“ဗဟို ကော်မတီ အစည်း အဝေးတွေ လုပ်ပြီးနောက် ကချင် ပြည်သူ လူထု ဆန္ဒ ကောက်ခံဖို့ ရှိသေးတယ်၊ တွေ့ဆုံပွဲက နိုင်ငံရေး တွေ့ဆုံ ပွဲလေ၊ ကျနော်တို့ ကြီးပဲ ပြီးတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတော့ ဒီလ အတွင်းတော့ တွေ့နိုင်မှာ မဟုတ် တော့ဘူး” KIO ဗဟို ကော်မီတီဝင် တစ်ဦးက ဆိုပါသည်။
ထို့ကြောင့် ယခု နိုဝင်ဘာ လအတွင်း KIO နှင့် အစိုးရ ကိုယ်စားလှယ် တို့အကြား နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး နိုင်ရန်မှာ အလားအလာ မရှိတော့ဟု ဆိုနိုင် ပေသည်။
KIO ဘက်က နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး နိုင်ရေးကို လိုလား နေသော်လည်း ဆွေးနွေးပွဲ အမြန် ပေါ်ပေါက် လာရန်မှာ မြန်မာ အစိုးရ၏ စစ်ရေး လှုပ်ရှားမှု အခြေ အနေ အပေါ်နှင့် ကချင်ပြည်သူ လူထု များ၏ အဆုံးအဖြတ်၊ အမြင် သဘောထား များအပေါ်တွင် များစွာ မူတည် သည်ဟု KIO မှ ဆိုပါသည်။
အောက်တိုဘာလ (၃၀) ရက်နေ့တွင် မြန်မာ အစိုးရနှင့် KIO ကချင်ပြည် လွတ်လပ်ရေး အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တရားဝင် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ် ခဲ့ပြီးနောက် နိုဝင်ဘာလ အတွင်း နိုင်ငံရေး အရ ထပ်မံ၍ တွေ့ဆုံ ဆွေးနွေး နိုင်ရန် မြန်မာ အစိုးရ ဘက်မှ ကမ်းလှမ်း ထားခဲ့ပါသည်။ ထိုကိစ္စ အားလည်း KIO ဗဟို ကော်မတီ အစည်းအဝေး တွင်း တင်ပြ ဆွေးနွေး ပြီးနောက် အကြောင်း ပြန်ကြား ပေးမည်ဟု KIO ဘက်မှ ဆိုထား ပါသည်။
နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးကို KIO ဘက်မှ တောင်းဆို ထားသည့် အားလျော်စွာ မြန်မာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေး နိုင်ငံရေး အတွက် တစ်ဖက်၌လည်း အစိုးရ တပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများကို KIO ဘက်မှ ခုခံ နေရပြီး အခြား တဖက်တွင် မည်သည့် အချက်အပေါ် အခြေခံ၍ နိုင်ငံရေး အရ ဆွေးနွေး သွားမည်ကို ပြင်ဆင် နေရ သောကြောင့် နှောင့်နှေး ကြန့်ကြာ နေခြင်း ဖြစ်ကြောင်း ၄င်းဗဟို ကော်မီတီဝင်မှ ဆက်ပြောပါသည်။
“မနေ့က မွန်းလွဲ (၁) နာရီ အချိန် လောက်ပေါ့၊ သူတို့ တပ်ဖွဲ့တွေ ကျနော်တို့ တပ်စခန်း အနီး ချဉ်ကပ် လာတော့ ကျနော်တို့ ဘက်က မိုင်းခွဲ တိုက်လိုက်တယ်။ သူတို့ ပြန်ဆုတ် သွားတော့ တိုက်ပွဲက ရပ်သွားတယ်” ဟု KIA စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ဆိုပါသည်။
လက်ရှိ ကျင်းပနေသည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ဗဟို ကော်မီတီ အစည်းအဝေး ပြီးနောက် ကချင် ပြည်သူ လူထုများ၏ သဘောထား ကောက်ခံ ပြီးမှသာ နှစ်ဖက် တွေ့ဆုံနိုင်ရန်ကို ပြန်လည် ချိန်းဆို နိုင်လိမ့်မည်ဟု KIO ဘက်မှ မျှော်လင့်ကာ အတိ အကျ ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ပေ။
http://www.phophtaw.org/burmese/index.php/news/local-news/2427--------kio-.html