
Wednesday, January 02, 2013

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ ဥက္ကဌသစ် စောမူတူး
စေးဖိုးနဲ့ အဖွဲ့ဟာ နေပြည်တော် ကို အခု ရက်ပိုင်း သွားရောက် ပြီး၊ သမ္မတ
ဦးသိန်းစိန် နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ ကရင်
အမျိုးသား အစည်းအရုံး ဥက္ကဌသစ် မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ လာရောက်မှာ
ဖြစ်ပြီး၊ ဇန်နဝါရီ ၃ရက် နေ့ မှာ ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်တယ်လို့ သမ္မတ
ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဘီဘီစီ ကို ပြောပါတယ်။
ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ ဇန်နဝါရီလ ၄
ရက်နေ့ လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ဖို့ ရှိတယ်လို့လည်း ကေအန်ယူ ဗဟို
အလုပ်မှုဆောင် အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။
သမ္မတနဲ့ တွေ့ဆုံမယ့် ရက်နဲ့ ဆွေးနွေးမယ့်
အကြောင်း အရာတွေ ကိုတော့ အတိ အကျ မသိရ သေးဘဲ စီစဉ် နေဆဲ ဖြစ်တယ်လို့
ငြိမ်းချမ်းရေး အကျိုးဆောင် တဦး က ပြောပါတယ်။
သမ္မတနဲ့ တွေ့ ဖြစ်မယ်
ဆိုရင်တော့ ကေအန်ယူ အနေနဲ့ ဒါဟာ ဒုတိယ အကြိမ် တွေ့ဆုံတာ ဖြစ်ပြီး၊
ငြိမ်းချမ်းရေး အတွက် တိုးတက် မှုတွေ ရှိနိုင် တယ်လို့ မျှော်လင့် စရာ
အကြောင်း ရှိပါတယ်။
http://www.bbc.co.uk/burmese/burma/2013/01/130102_kun_meet_thein_sein.shtml
Posted in: KNU,ကရင်,ကရင်တွေ့ဆုံဆွေးနွေးမှု,တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook