၎င်းဒေသတွင် စိုက်ပျိုးထားကြသော စပါးများသည် ပြင်းထန်သော လေတိုက်ခတ်မှုများကြောင့် အကုန်နီးပါးပျက် စီးသွားသည့် အတွက် တောင်ယာ လုပ်ငန်းကို အဓိက မှီခိုအားထားနေရသော ချင်းဒေသခံရွာသားများသည် ယခုနှစ် တွင် တောင်ယာစပါးအနည်းငယ်ရိတ်သိမ်းခဲ့ကြခြင်းဖြစ်သည်။
ကျေးရွာပေါင်း ၁၁ ရွာရှိသည့် ဇာနတ်တောင်ကြောတွင် ၁ ရွာလောက်ကသာ နှစ်ဝက်စာ ဆန်ရေ စပါးရရှိကြပြီး ကျန်သည့် ကျေးရွာများမှာ စပါးတောင် မရ ကြကြောင်း ဇာနတ်တောင်ကျောက ထန်ဇန်း ရွာ သားတဦးကပြောသည်။
“ ကျနော်တို့ရွာက အရင်နှစ်တွေမှာ တောင်ယာစပါးပုံး ၃ သောင်းလောက်ထွက်ရှိလေ့ရှိပေမဲ့ ဒီနှစ် မှာတော့ လေ အရမ်းတိုက်တာနဲ့ စပါးတွေပျက် ကုန်တော့ တရွားလုံးမှ ပုံး ရ၀၀ လောက်ဘဲရကြတယ်’’ ဟု အဆိုပါရွာသားကပြော သည်။
အလားတူ မရာတောင်ကြောတလျှောက်မှာရှိတဲ့ ကျေးရွာပေါင်း ၃၀ လောက်ဟာလည်း ရာသီ ဥတုဖောက် ပြန်မှုကြောင့် ယခုနှစ် စပါးအထွက် နည်းနေကြောင်း ဟားခါးမြို့အခြေစိုက် အပတ်စဉ် ထုတ် ဟားခါးပိုစ့်သတင်း အယ်ဒီတာ လာ အောမ်ပွီးယာက ပြောသည်။
“ တချိူ့ရွာဆိုရင်တော့ တအိမ်မှာ စပါး ၁၀ ပုံး ၁၅ပုံးရရှိကြတယ်၊ အခု စပါးရိုက်သိမ်းပြီးခါစဆိုတော့ သူတို့စားဖို့ကတော့ ကျန် သေးမှာပေါ့ ၊ ဒါပေ မယ့် နှစ်သစ် နွေရာသီ လောက်ဆိုရင်တော့ တော်တော် အခက်ကြုံရမယ့် အခြေအနေရှိပါ တယ် ဘာလို့လည်းဆိုတော့ တရွာလုံး အထွက်နှုန်းက ဒီလို ဆိုးနေတော့’’ ဟု သူကပြောသည်။
ချင်းပြည်နယ်က ချင်းလူမျိူးအများစုသည် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြပြီး နှစ်စဉ်နှစ်တိုင်း တောင် ယာစပါးများစိုက်ပျိူးကာ တစ်နှစ်ပတ်လုံး စားသောက်ရန် စုဆောင်း ထားလေ့ရှိသည်။
သို့သော်လည်း ယခုနှစ်မှာမူ ထန်တလန်မြို့နယ်က ဒေသခံအများစုမှာ ယခုကဲ့သို့ တောင်ယာစပါး အထွက်နည်းခြင်း ကြောင့် တစ်နှစ်ပတ်လုံး စားသောက် ရန် စပါးစုဆောင်းထား နိုင်ခြင်းမရှိကြသည့် အပြင်၊ လာမည့် ၂၀၁၃ ခုနှစ် မိုးရာသီ မတိုင်ခင်တွင် စပါးပြတ်လပ်ဖွယ်ရှိနေသည် ဟားခါးပိုစ့် အယ်ဒီတာက ပြောသည်။
ယခုကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ နှင့် ဒေသတွင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ကွင်းဆင်းလေ့ လာမှု မရှိသေးကြောင်း သိရသည်။
http://khonumthungburmese.org/?p=938