March 6, 2013

သထုံခရိုင် ကေအဲန်ယူ ဆက်ဆံရေး ရုံးဖွင့်ပွဲ မွန်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ တက်ရောက်

မတ်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ သထုံခရိုင်/တပ်မဟာ(၁) ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာ၌ ယနေ့မနက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အစိုးရအဖွဲ့ဝင် ၀န် ကြီးများ တက်ရောက်ခဲ့ကြသည်။
လူပရိဿတ် တစ်ထောင်ခန့် တက်ရောက်ခဲ့ကြသည့် အဆိုပါ ဆက်ဆံရေးရုံး ဖွင့်ပွဲကို အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့နှင့်အတူ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ တပ်မဟာ (၁)မှူး ဗိုလ်မှူးချုပ်စောကျော်လင်းတို့က ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့ကြခြင်း ဖြစ်သည်။
အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးတစ်ဦးအပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ နယ်စပ်ရေးရာလုံခြုံရေး အပါအဝင် အစိုး ရအဖွဲ့ဝင် ၀န်ကြီးများ၊ အနောက် တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် များထဲတွင် ဥက္ကဌအပြင် အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ၊ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့အပြင် ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ကြသည်။
ယနေ့မနက် ၈နာရီမှ နေ့လည် ၁၁နာရီကျော်အထိ ကျင်းပပြီးစီးခဲ့သည့် ယခုရုံးဖွင့်ပွဲကို ဒေသခံ ကရင်တိုင်းရင်းသားများအပြင် ပအိုဝ်းတိုင်းရင်းသားများလည်း ၎င်းတို့၏ ယဉ်ကျေးမှုအကများနှင့် လာရောက်ဖြေဖျော်ခဲ့ကြသည်။
(ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ထိုကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က ကေအဲန်ယူမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် အစိုးရနှင့် အလွတ်သဘော ဆွေးနွေးမည် ဟူသော အချက်တစ်ချက် ဖော်ပြပါရှိသည့်အပေါ် ပဒိုစောကွယ်ထူးဝင်းက ယခုလို ပြောသည်။
“ဒီနေ ့အလွတ်သဘော တွေ ့ဆုံတဲ့အခါ ကရင်ပြည်နယ်အတွင်းမှာ ဟိုတစ်လောက ဖြစ်ပွားခဲ့တဲ့နှစ်ဖက် ပစ်ခတ်မှုတွေနဲ့ ပတ် သက်ပြီး တစ်ဖက်နဲ့တစ်ဖက် ရှင်းပြခဲ့ပါတယ်။ ဒီနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ၀န်ကြီးဦးအောင်မင်းနဲ့ ဦးခင်ရီတို့ မအားလပ်တဲ့အတွက်ကြောင့် မလာနိုင်ဘူး။ သူတို့ပါလာလို့ရှိရင်လည်း ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ ငြိမ်းချမ်းရေး ခိုင်မာအောင်လုပ်ဖို့ ညှိနှိုင်းလို့ ရတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူသည် အစိုးရနှင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီးသည့်နောက် ပိုင်း ဧပြီလမှစ၍ ၎င်းတို့၏ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ခဲ့ရာ ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူ၊ မြဝတီ၊ ဘားအံနှင့် ယခု သထုံမြို့နယ်၊ နောင်ဘိုကျေးရွာတွင် ဆဌမမြောက်ရုံးကို ဖွင့်လှစ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

http://www.kicnews.org/?p=16009
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India