ငြိမ်းချမ်းရေး အတွက် တိုးတက် မှုတွေ ရှိနိုင် တယ်လို့ မျှော်လင့် စရာ အကြောင်း ရှိပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130102_kun_meet_thein_sein.shtml

December 27, 2012

KNU ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းမည်

ချင်းမိုင်(မဇ္စျိမ) ။        ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲလိုက်ပြီး ငြိမ်းချမ်းရေး
ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့လည်း အသစ်ပြန်လည် ဖွဲ့စည်းမည်ဟု တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ယခင် ကိုယ်စားလှယ်အဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး လာမည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့သစ်ကို ရွေးချယ် ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က KNU ရဲ့မူဝါဒအပေါ်မှာပဲ မူတည်ပါတယ်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတော့ တိုက်ရိုက် မပတ်သက်ဘူး။ လုပ်ငန်းစဉ်က အရင်အတိုင်းပဲ ချမှတ်ထားတဲ့ အခြေခံ ၄ ဆင့် ပမာဏ အပစ်အခတ် ရပ်စဲပြီး ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်ဆောင်ရွက်မယ်။ နိုင်ငံရေး ဆွေးနွေးမှု အဆင့်နှစ်ဆင့်ကို ဆက်သွားမယ်” ဟု ပဒိုမန်းမန်း က မဇ္စျိမကို ပြောသည်။

ယခင် ကိုယ်စားလှယ်အဖွဲ့ကို ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး ထိုစဉ်က ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ် တာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာမှ ဗိုလ်မှူးစောရောဂျာခင်နှင့် သစ်တော်ဌာနမှူး ပဒိုစောအားတိုး၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေးတို့ကို တို့ ဦးဆောင်ပါဝင်ခဲ့သည်။

နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ဘားအံခရိုင် တပ်မဟာ ရ နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သော KNU ၏ ၁၅ ကြိမ်မြောက် ညီလာခံမှ ဥက္ကဋ္ဌသစ်အဖြစ် (ယခင် စစ်ဦးစီးချုပ်) ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကို တင်မြှောက်လိုက်ပြီး စစ်ဦးစီးချုပ်သစ်အဖြစ် ဗိုလ်မှူးချုပ် စောဂျော်နီအား ပေးအပ်ခဲ့ပြီး ဒု-စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ အား တာဝန်ပေးအပ်လိုက်သည်။

ဒု- ဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုမန်းမန်း၊ တွဲဘက် အတွင်းရေးမှူး(၂) ပဒိုစောရောဂျာခင်၊ အဖွဲ့ဝင်များအဖြစ် ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုစောတာဒိုမှူး၊ ဗိုလ်မှူးချုပ်စောဂျော်နီနှင့် ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ တို့ ၁၁ ဦးအား တာဝန်ပေးအပ်လိုက်ကြောင်း ဒီဇင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ထိုသို့ ခေါင်းဆောင်မှု အပြောင်းအလဲများ လုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ မူလအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ပဒိုမန်းမန်းက ပြောသည်။

ထို့အပြင် အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှု ပိုမို အားကောင်းလာရေးကို ပံ့ပိုးဆောင်ရွက်သွားရန် အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ရန် သဘောတူခဲ့သည်ဟု ပဒိုမန်းမန်း က ပြောသည်။

“အမျိုးသမီးတွေ စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်နိုင်တဲ့နေရာမှာ မူဝါဒပိုင်းဆိုင်ရာ ပတ်သက်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်လာ ဖို့၊ အားကောင်းလာဖို့၊ ဗဟိုကော်မတီအဆင့်မှာ အနည်းဆုံး အမျိုးသမီးတွေ ပါဝင်ရမယ်ဆိုတာ ဆုံးဖြတ်ချက် ချမှတ်
နိုင်ခဲ့တယ်။ အကောင်အထည်ဖော်တာက အချိန်အများကြီး လိုပါသေးတယ်” ဟု မဇ္စျိမကို ပြောသည်။ လက်ရှိတွင်မူ ဗဟိုကော်မတီ ၄၅ ဦးတွင် အမျိုးသမီး လေးဦးသာ ထားရှိနိုင်သေးသည်။

ဇန်နဝါရီလအတွင်းက နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီး နောက်ဆုံး စက်တင်ဘာလ ၄ ရက်နေ့က နှစ်ဖက်တပ်များ လိုက်နာသင့်သော ကျင့်ဝတ်များအပေါ် သဘောတူ လက်မှတ် ရေးထိုးလိုက်နိုင်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် KNU ၏ တပ်မဟာ ၁ မှ ရ ထိ တပ်နေရာ ချထားရေးနှင့် ပတ်သက်၍ တင်ပြခဲ့သည်။

ညီလာခံတွင် လူ့အခွင့်အရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန်နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး၊ အုပ်ချုပ်ရေးနှင့် တည်ဆောက်ရေး တို့နှင့် စပ်လျဉ်း၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒများ ကိုလည်း ချမှတ်သွားရန် သဘောတူခဲ့ကြသည်ဟု ကြေညာချက်တွင် ပါရှိသည်။

KNU ၏ ဌာန ၁၄ ခုမှ တာဝန်ခံများကိုလည်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့ရာ ပဒိုမန်းဘထွန်း (သစ်တောဌာန)၊ ပဒိုစောနေစိုး (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန)၊ စောအယ်လိုဆွေဦး (ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန)၊ စောလှထွန်း (စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန)၊ စောလေမူး (လယ်ယာနှင့် စိုက်ပျိုးရေး ဌာန)၊ စောလှစေး (ပညာရေးနှင့် ယဉ်ကျေးမှုဌာန)၊ စောမြမောင် (မွေးမြူရေးနှင့် ငါးဖမ်းဌာန)၊ စောရောဂျော်ခင် (ကာကွယ်ရေးဌာန)၊ စောကဲလဲ (သတ္တုတွင်းဌာန)၊ စောကလိုစေး (တရားရေးဌာန)တို့ ဖြစ်သည်။

ယခင် ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့သော စောဒေးဗစ်သာကဘောမှာ (မဟာမိတ်ရေးရာဌာန)၊ စောအောင်ဝင်းရွှေ (နိုင်ငံခြားရေးဌာန)၊ စောအာတိုး (တရားရေးနှင့် သာသနာရေးဌာန)၊ စောခေးဆယ် (အကောက်ခွန်နှင့် ဘဏ္ဍာရေး ဌာန)တို့ တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။

ကွယ်လွန်သူ ပဒိုဒေးဗစ်ထော၏ တရားရေးဌာန တာဝန်ခံ နေရာတွင် ပဒိုအယ်ကလိုစေးအား တာဝန်ပေးလိုက်ပြီး ပဒိုစောလှငွေအား အရေးကြီးသည့် တပ်ပိုင်းဆိုင်ရာ တနေရာတွင် တာဝန်ပေးအပ်မည်ဟု သိရသည်။

http://www.mizzimaburmese.com/news/inside-burma/10659-knu----.html

December 22, 2012

KNU ၏ ၁၅ ကြိမ်မြောက် ကွန်ဂရက် မကြာခင် ပြီးဆုံး


Karen flagကရင်အမျိုးသားအစည်းအရုံး (KNU) သည် ကရင့်အမျိုးသား အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏လမ်းစဉ် (၄) ရပ် အတိုင်း အပြောင်းအလဲမရှိ ဆက်လက်ကျင့်သုံးသွားမည်ဟု (၁၅) ကြိမ်မြောက် ကွန်ဂရက်မှ ဆုံးဖြတ်လိုက်ကြောင်း ကွန်ဂရက်ကိုတက် ရောက်နေသည့် ကိုယ်စားလှယ်တဦးက ဆိုပါသည်။
“ စောဘဦးကြီး လမ်းစဉ်နဲ့ဘဲသွားမယ်။ အပြောင်းအလဲမရှိပါဘူး။ အခုဖြစ်နေတာက စည်းလုံးညီညွတ်ရေး ပြသနာတွေ ပါ။ ဒါကိုပြန်လည်စုစည်းပြီး စည်းလုံးညီညွတ်မှု ခိုင်မာအောင် လုပ်တာဖြစ်ပါတယ်။ အခုတော့အဆင်ပြေသွားပါပြီး။ ဗိုလ်ချုပ်ကြီးမူးတူး ဆေးဖိုးကိုယ်တိုင်လည်း ပါတီဥက္ကဌ ဖြစ်နေပြီးဆိုတော့ အခြေအနေက ပုံမှန်ဖြစ်သွား ပါလိမ့်မယ်။” ဆိုပါသည်။
KNU ကွန်ဂရက်သည် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) လေးဝါးစခန်း၌ ကျင်းပရာ ကိုယ်စားလှယ်ပေါင်း (၁၇၀) ကျော်ဖြင့် တလနီးပါးကြာ ကျင်းပနေခဲ့ပါသည်။
KNU သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တချိန်ထဲ ၌နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုလည်း စည်းလုံးညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ၏မူအား အခြေပြု၍ တဖွဲ့ချင်းဆွေးနွေးသွားမည် ဖြစ်သလို စုပေါင်းလည်းဆွေး နွေးသွားမည်ဟု ကွန်ဂရက်က ဆုံးဖြတ် ထားကြောင်း ဆိုပါသည်။
ကရင့်ပြည်သူများအနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာသည့် ခိုင်မာမှုကိုပြသရန် လိုလားလျက်ရှိပါသည်။ နို်င်ငံရေးအရ ဆွေးနွေးရာတွင်လည်း အချိန်ကါလအပိုင်းအခြားများ အတိအကျကိုသတ်မှတ် ပြီး ဆွေးနွေးသွားရန် လိုအပ်သည်ဟု အဆိုပြုနေကြပါသည်။
 
reuters burma thein sein karen 07Apr12-resized
KNU ခေါင်းဆောင်များနှင့် သမ္မတတွေ့ဆုံစဉ် 

ဤလမ်းစဉ် ဆုံးဖြတ်များဖြင့် ကွန်ဂရက်သည် အောက်ပါပုဂ္ဂိုလ်များဖြင့် အသစ်ပြန်လည်ရွေးချယ်ခဲ့ကြပါသည်။ KNU ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဒုဥက္ကဌ နော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူးသစ်အဖြစ် ပဒိုကွယ်ထူးဝင်း (တပ်မဟာ ၄ ဒေသထားဝယ်ခရိုင် ဥက္ကဋ္ဌ) ၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒို သောသီဘွဲ နှင့် တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ပဒိုမန်းမန်းတို့ကို ရွေးချယ်ခဲ့ကြပါသည်။
KNU အမြဲတမ်း ဗဟိုကော်မတီဝင် ၃၁ ဦးကိုမူ လောလောဆယ်မရွေးချယ်ရသေးဘဲ ရပ်ထားခဲ့သည်ဟု ညီလာခံကို တက်ရောက်နေသော ကိုယ်စားလှယ်ကဆိုပါသည်။ ကွန်ဂရက်ကိုလည်း ခရစ်စမတ်မတိုင်ခင် အဆုံးသတ်မည်ဟုဆိုပါ သည်။
KNU ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ စောစံဖိုးသင် ဖြစ်ပါသည်။ KNU သည် ၁၉၄၉ ခုနှစ်တွင် လက်နက်ကိုင် လမ်းစဉ်ကို စတင်ကျင့်သုံးခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်နယ်အဆင့် အစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံးအကြိမ် သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါသည်။ ယင်းသဘောတူညီချက်များအတိုင်း ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့ နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၊ မြဝတီမြို့နယ်နှင့် ဖါးအံမြို့တို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ထားပြီး ဖြစ် ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2546-knu-.html

October 5, 2012

ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကိုအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းဟု KNU ပြောဆို

အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
စစ်ဦးစီးချုပ် အပါအဝင် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကို တာဝန်မှ ရပ်စဲပြီး အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းမှာ စက်တင်ဘာလ ၂၇ ရက်မှ၂၉ရက်နေ့အထိ ပြုလုပ်ပြီးစီးခဲ့သော ကေအဲန်ယူဗဟို အလုပ်အမှုဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း ကေအဲန် ယူ ဗဟိုကော်မတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သူက “ပြီးခဲ့တဲ့လကုန်ပိုင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်တွေထဲမှာ ဒီခေါင်းဆောင် ၃ဦးကို ထုတ်ပယ်တယ်ဆိုတာ တစ်ချက်ပါတယ်။ အကြောင်းက သူတို့(ခေါင်းဆောင် ၃ဦး)ဟာ ဗဟိုကို အသိပေး လုပ်ဆောင်မှုမရှိတာ၊ အဖွဲ့အစည်းရဲ့ မူအတိုင်း မလိုက်နာမှု အကြိမ်ကြိမ် ရှိခဲ့တာတွေအပေါ် အရင်းခံပါတယ်”ဟု ဆိုသည်။
သို့သော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်ကို ကေအဲန်ယူ၏ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေမှ လက်မှတ်ရေးထိုး ထားသည့်အပေါ် ကေအိုင်စီမှမေးမြန်းရာ “တကယ်တော့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ကျပြီးတာနဲ့ အထွေထွေ အတွင်းရေးမှူးက ခရီး ထွက်ရတာပဲ။ ဒါပေမဲ့ ဆုံးဖြတ်ချက်တွေကို စာရွက်စာတမ်းနဲ့ အသေအချာ ပြန်လုပ်ရသေးတဲ့အပေါ် အတွင်းရေးမှူးချုပ်က သူ့ကိုယ်စား လက်မှတ်ထိုးပေးဖို့ သဘောတူထားမှုကြောင့် တွဲဖက်(၁)ကို တာဝန်ခံပေးလိုက်ရတဲ့သဘောပါ”ဟု ၎င်းဗဟိုကော်မတီဝင်က ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေကို ဆက်သွယ်မှု မရရှိခဲ့ သော်လည်း အမည်မဖော်လိုသူ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ၎င်းတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှာ ဗဟိုအလုပ်အမှုဆောင်များ ကိုသာ ပေးပို့ခြင်းဖြစ်သလို ယခုလို ထုတ်ပယ်လိုက်သည့် ဆုံးဖြတ်ချက်မှာ ဟုတ်မှန်ကြောင်း ယမန်နေ့က ကေအိုင်စီသို့ အတည်ပြု ပြော ဆိုခဲ့သည်။

