February 13, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရောင်ခြည်သန်းတော့မည် ဦးသိန်းစိန် ပြော


အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့အကြား တိုက်ပွဲများဖြစ်ပွားသည့် ကချင်ပြည်နယ်၌ သေနတ်သံများရပ်စဲပြီး ငြိမ်းချမ်းရေးရောင်ခြည်သန်းတော့မည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော ၆၆ နှစ်မြောက် ပြည် ထောင်စုနေ့ အခမ်းအနား၌ သမ္မတ ဦးသိန်းစိန် က ပြောဆိုလိုက်သည်။
“တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး KIA တဖွဲ့နှင့်သာ ဆွေးနွေး နေဆဲအဖြစ် ကျန်ရှိနေ ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့သည့် ရွှေလီ ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ရရှိ ခဲ့သည့်အတွက် မကြာမီ ကချင်ပြည် နယ်၌ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာတော့မည် ဖြစ်ကြောင်း၊ KIA နှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ် နောက်ပိုင်း မြန်မာ တနိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ကြောင်း”ဟု ဦးသိန်းစိန် က ပြောသည်။
ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးများ နှင့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေသည့်ကြားက ယခုလ ၄ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ Jin Cheng Hotel တွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နှစ်ဘက်ခိုင်မာသည့် စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည် ဖော်နိုင်ရန် သဘောတူညီကြကြောင်း တွေ့ဆုံပွဲအပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
ထို့အပြင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်းများ ထားရှိရေး၊ စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေးနှင့် နောက်တကြိမ် ဆွေးနွေးပွဲ တွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး စသည်တို့ကိုလည်း သဘောတူညီခဲ့ကြသည်။
KIO နှင့် အစိုးရတို့ ယခုလကုန်ပိုင်းတွင် ထပ်မံဆွေးနွေးကြမည်ဖြစ်ကြောင်း တွေ့ဆုံမည့်နေရာ၊ ဆွေးနွေးမည့် အကြောင်း အရာများကို အတိအကျ ထုတ်ပြန်နိုင်ခြင်းမရှိသေးသော်လည်း ယင်းတွေ့ဆုံမည့်ဆွေးနွေးပွဲတွင် အစိုးရဘက်က စစ်ဘက်ဆိုင်ရာ အကြီး အကဲ တချို့ တက်ရောက်မည်ဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။
“မနက်က ဝန်ကြီးဦးအောင်မင်း ရှင်းပြတာကတော့ နောက်တခေါက် KIO နဲ့ဆွေးနွေးတဲ့အခါ တပ်က အရာရှိကြီး တချို့ပါမယ် လို့ ပြောတယ်၊ KIO ဘက်ကတော့ မသိသေးဘူး”ဟု က ဆိုသည်။
ယခုလ ၄ ရက်နေ့က ရွှေလီ ဆွေးနွေးပွဲသည် မျှော်လင့်ထားသည်ထက် အဆင်ပြေခဲ့ကြောင်း ယင်းနောက် တိုက်ပွဲများလည်း သိသိသာသာ လျော့ကျသွားကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။
KIO ၏ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အချက် ၉ ချက်ပါ ပြည်သူလူထုသို့ အသိပေး ကြေညာချက်တွင်လည်း စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်ရန် နှင့် တိုင်းရင်းသားများ အားလုံးအတွက် တန်းတူ ညီမျှမှု၊ ကိုယ်ပိုင် ပြဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေး၍ အဖြေရှာမည် ဖြစ်သည်ဟု ပါရှိသည်။
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အမြန်ရရှိရန် ရည်ရွယ်၍ တပ်မတော်သည် နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ရက်စွဲပါ ညွှန်ကြားချက်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ကြေညာချက် (၃/၂၀၁၃) ပါအတိုင်း မိမိကို ကာကွယ်ခြင်းမှ အပ ပစ်ခတ်တိုက်ခိုက်မှု မပြုရန် အလေးထားလိုက်နာဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ကို ကိုးကား၍ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာကလည်း ဖော်ပြထားသည်။
တနင်္လာနေ့မွန်းလွဲပိုင်းက ဖားကန့်မြို့နယ်၊ ဂျာရားယန် ကျေးရွာအနီး KIA တပ်ရင်း ၆ မှ ဗိုလ်ကြီး လဒွဲ ဦးဆောင်သည့် ၁၀ ဦးပါအဖွဲ့နှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတို့ တွေ့ဆုံခဲ့ရာ ဗိုလ််ကြီးလဒွဲ အဖွဲ့မှ အစိုးရ စစ်ကြောင်းအား လာရောက်နှုတ်ဆက်ခဲ့ပြီး ထွက်ခွာသွားကြောင်း၊ တပ်မတော် အနေဖြင့် ယခုလ ရွှေလီဆွေးနွေးပွဲအပြီး နှစ်ဘက် ပစ်ခတ်မှုများ မဖြစ်ပွားစေရေး ထိန်းသိမ်း လုပ်ဆောင်လျက်ရှိကြောင်းလည်း မြန်မာ့အလင်းက ဆိုသည်။
ယင်းသို့ တွေ့ဆုံမှုများ အပါအဝင် နှစ်ဘက် နောက်ထပ်တွေ့ဆုံဆွေးနွေးရေး အခြေအနေများ၊ နယ်မြေအတွင်း နှစ်ဘက် ဆက်ဆံ ရေး အခြေအနေများ သိနိုင်ရန် ဧရာဝတီက KIO/KIA အဖွဲ့ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။
သို့သော် ကချင်ပြည်နယ်အတွင်း နှစ်ဘက်တိုက်ပွဲများသိသိသာသာ ကျဆင်းသွားပြီး ပစ်ခတ်မှုများ မဖြစ်စေရန် ထိန်းသိမ်းမှုများပင် ရှိကြောင်း ဒေသတွင်း အခြေအနေများကို စောင့်ကြည့်နေသည့် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ဒီတခါကတော့ တိုက်ပွဲတွေ တကယ်လျော့ကျ သွားတာတွေ့ရတယ်၊ သွားရင်းလာရင်း ထိပ်တိုက်တွေ့တာတွေ ရှောင်ပေးတာမျိုးတို့ ပြီးတော့ အမြဲတမ်းနီးကပ်နေတဲ့ ဟာမျိုးမှာ မင်းတို့လည်း မပစ်နဲ့ ငါတို့လည်း မပစ်ဘူးဆိုပြီး ဟိုဘက် ဒီဘက် လှမ်းအော်ပြောကြ တာတို့ အဲဒါမျိုးလေးတွေတော့ ရှိကြတယ်လို့ပြောတယ်”ဟု ဦးဆန်းအောင် က ပြောဆိုသည်။

http://burma.irrawaddy.org/archives/33815
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India