ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုကြောင့် ကရင်အမျိုးသားအစည်းအရုံးမှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်နှင့် ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းတို့ ပါဝင်သော အဖွဲ့သည် ကြာသပတေးနေ့ နံနက်ပိုင်းအတွင် နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်သည်။
KNU ခေါင်းဆောင်များ၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် “တိုင်းရင်းသားဒေသများတွင်
ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပါယ် ပြည့်ဝသော ငြိမ်းချမ်းရေးဆွေးနွေးမှု ရောက်ရှိနိုင်ရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်း” ဖေါ်ပြပါရှိသည်။
တွေ့ဆုံဆွေးနွေးမှုများကို အဖွဲ့အတွင်း ပြန်လည် ဆွေးနွေးညှိနိုင်းခြင်းနှင့် ပြည်သူလူထုများအတွင်း ထုတ်ပြန်သွား
မည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။
နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရအဆက်ဆက် လက်နက်ကိုင်တော်လှန်ခဲ့သော KNU သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/10682--knu----.html