ထုတ်ပယ်ခံရသူများမှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနတာဝန်ခံ ပဒိုစောဒေးဗစ်ထော၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်တို့ဖြစ်ကြပြီး လာမည့် ကွန်ဂရက်မတိုင်ခင်အတွင်း ၎င်းတို့၏ လစ်လပ်သွားသည့်နေရာ တွင် လက်ရှိ KNLA တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲ၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူနှင့် ပဒိုစောအဲ့ကလူရွှေဦးတို့ ကို ယာယီ အစားထိုးထားကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်တွင် ပါရှိသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့် ၎င်းကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ၁၅ကြိမ်မြောက် ကွန်ဂရက်မတိုင် မှီ နောက်ဆုံးပြုလုပ်ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၁ဦးအနက် ခရီးလွန်နေသူ ဒုဥက္ကဌ အပါအဝင် ၈ဦး၏ သဘောထားများ ပါ၀င်ခဲ့ရာ ထိုဆုံးဖြတ် ချက်များထဲတွင် ဖားအံ ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်းအပေါ် ကေအဲန်ယူ ဗဟိုဌာနချုပ်၏ သဘောထားကို အများသိအောင် ထုတ်ပြန်ကြေ ညာခြင်း၊ ကေအဲန်ယူ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်းများအပြင် ဖော်ပြပါခေါင်းဆောင်များကို ထုတ်ပယ်ခြင်း၊ ယာယီ အစားထိုးခြင်း စသည်တို့ဖြစ်သည်ဟု သိရသည်။
စက်တင်ဘာလ ၂၉ရက်နေ့က ဖားအံမြို့တွင် KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့်လှစ်ပြီးနောက် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုဒေး ဗစ်ထောတို့မှာ ရန်ကုန်ရှိ Peace Center သို့ သွားရောက်ခဲ့ပြီး စစ်ဦးစီးချုပ်အနေဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာပါက ခေါင်းဆောင်များအကြားရှိ ပြဿနာများကို ညှိနှိုင်းပြောဆို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းနှင့်တွေ့ဆုံခဲ့သည့် ရန်ကုန်မြို့ရှိ ကရင် အမျိုးသမီးတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်အခြေစိုက် တပ်မ(၇၇)မှ စစ်ဖက်ဆိုင်ရာ အရာရှိများကလည်း ကေအဲန်ယူခေါင်းဆောင်အတွင်း ဖြစ်ပွားနေသည့် ကိစ္စများ နှင့် ပတ်သက်၍ စုံစမ်းမှုများ လုပ်ဆောင်နေသလို ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(Karen People Party-KPP)မှလည်း ၎င်းတို့၏ သဘောထားကို ယမန်နေ့(စက်တင်ဘာ ၄ရက်)က ကေအဲန်ယူထံ အသိပေးစာ ပို့ခဲ့သည်။
KPP ပေးစာတွင် “လက်ရှိအချိန်ဟာ ကျွန်ုပ်တို့ ကရင်အမျိုးသားများ စည်းလုံးညီညွှတ်ရေးအတွက် အရေးကြီးတဲ့အချိန်ဖြစ်တယ်။ ယခင် ဘိုးဘွားများ၏ စကားပုံတခုအရ “ပဟူးပဖို၊ ပဖိုပဖို့” စည်းလုံးမှ ညီညွှတ်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ စိတ်ဝမ်းကွဲပြီး “ချုံတချုံ သမင်တစ် ကောင်”လိုမျိုး နေမယ်ဆိုရင် ပျက်စီးတဲ့ဘက်ကို ရောက်မှာသေချာတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရရှိဖို့ ဝိုင်းဝန်းကြိုးပမ်းနေစဉ်အတွင်း ကျွန်ုပ်တို့ ကရင်အမျိုးသားအားလုံး ချစ်ခြင်းမေတ္တာ၊ စည်းလုံးညီညွှတ်မှုနှင့် စိတ်တူကိုယ်တူဖြစ်ရေးအပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ပေါ် ထွန်းလာစေရန်အတွက် ဝိုင်းဝန်းပြီး နည်းလမ်းရှာဖွေကြဖို့ KPP နဲ့ ရန်ကုန်မြို့ရှိ ကရင်အမျိုးသားများက မျှော်လင့်ကြောင်း” ပါရှိသည်။
လက်ရှိ ကေအဲန်ယူ ခေါင်းဆောင်များ၏ အခြေအနေနှင့် ပတ်သက်၍ တပ်မဟာ၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ ခေါင်းဆောင်အချို့က ယင်းသို့ ထုတ်ပယ်သည့် ဆုံးဖြတ်ချက်မှာ မူအရဖြစ်သော်လည်း ပြင်းထန်လွန်းကြောင်းနှင့် မျက်နှာချင်းဆိုင် ညှိနှိုင်းပြောဆိုမှုကို အချိန်အနည်းငယ် ယူကာ လုပ်ဆောင်ရင်း ဖြေရှင်းသင့်ကြောင်း ပြောဆိုမှုများ ရှိသည်။
ကွန်ဂရက်(ညီလာခံ)ကို လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)သည် ယခုလ ဒုတိယပတ်တွင် လေးနှစ်တာ အမြဲတမ်း ဗဟိုကော်မတီ အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ၁၅ကြိမ်မြောက် ကွန်ဂရက်ကိုပါ တစ်ဆက် တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကေအဲန်ယူသည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်မှ ၁၅ရက်နေ့အထိတစ်ကြိမ်။ ဧပြီလ ၄ရက်မှ ၁၁ရက်နေ့အထိတစ်ကြိမ်၊ စက်တင်ဘာ လ ၃ရက်နှင့် ၄ရက်နေ့များတွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်များနှင့် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးကာ လက်မှတ်ရေးထိုး သဘောတူညီချက်များထဲတွင် နှစ်ဖက် အပြန်အ လှန် ဆက်သွယ်နိုင်ရန်အတွက် ကေအဲန်ယူအနေဖြင့် ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားမည်ဟူ၍လည်း ပါရှိသည်။
အလားတူ စက်တင်ဘာလ ၂၇ရက်နေ့က ထုတ်ပြန်သည့် ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ကြေညာချက်အဆုံးတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ခိုင်မာစွာ ဆုံးဖြတ်ထားသည့်အတွက် တွေ့ဆုံဆွေးနွေးရေး အစီအစဉ်များ ကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားရန် ချမှတ်ထားပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

http://www.kicnews.org/?p=13573

October 4, 2012

အပစ်အခတ် ရပ်စဲရေး၏ အနှစ်သာရကို KNU ရင်ဆိုင်ရ


KMU_problemကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်တန်း ခေါင်းဆောင် (၃) ဦးအား တာဝန်မှ ရပ်စဲ လိုက်ရခြင်းသည် KNU နှင့် အစိုးရ တို့၏ အပစ်ခတ် ရပ်စဲရေး အနှစ် သာရကို စတင် ခံစားလိုက်ရပြီး ဖြစ်သည်ဟု ဗဟို ကော်ဝင်လည်းဖြစ် ခရိုင် အတွင်း ရေးမှူး တဦး ဖြစ်သူက ဆိုပါသည်။
“ ဒါကမ ဖြစ်သင့် တာကို လုပ်လိုက်တာပါ။ KNU ဗဟို အထွေထွေ အတွင်း ရေးမှူးမှာ တာဝန် ရှိပါတယ်။ ဒီလို လုပ်လိုက်ရင် ဘယ်လိုဖြစ်သွား မလဲ ဆိုတာ စဉ်းစား မတတ်လို့သာ ဖြစ်တာပါ။ ဒါဟာ KNU အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်လိုက်တဲ့ သဘော ပါဘဲ။ ကျနော် သိသလောက် ဆိုရင် အများ ဆန္ဒနဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး။ မလုပ်တတ်ရင်ကွဲ မထိုင်တတ်ရင်ပြဲ ဆိုသလိုပါဘဲ” ဟု ဆိုပါသည်။
ယခုကဲ့သို့ အရေး ယူရခြင်းသည် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်ပြီး KNU ၏ ဖါးအံ ဆက်ဆံရေး ဖွင့်ပွဲ အစီစဉ် ကို ဗဟိုက မသိသဖြင့် အရေးယူ ရခြင်း ဖြစ်ဖွယ် ရှိကြောင်း ထုတ်ပြန်ကြေညာချက် အရ သိရပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2173------knla-.html

