“အားလုံး ၄ ယောက်ဟုတ်တယ်။ ၁ ယောက်က ချက်ချင်းသေသွားပြီး ၃ ယောက်ကိုတော့ မြစ်ကြီးနား ဆေးရုံးကို ပို့တဲ့ချိန် လမ်းမှာ ၁ ယောက်သေသွားတယ်။ ပြီးတော့ ဆေးရုံရောက်ပြီး ၁ ပြန်သေသွားတယ််။ အခု ၁ ယောက်က မြစ်ကြီးနားဆေးရုံမှာ ဆေးကုနေတယ်။” ဟု မျက်မြင် ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
ထိုနယ်မြေများသည် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်များ နှစ်ဖက်လှုပ်ရှားနယ်မြေများဖြစ်သော်လည်း မည်သို့ပေါက်ကွဲခဲ့ခြင်းကိုမူ ဒေသခံများမသိပေ။
သို့သော် ထိုသို့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါမြန်မာအစိုးရတပ်သည် နန်ဇော်ယန်ဘက်သို့ တောင်ယာလုပ်ကိုင်နေသော ဒေသခံများအား စွပ်စွဲပြီး ယခုချိန်တောင်ယာ၊ လယ်ယာများရိတ်သိမ်းခွင့် ပိတ်ပင်ထားကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
လယ်ယာစပါးများဖြင့် အဓိကအသက်မွေးဝမ်းကျောင်းနေသော ဒေသခံများအား ယခုလိုပိတ်ပင်ထားသောကြောင့် ဒေသခံများအတွက် စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း တောင်သူတစ်ဦးပြောသည်။
“ကျနော်တို့က လယ်ယာပဲ လုပ်စားနေကြတာ ခုလိုစပါးမရိတ်ရဘူးဆိုရင်တော့ အရမ်းဒုက္ခရောက်တော့မယ်။” ဟု ဝူယန်ဒေသခံတဦးဆိုသည်။
၎င်းနယ်မြေဘက်သို့ လယ်ယာ၊ တောင်ယာများလုပ်ကိုင်သူများသည် အိမ်ခြေ ၅၀ ကျော်ရှိပြီး ဝူယန်၊ လမြန်၊ နမ်ဝါ၊ နန်ဇော်ယန်၊ ဂျန်မာသစ်ကျေးရွာများ ဖြစ်ကြောင်းသိရသည်။
ယခုချိန်အစိုးရတပ်သည် နန်ဇော်ယန်တွင် အင်အား ၂၀၀ ကျော်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများဆိုသည်။
http://www.kachinnews.com/burmese/news/998-%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9%E1%80%80%E1%80%BC%E1%80%B2%E1%80%99%E1%82%88%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-%E1%81%83-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9E-%E1%81%81-%E1%80%A5%E1%80%AE%E1%80%B8-%E1%80%92%E1%80%8F%E1%80%B9%E1%80%9B%E1%80%AC%E1%80%9B.html