2012-08-23
ထိုင်း မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လွင်ကလည်း ဆောက်လုပ်မယ့် နေရာကို သတ်မှတ်ပြီးပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ဇွန်လက နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ အဆိုပြုခဲ့တဲ့နေရာ သုံးနေရာထဲက လက်ရှိ တံတားရဲ့ မြောက်ဘက် သုံးမိုင် အကွာနေရာကို ရွေးချယ်ထားကြောင်း ပြောဆိုပါတယ်။
http://www.rfa.org/burmese/news/myawaddy-mae-sot-second-bridge-08232012205640.html