July 29, 2012

ပြည်တော်ပြန်ဖို့ ဦးအောင်မင်း ဖိတ်ခေါ်

by မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ)။ ။ ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် တနင်္လာနေ့က ဖိတ်ခေါ်လိုက်သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်ဟု FDB ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။

အပြင်မှာ ရောက်နေတဲ့လူတွေ တိုင်းပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းလည်း ရောက်နေပြီ၊ နိုင်ငံရေး ပွင့်လင်းမှုလည်း ရှိနေပြီ အဲဒီတော့ ပြည်တွင်းထဲမှာ ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ သမ္မတကြီးလည်း ဖိတ်ခေါ်ထားတယ်ပေါ့။ ပြန်ပြီးလုပ်ကြဖို့ ပြောတယ် ဟု ဒေါက်တာနိုင်အောင်က ပြောသည်။
ထိုသို့ ဖိတ်ခေါ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေသည်သာ အဓိကကျပြီး ထိုအခြေအနေမျိုးကို အစိုးရအနေဖြင့် ပထမဆုံး ဖန်တီးပေးသင့်ကြောင်း ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သို့ တိုက်တွန်းခဲ့သည်ဟု ဒေါက်တာအောင်နိုင်က ဆက်ပြောသည်။

အပြင်မှာ ရောက်နေတဲ့သူတွေကော၊ တောထဲမှာ ရောက်နေတဲ့သူတွေကော ပြည်တွင်းထဲကလူတွေကော စိတ်ချမ်းသာ ကြည်ကြည်နူးနူးနဲ့ နေနိုင်မယ့် အခြခံအုတ်မြစ်တွေကို ချဖို့လိုတယ်။ အဲဒါတွေ ရှိပြီဆိုရင် ဘယ်သူမှလည်း လက်နက်ကိုင် တိုက်မနေတော့ဘူး။ အဲဒါမျိုးဖြစ်ဖို့ အဓိက ကျတယ်ပေါ့။ အဲဒါမျိုး ဆောင်ရွက်စေချင်တယ် ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။
ထို့ပြင် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ရပ်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်ပေးရန်နှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးရန် FDB က တင်ပြတောင်းဆိုခဲ့သည်ဟုလည်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ အတည်ပြုပြီး စာရင်းအရ လက်ရှိ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၁၅ ယောက်ရှိသည်။
အထက်ပါ နိုင်ငံရေးအကျဉ်းသားများ အရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အပေါ်တွင် တည်မှီနေကြောင်းကို "သူတို့ ပြောတာကတော့ အထူးသဖြင့် မတရားသင်းနဲ့ ပတ်သက်တဲ့ လူတွေဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေးတွေ အောင်မြင်တာနဲ့အမျှ မတရားသင်းတွေ ပျက်ပြယ်သွားလို့ရှိရင် မတရားသင်းအမှုနဲ့ လွတ်သွားမှာပဲပေါ့" ဟု ဦးအောင်မင်းက ပြောကြောင်း ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြန်လည်ပြောပြသည်။
FDB ၏ တင်ပြတောင်းဆိုချက်များကို ဦးအောင်မင်း က ဦးသိန်းစိန် အစိုးရထံသို့ ပြန်လည်တင်ပြပေးမည်ဖြစ်ပြီး ကတိကဝတ်များ သဘောတူညီချက်များ မရရှိသေးဟုလည်း သိရသည်။ နောက်ထပ်တွေ့ဆုံမှုကို ကြားဖြတ် ရွေးကောက်ပွဲ ပြီးမှသာ ဖြစ်နိုင်သည်ဟု FDB အဖွဲ့ဝင်များက ခန့်မှန်းထားသည်။

တနင်္လာနေ့ FDB နှင့် ဆွေးနွေးပွဲတွင် ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း တို့လည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ FDB အဖွဲ့မှလည်း ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ မနိုးနိုးထက်စံ၊ ကိုသွင်လင်းအောင်၊ ကိုမင်းနိုင် တို့ တက်ရောက်ခဲ့ကြသည်။

FDB ၏ အဖွဲ့ဝင်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗကသများ အဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)၊ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD၊ People’s Defence Force (PDF)၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ (YCOWA) တို့ ပါဝင်သည်။

ဦးအောင်မင်းသည် ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ)၊ မဇ္ဈိမသတင်းဌာန နှင့် ဧရာဝတီသတင်းဌာန တို့မှ တာဝန်ရှိသူများနှင့်လည်း တနင်္လာနေ့က လက်ခံ တွေ့ဆုံခဲ့သေး သည်။ တနင်္ဂနွေနေ့ကလည်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်သီးခြား တွေ့ဆုံ ဆွေးခဲ့ကြသေးသည်။

Mizzima
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India