 KNU မှ ထုတ်ပယ် လိုက်သည့် ခေါင်းဆောင်များမှာ KNU ၏ စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗဟို တရားရေး ဥက္ကဌ နှင့် အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုဒေးဗစ်ထောနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဌာန တာဝန်ခံ ပဒို ရောဂျာခင်တို့ ဖြစ်ပါသည်။ ဤနေရာကို အစားထိုးမည့် သူများမှာ စစ်ဦးစီးချုပ် နေရာ၌ တပ်မဟာမှူး (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲဖြစ်ပြီး ပဒိုစောရော်ဂျာခင် နေရာတွင် ဗဒို အယ်ကလူရွှေဦးအား ခန့်အပ်မည် ဖြစ်သည်ဟု KNU ခရိုင် အတွင်း ရေးမှူး တဦးက ဆိုပါသည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စသည် KNU ကို ဤအဖြစ်သို့ တွန်းပို့ စေခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဧပြီလက ဖါးအံမြို့၌ စတင် ဆွေးနွေးစဉ် ကပင်၊ ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုးက ဦးဆောင်ခဲ့ပါသည်။ ထိုအချိန် ကတည်းက အပစ်အခတ် ရပ်စဲရေးအတွက် မူအားဖြင့်သဘောတူ လက်မှတ်ထိုး ခဲ့သည့်ကို KNU ဗဟိုက လက်မခံခဲ့ပေ။ ဤကိစ္စ၌လည်း အတော်ပင် ညှိနှိုင်းခဲ့ရ သည်ဟု ဗဟို ကော်မီတီဝင် တဦးက ဆိုပါသည်။
KNU အထွေအထွေ အတွင်းရေးမှူး ဦးဆောင်ကာ အစိုးရနှင့် (၃) ကြိမ်တိုင် ဆွေးနွေး ခဲ့ပြီး ဖြစ်သော်လည်း တပ်နေရာ ချရေး ကိစ္စကို ယနေ့အထိ မဆောင်ရွက်နိုင်သေးပေ။ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးသည်လည်း အစိုးရနှင့် စတင် ဆွေးနွေး ကတည်းက သဘောတူ ထားခဲ့သည့် ကိစ္စဖြစ်ပါသည်။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ ဆက်ဆံရေး ရုံးကို အထွေထွေ အတွင်းရေးမှူး အဖွဲ့က ဦးဆောင် ဖွင့်လှစ် ခဲ့ပြီး၊ ဘုရားသုံးဆူမြို့ ၊ မြဝတီနှင့် ဖါးအံမြို့ ဆက်ဆံရေး ရုံးကိုမူ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဦးဆောင် ဖွင့်လှစ်ခဲ့ပါသည်။
ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး ကိစ္စတခုကြောင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ကို အရေးယူခြင်း မဟုတ်ဟု ဗဟို ကော်မီတီဝင် တဦးက ဆိုပါသည်။ ဤပြသနာသည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပသော (14) ကြိမ်မြောက် KNU ကွန်ဂရက်က စတင်ခဲ့ သည်ဟု ဆိုရပေမည်။ ကွန်ဂရက်ကျင်းပရာ၌ ကိုယ်စားလှယ်များ ရွေးချယ်ခြင်း၊ ၄င်းကိုယ်စားလှယ်များဖြင့် ရွေးကောက်ပွဲကို တဖက်သတ် အနိုင်ယူသည့် ကိစ္စများ ရှိခဲ့ရာက မကြေမနပ် ဖြစ်ပွား လာခဲ့သည်ဟု ညီလာခံ တက်ရောက် ခဲ့သူ တဦးက ဆိုပါသည်။
U_Aung_Min_03KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၏ ပြည်တွင်း ငြိမ်းချမ်းရေး ခရီးစဉ် တခု
ဤသို့ကြောင့် ၂၀၁၂ ခုနှစ်ဆန်းပိုင်းတွင် အထွေထွေ အတွင်းရေးမှူးတို့က အရေးပေါ် ဗဟို ကော်မီတီ ကျင်းပရေးကို ၂ ကြိမ်တိုင် ခေါ်ယူလိုသော်လည်း KNLA တပ်ဖွဲ့များနှင့် ခရိုင် တာဝန်ခံများက သပိတ်မှောက် သဖြင့် မကျင်းပနိုင်ခဲ့ပေ။ ဤသို့ ဖြစ်လာ ခဲ့ခြင်းကြောင့် KNU အထွေထွေ အတွင်းရေးမှူးတို့ အုပ်စုသည် KNU ခရိုင် အုပ်ချုပ်ရေး အဖွဲ့တွင်းနှင့် KNLA တပ်ဖွဲ့ အတွင်းသို့ သူ့လူငါ့လူ အစားထိုးရေး ဖြစ်လာခဲ့ရာက တဖက်နှင့် တဖက် မကြေနပ်မှုများ တိုးပြီး ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။
ဤသို့သော အခြေအနေမှ စတင်ပြီး ယခုလို ပေါက်ကွဲ လာခြင်း ဖြစ်သည်ဟု KNU ဗဟို ကော်မီတီဝင် တဦးက ဆိုပါသည်။ KNU သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားပါသည်။ ဤအတွင်းရေး အခြေအနေကိုလည်း  အစိုးရမှ သိရှိထားသဖြင့် ထိုအားနည်းချက်ကို သုံးပြီး KNU အား ထိုးခွဲလိုက်ခြင်း ဖြစ်သည်ဟု အောက်ခြေ တပ်မှူးများက ယူဆနေပါသည်။
ဤသို့ကြောင့် ယခု အရေးကိစ္စ၌ လက်ရှိ KNU ခေါင်းဆောင်များတွင် တာဝန်ရှိပြီး ဤကိစ္စ ဖြေရှင်းပေးရန် အနီးဆုံး ဗဟို ကော်မီတီ အစည်းအဝေး တခုခု အမြန် ခေါ်ယူကျင်းပရန် လိုအပ်ကြောင်း အောက်ခြေ တပ်မှူးများက တောင်းဆို နေကြပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2191--knu-.html

