Sunday, January 20, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်ဒေသဘက်မှာ မြန်မာအစိုးရ စစ်တပ် အနေနဲ့ အပစ်ရပ်ထားမယ် ဆိုပေမယ့် တိုက်ခိုက်မှု တွေ က ပြင်းထန်နေဆဲ ပဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ် လဂျားယန်ဒေသမှာ ထိုးစစ်ဆင်နေတာတွေကို
မနေ့ စနေနေ့ က စလို့ ရပ်ဆိုင်းထားမယ် လို့ အစိုးရ ကြေညာခဲ့ပေမယ့်လည်း
အစိုးရ စစ်တပ် က ဒီကြေညာချက်ကို ချိုးဖေါက်ပြီး အဲဒီ ဒေသတွင်းက
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာ အနီး
ကချင်လွတ်မြောက်ရေး တပ် စခန်း နေရာ တွေကို အဲဒီနေ့ စနေနေ့ ကကော ၊ ဒီနေ့
တနင်္ဂနွေ နေ့ အထိပါ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
မြန်မာ အစိုးရ တပ်ဖွဲ့ တွေဟာ လိုင်ဇာ
အနီးက ကေအိုင်အေ စခန်းကုန်းတွေကို မော်တာတွေ အမြောက်တွေနဲ့
လှမ်းပစ်နေတယ်လို့ လိုင်ဇာ က ဒုက္ခသည် တွေ ကို ကြည့်ရှုစောင့်ရှောက်မှုပေး
နေတဲ့ ကက်သလစ် ဘုန်းတော်ကြီး စတီဗင် ဇော်မင်းလတ် က ဘီဘီစီ ကိုပြောပါတယ်။
ဒေသတွင်း ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်ကလည်း
လိုင်ဇာတဝိုက်မှာ လက်နက်ကြီး သံတွေ ကြားနေရသလို တောင်ကုန်းပေါ်တွေကို
ဝပ်ပြီး တက်လာနေတဲ့ အစိုးရ စစ်သားတွေ ရာပေါင်းများစွာကို တွေ့နေရတယ် လို့
ပြောပါတယ်။
၁၇ နှစ်ကြာ အပစ် အခတ် ရပ်စဲရေး
ပျက်ပြားသွားခဲ့ပြီးနောက်၂ နှစ်နီးပါးကြာလာနေပြီ ဖြစ်တဲ့ ဒီ တိုက်ပွဲတွေ
ကြောင့် လူပေါင်း သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြ ရပါတယ်။
အစိုးရ က အပစ်ရပ်တော့မယ် လို့ ပြောတဲ့အချိန်မှာ
သူတို့ အနေနဲ့ ဒေသခံပြည်သူတွေ နဲ့အတူ ပျော်ရွှင်သွားမိတယ်၊ ဒါပေမယ့်
တကယ်ဖြစ်မလာ ပဲ တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး နဲ့ ပစ်ခတ်မှုတွေ ကြောင့်
ဒေသခံတွေအကြား အစိုးရ အပြောကို မယုံကြည်မှုတွေ အရင်ကထက် ပိုများ လာသလို
ကြောက်ရွံ့ထိပ်လန့်မှုတွေ နဲ့ နေထိုင် နေကြရတယ် လို့ အဆိုပါ ကက်သလစ်
ဘုန်းတော်ကြီး က ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2013/01/130120_kachin_update.shtml
Posted in: ကချင်,ကချင်စစ်ဆင်ရေး,ကချင်တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook