July 29, 2012

၀န်ကြီး ဦးအောင်မင်း နယ်စပ်အခြေစိုက်အဖွဲ့ တချို့နဲ့တွေ့

By မသိင်္ဂီထိုက်

ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ လက်နက်ကိုင် အဖွဲ့တချို့နဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ ဒီကနေ့ ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးကြပေမဲ့ အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက်တွေတော့ မရရှိသေးပါဘူး။ ဒါပေမဲ့ အပြုသဘော ဆွေးနွေးမှုတွေ ရှိခဲ့ပြီးတဲ့နောက် နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်ဖို့လည်း ရှိနေပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဟာ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ဘက်က အပစ်အခတ် ရပ်စဲရေး အတွက် တောင်းဆိုချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်သူ PNLO ရဲ့ အတွင်းရေးမှူးက ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် ကျနော်တို့ ပဏာမ သဘောတူညီချက်ကို ရယူဖို့ ဆိုတဲ့အချက် ဖြစ်ပါတယ်။ နောက်တစ်ချက်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြည်ထောင်စု အစိုးရက တရားဝင် ကြေညာပေးဖို့ ဖြစ်ပါတယ်။ တပြည်လုံး အပစ်အခတ် ရပ်စဲပြီးတဲ့အချိန်ကနေ ရပ်ပေါင်း ၆၀ အတောအတွင်းမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ အဲဒီကနေတဆင့် နိုင်ငံရေး အင်အားစုတွေ ပါ၀င်တဲ့ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ပအို့ဝ် အမျိုးသားတွေ နေထိုင်ရာ ဒေသတွေမှာ ဆက်ဆံရေးရုံးတွေ ထားရှိဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ် နိုင်ငံရေး ဆွေးနွေးနိုင်ဖို့အတွက် ပအို့ဝ်အမျိုးသား နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်လာဖို့အတွက်ကို ပအို့ဝ် အမျိုးသားအဖွဲ့ PNLO အပါအဝင် ပအို့ဝ် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်ဖို့။”
ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ကတော့ ဒီအချက်တွေထဲက တချို့ အချက်တွေကို သူ့အနေနဲ့ သဘောတူလို့ မရဘဲ သမ္မတဆီကို တင်ပြပေးပါ့မယ်လို့ ပြောဆိုတဲ့ အကြောင်းလည်း ဆွေးနွေးပွဲ တက်ရောက်သူ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ တပြိုင်နက်တည်း တွေ့ဆုံဆွေးနွေးခွင့် တောင်းတာကို မြန်မာ အစိုးရဘက်က ငြင်းပယ်တာကြောင့် အခုလို တစ်ဖွဲ့ချင်း တွေ့ဆုံရတာ ဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။

ပြည်ပမှာ လှုပ်ရှားနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနဲ့လည်း မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့တို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ တာမှာတော့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိတယ်လို့လည်း ပြည်ပရောက် အတိုက်အခံ အင်အားစုတွေနဲ့ မြန်မာအစိုးရ အကြား စေ့စပ်ဆွေးနွေးရေး ဆောင်ရွက်နေတဲ့ NLD-LA က ဦးညိုအုန်းမြင့်က ပြောပါတယ်။

“လူ့ဘောင်သစ်ပါတီဘက်က တင်ပြတဲ့ အချက်တစ်ခုကတော့ ပြည်တွင်းမှာ နိုင်ငံရေးကို ပြန်ပြီးတော့ ဆောင်ရွက်ချင်တယ်။ ဒီကိစ္စအပေါ်မှာလည်း ၀န်ကြီးကနေ ဒါကို ကူညီမယ်ဆိုတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ပြည်ထောင်စု အစိုးရဘက်ကနေ ပြီးတော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ပူးပေါင်း ပါ၀င်လာနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ပထမဆုံး ဖော်ဆောင်တယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ ပြန်ပြီးတော့ ညှိနှိုင်းရမယ့်အချက်တွေ တချို့ ရှိပါတယ်။ လူ့ဘောင်သစ် ပါတီဘက်ကနေ ဒီနေ့မှာ ဥက္ကဋ္ဌရော အလုပ်အမှုဆောင်တွေ အားလုံး ပါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ နိုင်ငံရေး ပြန်လုပ်ချင်တယ်

ဆိုတဲ့အချက်က နှစ်ဘက်စလုံးအတွက်က ပြန်ပြီး ဆွေးနွေးရမယ့်အချက်လို့ ကျနော် ထင်ပါတယ်။ ဒီဟာကို ရက်ကို မသတ်မှတ်ဘဲနဲ့ နှစ်ဘက်စလုံးရဲ့ သဘောတူညီချက်ကတော့ အပြန်အလှန် စာနဲ့ပဲ ဆက်သွယ် သွားပြီးတော့ အရေးကြီးတဲ့အချိန်မှာ ပြန်တွေ့ဖို့ နှစ်ဘက်စလုံးကနေ သဘောတူပါတယ်။”

တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက် တစုံတရာ မရပေမဲ့လို့ နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်ဆောင်ဖို့တော့ သဘောတူခဲ့ကြပါတယ်။ တနင်္လာနေ့မှာလည်း ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေတဲ့ အဖွဲ့တချို့နဲ့လည်း ဆွေးနွေးပွဲတွေ လုပ်ဖို့ ရှိပါတယ်။

VOA
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India