October 1, 2012

စစ်ဦးစီးချုပ်နှင့် သဘောထား ကွဲလွဲမှု မဟုတ်ကြောင်း KNU ပြော

စံခလပူရီ (မဇ္စျိမ)။   ။ ကရင်ပြည်နယ်၊ ဘားအံမြို့၌ စက်တင်ဘာလ ၂၉ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံးအား KNU နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဗဟို
စစ်ဌာနချုပ်အား အသိမပေးဘဲ စစ်ဦးစီးချုပ်က သွားရောက်ဖွင့်လှစ်ခဲ့ခြင်းသည် အဖွဲ့တွင်း သဘောထားကွဲလွဲမှု မဟုတ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး က ပြောသည်။

“အဲဒီကိစ္စက KNU နဲ့ KNLA စစ်ဦးစီးချုပ် သဘောထားနှစ်ခု ကွဲတာတော့ မဟုတ်ဘူး။ ဖြစ်တာကတော့ စစ်ဦးစီး
ချုပ်က ဘားအံမှာ ဗဟို ဆက်သွယ်ရေးရုံး သွားဖွင့်တာကတော့ ဗဟိုဌာနချုပ်က မသိတာကိုပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ စုပေါင်းခေါင်းဆောင်မှု ပုံစံ ဆိုရင် အဲဒါ မဖြစ်သင့်ဘူး။ အဲဒါကိုတော့ ဘယ်လိုလုပ်ရမယ်
ဆိုတာ အဖွဲ့အစည်းမှာ ပြန်လည်ဆွေးနွေးပြီး အဖွဲ့အစည်း ဆုံးဖြတ်ချက်အတိုင်း ကိုင်တွယ် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု နော်စီဖိုးရာစိန် က မဇ္စျိမကို ပြောသည်။

အငြင်းပွားဖွယ်ရာ ထို ဆက်သွယ်ရေးရုံးအား ဘားအံမြို့ အမှတ် (၄) ရပ်ကွက်၌ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နှင့် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့က ဦးဆောင်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍ KNU ဗဟိုဌာနချုပ်၏ သဘောထား ကြေညာချက် တစောင်ကိုလည်း မူတူးစေးဖိုးနှင့် ဦးအောင်မင်းတို့ ဘားအံ၌ တွေ့ဆုံခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည် ခရိုင်၊ တပ်မဟာ အချို့မှ ခေါင်းဆောင် အချို့ကို ခေါ်ဆောင်ပြီး အဖွဲ့ဝင် ၃၁ ဦးဖြင့်
မြန်မာအစိုးရနှင့် တွေ့ဆုံရန် ဖားအံသို့ ထွက်ခွာသွားပြီး ဗဟိုအဆင့် ဆက်သွယ်ရေး ရုံးအား ၂၉ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ထုတ်ပြန် ကြေညာချက်၌ ဖော်ပြပါရှိသည်။

စစ်ဦးချုပ်၏ လုပ်ဟန်သည် ပါတီမှ သဘောတူ ချမှတ်ထားသည့် ဆုံးဖြတ်ချက်အား ချိုးဖောက်ရာ ရောက်သည်ဟု အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် က ဆိုသည်။

“KNU နဲ့ အစိုးရတို့ နောက်တခေါက် တွေ့ပြီးရင် ဗဟိုအဆင့် ဆက်သွယ်ရေးရုံး ဖွင့်ဖို့ သဘောထားတော့ ရှိတယ်။ အခုလို စောပြီး ဖွင့်လိုက်တဲ့အတွက် ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို ကျော်လွန် လုပ်ဆောင်သလို ဖြစ်နေတယ်လေ။
နောက်တခုက သတင်းတွေမှာ ထွက်နေသလို ဆက်ဆံရေးကို KNLA နဲ့ KNU ခွဲပြီး ဖွင့်တာ မရှိဘူး” ဟု ပြော
သည်။

အစိုးရ အနေနှင့် စောစီးစွာ ဖွင့်စေလိုပြီး ဆက်သွယ်ရေးများနှင့် နောက် လုပ်စရာရှိသည် တို့ကိုလည်း
မြန်မြန်ဆန်ဆန် လုပ်နိုင်ပါလိမ့်မည်ဟု အဆိုပါ ရုံးဖွင့်ပွဲတွင် ဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်။

ဤကိစ္စကြောင့် အဖွဲ့တွင်း ညီညွတ်ရေးကို မထိခိုက်စေလိုကြောင်း KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ၊ ဗဟိုကော်မီတီဝင် ဗဒို အောင်မော်အေး က ပြောသည်။

“ဗဟိုဆက်သွယ်ရေးရုံး သွားဖွင့်တော့ အဖွဲ့အစည်းကြား ကောင်းကောင်း ပြန်မညှိ နိုင်ရင်တော့ အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တာပေါ့။ ရည်မှန်းချက် တူပေမယ့် ချဉ်းကပ်ပုံ မတူလို့ ဖြစ်သွားတဲ့ အနေအထားတော့ ရှိတယ်။ အခု ပြဿနာက ခရိုင်တပ်မဟာ ပြဿနာ မဟုတ်ဘူး။ ဗဟို အလုပ်မှုဆောင်
ကော်မတီရဲ့ ပြဿနာပဲ။ အရေးယူဖို့ကတော့ ကျနော်တို့ မတောင်း ဆိုပါဘူး။ ဒီလို ဖြစ်သွားတဲ့ အပေါ်မှာ တယောက်နဲ့ တယောက် ပြန်လည်ညှိနှိုင်းကြဖို့ ဗဟိုကော်မီတီကို တောင်းဆိုချင်တယ်” ဟု မဇ္စျိမကို ပြောသည်။

သို့သော်လည်း စစ်ဦးစီးချုပ်၏ ယခုလုပ်ရပ်သည် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည့် သက်ရောက်မှုမျိုး ရှိလိမ့်မည် မဟုတ်ဟု KNU မှ သုံးသပ်ထားကြောင်း နော်စီ ဖိုးရာစိန် က ဆိုသည်။

စနေနေ့က ပြုလုပ်သည့် ၎င်း ရုံးဖွင့်ပွဲသို့ အစိုးရမှဘက်မှ ပြည်ထောင်စု သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ မြန်မာ EGRESS မှ ဦးတင်မောင်သန်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော် ကော်မရှင် ဥက္ကဋ္ဌ
စောအောင်ကျော်မင်း အပါအဝင် ဌာနဆိုင်ရာ အရာရှိများ တက်ရောက်ခဲ့ကြသည်။

ထို့အတူ KNU ဘက်မှ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ အတွင်းရေးမှူး (၂) ပဒိုဒေးဗစ်ထော၊ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ မော်လမြိုင် (ဒူးပလာယာ) ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း အပါအဝင် KNLA တပ်ဖက် အရာရှိအချို့နှင့် ပရိသတ် ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ယခင်ကလည်း အတွင်းရေးမှူး (၂) ဗဒို ဒေးဗစ်ထော၏ မီဒီယာ အင်တာဗျူး တခု၌ အဖွဲ့အစည်း ဂုဏ်သိက္ခာအား ထိခိုက်ကျဆင်းစေခြင်းနှင့် သတင်း အချက်အလက် အချို့ လွဲမှားဖြေကြားခဲ့သည့်အတွက် ၎င်းအား KNU ဗဟိုမှ
ခေါ်ယူ၍ သတိပေးခဲ့မှုမျိုး ရှိခဲ့ဖူးသည်။

http://www.mizzimaburmese.com/news/inside-burma/10185-----knu-.html

KNU နှင့် KNLA မကွဲ၊ ခေါင်းဆောင်ပိုင်း ပြဿ နာများရှိဟု အထွေထွေ အတွင်းရေးမှူး ပြောကြား

အောက်တိုဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)အကြား ကွဲနေပြီဆိုသည့် ကောလဟလများ မှန်ကန်မှုမရှိကြောင်းနှင့်လတ်တလောဖြစ်နေသည့် ပြဿ နာမှာ ခေါင်းဆောင်မှုအတွင်း သဘောထားကွဲ ပြားခြင်းသာ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ကေအိုင်စီ သို့ ပြောကြားလိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၂၉ရက်နေ့က KNLA မှ ဆက်ဆံရေးရုံး ဖွင့်လှစ်သည့်ကိစ္စကို KNU ၏ သဘော ဆန္ဒမပါကြောင်း ရက်ပိုင်းအတွင်းက KNU က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပြီးနောက်ပိုင်း KNU အထွေထွေ အတွင်းရေးမှူး က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
နော်စီဖိုးရာစိန်က “အခုကြားနေရသလိုမျိုး KNU နဲ့ KNLA သဘောထား ကွဲလွဲတယ်ဆိုတာမျိုး မဟုတ်ဘူးဆိုတာကိုပဲ ပြည်သူ လူထုသိအောင် ပြောချင်ပါတယ်။ အဓိကတော့ ခေါင်းဆောင်ပိုင်းက ပြဿနာဖြစ်တာမျိုးပါပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် ကျမတို့ ရှေ့ ဆက်လုပ်ရမယ့်လုပ်ငန်းတွေ၊ လုပ်စရာရှိတာတွေကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ပြီး လုပ်ဆောင်သွားကြမှာပါ”ဟု ပြောသည်။
ဖားအံမြို့၌ ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ရာတွင် ပါသွားခဲ့သူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA တပ် မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီကလည်း ယခုလို ပြောသည်။
၎င်းက “ခုချိန်မှာ အထက်အမိန့်အရ လိုက်လုပ်နေရတာပဲ။ နှစ်ဖက်စလုံးကြည့်ရင် ကျနော်တို့ ခေါင်းဆောင်တွေချည်းပါပဲ။ လက် ရှိအခြေအနေက ခေါင်းဆောင်တွေ ပြဿနာပဲမို့ သူတို့တွေ အချင်းချင်း မျက်နှာချင်းဆိုင် ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်း သွားနိုင်ရင် အကောင်းဆုံးပေါ့။ ဒီအတွက် ကျနော်တို့လည်း တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ဆောင်ရမှာပဲ”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
“တကယ်တော့ ဖားအံ ဆက်ဆံရေးရုံးက (လခသ)ဗဟိုရုံးအနေနဲ့ မဟုတ်ပါဘူး။ KNLA တပ်မဟာများ ဆက်ဆံရေးရုံးအနေနဲ့ ဖွင့်တာပါ။ ရည်ရွယ်ချက်ကတော့ အပစ်အခတ်ရပ်စဲရေးကာလမှာ အောက်ခြေက မတော်တဆဖြစ်တာတွေကို ဖြေရှင်းဖို့၊ နား လည်မှု ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ပါပဲ။ ဒါတွေပြီးမှသာ နိုင်ငံရေးစကားပြောမဲ့ ခေါင်းဆောင်တွေက အေးအေးဆေးဆေး ဆွေးနွေးလို့ရမယ်။ အဲဒီအခါကျရင် တပ်တွေက ၀င်ပါဖို့ မလိုတော့ဘူးလေ”ဟု ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။
မြန်မာအစိုးရနှင့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အချိန်မှစ၍ နှစ်ဖက် အပြန်အ လှန် ဆက်ဆံရေးရုံးများကို KNU အနေဖြင့် ဖွင့်လှစ်ခြင်းမျိုးသာ သဘောတူညီချက်ရှိခဲ့ပြီး သတ်မှတ်ချက်အရ KNU ခရိုင်အဆင့် မှ ဗဟိုအဆင့်ထိ တပ်ကိစ္စများအပြင် အုပ်ချုပ်ရေး၊ လူမှုရေးနှင့် အခြားကိစ္စများကိုပါ နှစ်ဖက် ဆွေးနွေးသွားရန်ဖြစ်ကြောင်း နော် စီဖိုးရာစိန်က ဆိုသည်။
ယင်းဖားအံမြို့ ဆက်ဆံရေးရုံးကို ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောဒေးဗစ်ထောနှင့် ပဒိုစောရောဂျာခင်တို့ အပါအဝင် ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ်ဆာမိစေးဖိုး၊ ဗိုလ်မှူးချုပ်ဂျော်နီတို့နှင့်အတူ အခြားအရပ်ဖက်၊ တပ်ဖက်ခေါင်းဆောင်များ သွားရောက်ဖွင့်လှစ်ခဲ့ကြရာ ၎င်းမှာ ဗဟိုဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှု မဟုတ်ဟု စက်တင်ဘာလ ၂၇ရက်နေ့က KNU မှ ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိအချိန်တွင် တပ်မဟာမှူးများနှင့် ခရိုင်ခေါင်းဆောင်အချို့သာ နယ်စပ်သို့ပြန်လည်ရောက်ရှိလာပြီး ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး တို့မှာ ရန်ကုန်သို့ ရောက်ရှိနေသည်ဟု ပြည်တွင်းသတင်းထောက်များ၏ ပြောပြချက်အရ သိရသည်။ ၎င်းတို့ ပြန်လည်ရောက်ရှိ လာပါက ဆွေးနွေးတိုင်ပင်မှုများကို ဆက်လက် ပြုလုပ်သွားမည်ဟုလည်း KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။
လက်နက်ကိုင်တော်လှန်ရေးသက်တမ်း ၆၃နှစ်ကျော်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)သည် ၎င်းတို့၏ ၁၅ကြိမ် မြောက် ညီလာခံကို ယခု အောက်တိုဘာလအတွင်း ကျင်းပသွားရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

