နို၀င်ဘာ ၁၃ ရက်နေ့က စဘောင်းသဲတပ်စခန်းမှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ထိုက် နှင့် အင်အား ၆ ဦးတို့သည် စဘောင်းသဲ- စဘောင်း ပီရွာအကြားတွင် ကျွဲ ရ ကောင်ကို ဖမ်းဆီးသည့် အပြင် ကျွဲပိုင်ရှင်များ၏ နိုင်ငံသား မှတ်ပုံတင်များကို သိမ်း ဆည်းပြီး ငွေဖြင့် ရွေးယူစေခဲ့ခြင်းဖြစ်သည်။
“ ကျွဲ ရ ကောင်အတွက် အိန္ဒိယလုပ် ရူပီး နှစ်သောင်းတန် solar တလုံး၊ ရူပီး ၅ ထောင်တန် Mobile Handset တလုံးနဲ့ ရွေးယူဖို့ဖြစ်တယ်၊ အဲဒါကို စဘောင်းသဲ ရွာ အုပ်ချုပ်ရေးမှူးက အာမခံပေးတယ်” ဟု ကျွဲပိုင်ရှင်က ပြောသည်။
ထို့အပြင် အဆိုပါ အစိုးရစစ်တပ်သည် တခြားတိရိစ္စာန်ပိုင်ရှင်များထံ
ကျွဲပိုင်ရှင်တို့သည် solar ပြားနဲ့ mobile ၀ယ်ယူပါက အမြတ်တပြားတချပ်တောင် ထွက်မှာ မဟုတ်တော့ကြောင်း၊ ၄င်းတို့ခြံပေါက်တိရိစ္ဆာန်တွေကု
“နောက်ထပ် ဖမ်းတဲ့ နွားနောက်တွေကိုတော့ ဘယ်လုပ်ဆက်ဖြစ်သလဲ မသိဘူး၊ ခင်ဗျားတို့ မရာ(ချင်း)တွေ လူလည် လုပ်တယ်ဆိုပြီး ပါးရိုက်သေး တယ်” ဟု ဆက်ပြောသည်။
ယခုနှစ်အတွင်း မတူပီမြို့နယ် မရာဒေသရှိ ချင်းပြည်သူများသည် တနှစ်စာအတွက် တောင်ယာစပါး မထွက်ကြောင်း သိရသည်။
ဗိုလ်မှူးသန်းဇော်ထိုက်နှင့် အဖွဲ့သည် ပြီးခဲ့တဲ့ နို၀င်ဘာ ဒုတိယပတ်အတွင်း ကထစ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး လိုင် လင်းပီ ရွာသို့ ရဟတ် ယာဉ်ဖြင့် ရောက်ရှိလာချိန် လုံခြုံရေးအတွက် တာဝန် ကျစဉ် ယခုကဲ့သို့ တိရိစ္စာန်များအား ဖမ်းဆီး လိုက် ခြင်း ဖြစ်သည်။
“အစိုးရစစ်တပ်တချို့ဟာ ပြည်သူရှေ့မှောက်မှာတော့ လူမှုဆက်ဆံရေးကောင်းသယောင်ယောင်
http://khonumthungburmese.org/?p=927