http://www.kicnews.org/?p=13531

September 29, 2012

ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ

KNU အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဟာ ဘားအံမြို့မှာ ဗဟို ဆက်ဆံရေး ရုံးဖွင့်ဖို့ ထွက်ခွာ သွားတာဟာ KNU ဗဟိုရဲ့ ဆုံးဖြတ်ချက် မပါဘဲ သွားရောက် တာ ဖြစ်တယ်ဆိုတဲ့ ကြေညာချက်ထွက် ပေါ်လာပါတယ်။
KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦး ရှိတဲ့ အထဲက ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုဒေးဗစ်ထောနဲ့ ပဒိုရောဂျာ တို့ သုံးဦးဟာ သူတို့ သဘောနဲ့ သူတို့ လုပ်ဆောင်သွားတာ ဖြစ်တယ်လို့ KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေ က ဘီဘီစီကို ပြောပါတယ်။
ဒါဟာ စုပေါင်း ခေါင်းဆောင်မှုနဲ့ ဗဟိုက ချမှတ်ထားတဲ့ အစည်းအဝေး ဆုံးဖြတ်ချက် တွေကို အလေးမထားပဲ လုပ်ဆောင်တာ ဖြစ်လို့ အရေးယူဖို့ ကိစ္စကိုတော့ စဉ်းစား ဆွေးနွေးဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးစောလှငွေက ပြောပါတယ်။
KNU အဖွဲ့အစည်းမှာ ၄ နှစ် တကြိမ်ပြုလုပ်တဲ့ ကွန်ဂရက်က အမြင့်ဆုံး အာဏာပိုင် ဖြစ်ပြီး၊ အဲဒီ ကွန်ဂရက် ရွေးချယ် တင်မြောက် လိုက်တဲ့ ဗဟို ကော်မတီဝင် ၄၅ ဦးဟာ နိုင်ငံရေး စစ်ရေး အတွက် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်တယ်လို့ သူကပြောပါတယ်။
ဗဟိုကော်မတီ အစည်းအဝေးကို တနှစ်တကြိမ် ပုံမှန် ပြုလုပ်ပြီး ဗဟို ကော်မတီ ဝင်တွေ မအားလပ်တဲ့ အချိန်မှာ ၁၁ ဦး ပါဝင်တဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီ EC ကို တာဝန် လွှဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။


http://www.bbc.co.uk/burmese/burma/2012/09/120928_knu_knla.shtml


- ဆက်ဆံရေးရုံးကိစ္စ KNU သဘောကွဲ click
- KNLA စစ်ဦးစီးချုပ်၏ ဖားအံခရီးစဉ် KNU ဌာနချုပ်၏ အစီအစဉ်မဟုတ် click
- ဘားအံမြို့တွင် ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုက စီစဉ်ခြင်းမဟုတ်ဟု ကေအန်ယူ ထုတ်ပြန် click
- ဘားအံမြို့ ဗဟိုအဆင့် ဆက်သွယ်ရေးရုံး ဖွင့်ရန် KNU သဘောမတူနိုင်သေးပါ click
- ဖားအံတွင် ဖွင့်မည့် ဆက်ဆံရေးရုံးမှာ ဗဟိုဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု KNU ကြေညာချက်ထုတ် click
- ဖားအံဆက်ဆံရေးရုံး ကေအဲန်အယ်လ်အေ အနေဖြင့် ဖွင့်လှစ်မည် click
http://drlunswe.blogspot.com/

September 4, 2012

ဖားအံ့မြို့တွင် ဆွေးနွေးနေဆဲဖြစ်သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့်အစိုးရတို့၏ တတိယအကြိမ်မြောက်ဆွေးနွေးပွဲ (ရုပ်သံ)


ဖားအံ့မြို့တွင် ဆွေးနွေးနေဆဲဖြစ်သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့်အစိုးရတို့၏ တတိယအကြိမ်မြောက်ဆွေးနွေးပွဲ (ရုပ်သံ)












http://karenwantpeace.blogspot.com/

September 2, 2012

ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များတွေ့ဆုံပွဲ (၂/၉/၂၀၁၂)



ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များတွေ့ဆုံပွဲ (၂/၉/၂၀၁၂)


Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India